သတင်း

ရေမဆေးကျောက်ရှာသူတစ်ဦး ချောင်းကမ်းပါးမှ ပြုတ်ကျသေဆုံး

ရေမဆေးကျောက်ရှာသူတစ်ဦး ချောင်းကမ်းပါးမှ ပြုတ်ကျသေဆုံး

RNA_ဖားကန့်၊ ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မော်မောင်းလျံ-တောင်ပြိုကျေးရွာဘက်ခြမ်းရှိ ယခင် ပိုင်ဖြိုးသီဟ ကုမ္ပဏီမြေစာပုံဟောင်းအောက်ရှိ ရေချောင်းကမ်းပါးတွင် ယနေ့နေ့လယ် (၁၂)နာရီ ဝန်းကျင်ခန့်က ရေမဆေးကျောက်ရှာသူ တစ်ဦး ကမ်းပါးပြိုကျပြီး ရေချောင်းအောက်သို့ပြုတ်ကျ သေဆုံးသွားကြောင်း သိရသည်။ ​သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ ရပ်မိ/ရပ်ဖများနှင့် တာဝန်ရှိသူ များထံ မိသားစုမှ ဆက်သွယ်လာခြင်းမရှိသေးပဲ သူငယ်ချင်း မိသားစု ဆွေမျိုးအသိုင်းအဝန်းမှ ဆက်သွယ်လာရန် စောင့်ဆိုင်းနေသည့်အတွက် ရုပ်အလောင်းအား သုဿာန်သို့မပို့ဆောင်ရသေးကြောင်း တောင်ပြိုကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးထံမှ သိရသည်။ (more…)
Read More
တပ်ရင်းဌာနချုပ်နှင့် မောရဝတီဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဟု AA ကြေညာ

တပ်ရင်းဌာနချုပ်နှင့် မောရဝတီဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဟု AA ကြေညာ

RNA_ဇွန်(၁၅)၊၂၀၂၄ ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာ၊ နခေါင်းတိုစခန်းတို့ကို ဇွန်လ ဒုတိယပတ်အတွင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု အာရက္ခတပ်တော်-AA က ယမန်နေ့ညပိုင်းက ထပ်မံကြေညာခဲ့သည်။ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော် သေဆုံးခဲ့ကြောင်း၊ နခခ (၄) တပ်ရင်းဌာနချုပ် အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊ အလယ်သံကျော်စခန်း အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၆) မိနစ် အချိန်တွင်လည်းကောင်း၊ မောရဝတီဗျူဟာ အား ဇွန်လ…
Read More
ဖားကန့်၌ ကမ်းပါးပြိုကျသည့်အတွက် ကျောက်တူးနေသူ (၃)ဦး ဒဏ်ရာရပြီး (၁)ဦး သေဆုံး

ဖားကန့်၌ ကမ်းပါးပြိုကျသည့်အတွက် ကျောက်တူးနေသူ (၃)ဦး ဒဏ်ရာရပြီး (၁)ဦး သေဆုံး

RNA_ဖားကန့်၊ဇွန်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်း သာယာကုန်းကမ်းပါး ပြိုကျမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ချိန် ကမ်းပါးနံရံတွင်ကပ်လျက် ကျောက်တူးနေသူ (၄) ဦး မြေစာနှင့်အတူ ကမ်းပါးအောက်ခြေသို့ ပြုတ်ကျခဲ့ပြီး (၃) ဦး ဒဏ်ရာရရှိကာ (၁) ဦးမှာ မြေစာပိ သေဆုံးသွားခဲ့သည်။ ကျောက်တူးနေစဉ် ကမ်းပါးပြိုကျ၍ မြေစာပိ သေဆုံးသူနှင့် ဒဏ်ရာရသူများသည် ဒေါ်ခမ်းပေါင်း လုပ်ကွက်မှ ကျင်းသားများဖြစ်ကြောင်း၊ ဖားကန့်၌ မိုးရာသီ လမ်းများပျက်စီးပြီး ကျင်းများသည် ရေကန်အဖြစ်ပြောင်းလာချိန် နွံရေများပြည့်လာပြီး ဘက်ဟိုးနှင့်မြေသယ်ယာဉ် စက်ယန္တရားများ အသုံးပြုရန် ခက်ခဲလာသည့်အတွက် လုပ်ကွက်ပိုင်ရှင်များက အစုပုံစံဖြင့် ကျင်းသားများကို ကမ်းပါးယံများတွင်…
Read More
အသက် (၅) နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သူကို KIO/KIA တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့

အသက် (၅) နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သူကို KIO/KIA တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့

RNA_ဖားကန့်၊ ဇွန်( ၁၃)၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာ ၌ အသက် (၅) နှစ်အရွယ် မိန်းကလေးငယ်အား မုဒိမ်းမှုကျူးလွန်ခဲ့သူ အသက် (၁၇)နှစ် အရွယ် ယောင်္ကျားလေးအား KIO/KIA အုပ်ချုပ်ရေး တိုက်နယ်မှ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးသွားပြီဖြစ်ကြောင်း သိရသည်။ ကလေးငယ်၏ မိဘများက KIO/KIA အုပ်ချုပ်ရေးထံ တိုင်ကြားခဲ့သော်လည်း အမှုဖြစ်စဉ်အတွင်းမှ ဆေးလက်မှတ်အပါအဝင် လိုအပ်သည့် သက်သေများ ပြည့်စုံနေသည့်အတွက် တိုင်ကြားခံရသူအား ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ ကျူးလွန်ခံရသူသည် အသက်(၅)နှစ်အရွယ်၊ မိန်းကလေးဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်ကတည်းက မသင်္ကာသဖြင့် မိန်းကလေးမိဘများက ဆေးစစ်ခဲ့ရာ ဆေးလက်မှတ်တွင် ကျူးလွန်ခံထားရသည်ဟု ဖော်ပြကြောင်း၊…
Read More
တိုင်းစစ်ဌာနချုပ်အနီး ကာကင်းစခန်းကိုတော်လှန်ရေးအင်အားစုများ ဝင်တိုက် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ

တိုင်းစစ်ဌာနချုပ်အနီး ကာကင်းစခန်းကိုတော်လှန်ရေးအင်အားစုများ ဝင်တိုက် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ

RNA_ဇွန်(၁၂)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ - ရေဦး အဝေးပြေးလမ်းမကြီး အနီးရှိိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် တစ်မိုင်ခန့်ဝေးသည့် ကာကင်းစခန်းအား ဒေသခံတော်လှန်ရေးအင်အားစုများက ဝင်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၂၀)ခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ထံမှ သိရသည်။ စစ်ကောင်စီ၏ နမခအား ဇွန်လ ၁၁ ရက်နေ့က ညနေ ၅ နာရီခန့်က ယင်းမာပင်မြို့နယ် ပကဖ ( ULF စစ်ကြောင်းမှုး ) ဦးစီးသော ‌ကာကွယ်ရေးတပ်ဖွဲ့များက မိနစ် ၃၀ ခန့်တိုက်ခိုက်ပြီး ကာကင်းစခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား အများအပြားထွက်ပြေးကြကြောင်း၊ သုံ့ပန်း…
Read More
ပုလဲမြို့ အဝင်အထွက်ကို တော်လှန်ရေးအင်အားစုများက ပိတ်ချလိုက်ပြီ

ပုလဲမြို့ အဝင်အထွက်ကို တော်လှန်ရေးအင်အားစုများက ပိတ်ချလိုက်ပြီ

RNA_ဇွန်(၁၁)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အဝင်အထွက်လမ်းများကို အသုံးပြုပြီး ခရီးသွားပြည်သူများ အသုံးမပြုတော့ရန် ၊ မြို့တွင်းရှိစစ်ကောင်စီတပ်များကို ဒေသတွင်းသတင်းအချက်အလက် ဖြတ်တောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် လမ်းမရှိ သစ်ပင်ကြီးများလှဲချပြီး ပိတ်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပုလဲမြို့တွင်းရှိ စစ်ကောင်စီတပ်များ အထိုင်ချနေရာများကို တော်လှန်ရေးအင်အားစုများက ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး မကြာခဏတိုက်ခိုက်လေ့ရှိသော်လည်း ခရီးသွားပြည်သူများ ပုလဲမြို့အတွင်းကို အဝင်မခံတော့သည်မှာ ပြီးခဲ့သည့် တပတ်အတွင်းလုပ်ဆောင်ခဲ့ပြီး ယမန်နေ့ကတော့ အထွက်ကိုပါ ပိတ်ချလိုက်ပြီဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။ (more…)
Read More
ဇွန်လ ပထမပတ်အတွင်း ရခိုင်ပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးပြီး စစ်ကောင်စီစခန်းများကို AA ဆက်လက်သိမ်းပိုက်နေ 

ဇွန်လ ပထမပတ်အတွင်း ရခိုင်ပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးပြီး စစ်ကောင်စီစခန်းများကို AA ဆက်လက်သိမ်းပိုက်နေ 

RNA_ဇွန်(၈)၊၂၀၂၄ ခုနှစ်။  ရခိုင်ပြည်နယ်၊ ဘူသီးတောင်နှင့်နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်း (၆) ခုကို အနည်းဆုံးသိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်ကာ ဇွန်လ ပထမ ပတ်အတွင်း စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။  မောင်တောမြို့နယ်က တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း၊ နခခ စခန်းတိို့ကို ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အတွင်း သိမ်းပိုက်ရရှိခဲ့ပြီး၊ မောင်တောမြို့နယ် မကျည်းပင်ကုန်းကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ကုန်းနှစ်ကုန်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကိုလည်း ဇွန်လ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA ၏ ယမန်နေ့ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ …
Read More
မုံရွာ စက်မှုဇုန်တိုက်ပွဲအတွင်း သေနတ်တက်ကောက်စဉ် ဒဏ်ရာရရှိခဲ့သည့်ရဲဘော် ကျဆုံး

မုံရွာ စက်မှုဇုန်တိုက်ပွဲအတွင်း သေနတ်တက်ကောက်စဉ် ဒဏ်ရာရရှိခဲ့သည့်ရဲဘော် ကျဆုံး

RNA_ဇွန်(၆)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်အတွင်း စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေဆုံးပြီး သေနတ် (၂) လက်သိမ်းဆည်းရမိခဲ့သည့် တိုက်ပွဲတွင် သေဆုံး စစ်ကောင်စီတပ်သားအနီးမှ သေနတ်တပ်ကောက်စဉ် ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် Monywa The Boys တပ်ဖွဲ့ဝင် ရဲဘော် IC ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းဆုံအနီး တိုက်ပွဲတွင် သေဆုံးစစ်ကောင်စီတပ်သားအနီးမှ လက်နက်တက်ကောက်သည့်ရဲဘော် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး ဇွန်လ (၅) ရက်နေ့က ကျဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း -Chindwin Attack Force ထံမှ သိရသည်။ (more…)
Read More
NLD နာယက ဦးတင်ဦး ဈာပန မြင်ကွင်း

NLD နာယက ဦးတင်ဦး ဈာပန မြင်ကွင်း

RNA_ဇွန်(၅)၊၂၀၂၄ ခုနှစ်။   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ နာယက၊ ကာကွယ်ရေးဦးစီးချုပ် (ဟောင်း) သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ ယနေ့ (ဇွန်လ ၅ ရက်) ပြုလုပ်ခဲ့သည်။ [embedyt] https://www.youtube.com/watch?v=PCN6QI5Jj_U[/embedyt] Red News Agency
Read More
စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အရပ်သားများကို စစ်ကောင်စီတပ်သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အရပ်သားများကို စစ်ကောင်စီတပ်သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

RNA_ဇွန်(၃)၊၂၀၂၄ ခုနှစ်။   ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ အရပ်သားများကို စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးပြီီး (၅၀) ကျော် သတ်ဖြတ်ခဲ့သည့်အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ပြင်းထန်စွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။   စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစ အဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်ဖွဲ့ဝင်များနှင့် အခြားသောတပ်ရင်းမှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ၏ သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များအပါအဝင် အင်အား (၁၇၀) ကျော်စစ်ကြောင်းက ၂၀၂၄ ခုနှစ် မေလ (၂၉) ရက်နေ့တွင် ဗျိုင်းဖြူကျေးရွာအား ပိတ်ဆို့ပြီး ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား…
Read More