သီပေါမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော တပ်မိသားစုဝင် (၁၉၁) ဦးကို PSLF/TNLA ပြန်လွှတ်ပေး

RNA_အောက်တိုဘာ(၁၅)၊၂၀၂၄ ခုနှစ်။

ရှမ်းမြောက်၊ သီပေါမြို့သိမ်းတိုက်ပွဲအတွင်း သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း(၅၀၃) နှင့် (၅၀၄) စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုဝင် (၁၉၁) ဦးကို PSLF/TNLA မှ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့ပေါ်တွင် နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၂၃ တပ်စခန်းအား အောက်တိုဘာလ ၁၂ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

သီပေါမြို့ရှိ စစ်ကောင်စီ၏ (၅၀၃)တပ်စခန်းအား တအာင်းတပ်မတော်မှ စက်တင်ဘာ ၂၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ အိမ်ထောင်စု (၃၈) စုရှိ ကျား(၁၁)ဦး၊ မ (၄၈)ဦး၊ ကလေး (၄၃) စုစုပေါင်း တပ်မိသားစုဝင် (၁၀၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် (၅၀၄) တပ်စခန်းအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ အိမ်ထောင်စု(၃၄)စုရှိ ကျား(၁၆)ဦး၊ မ (၃၉)ဦး၊ ကလေး (၃၄) ဦးစုစုပေါင်း တပ်မိသားစုဝင် (၈၉)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်ဟု TNLA ကထုတ်ပြန်ထားသည်။

#RedNewsAgency #RNA

By RNA Editor