Tag: ချောက်မြို့

  • မြစ်အရှေ့ဘက်ခြမ်း စစ်ရေးအားကောင်းလာစေရန် ရွေ့လျားစစ်ကြောင်းများ လှုပ်ရှားနေ

    မြစ်အရှေ့ဘက်ခြမ်း စစ်ရေးအားကောင်းလာစေရန် ရွေ့လျားစစ်ကြောင်းများ လှုပ်ရှားနေ

    RNA_ ဇန်နဝါရီ(၂၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ မြစ်အရှေ့ဘက်ခြမ်းမြို့များဖြစ်သော မကွေးမြို့၊ ရေနံချောင်းမြို့စသည့်ဘက်များတွင် စစ်ရေးအားကောင်းလာစေရန် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရွေ့လျားစစ်ကြောင်းများအသုံးပြုပြီး နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားနေကြောင်း သိရသည်။

    မြစ်အရှေ့ဘက်ခြမ်းဖြစ်သော ရေနံချောင်းမြို့နှင့် မကွေးမြို့အတွင်း နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်သော Midland Dolphins Column (မြေလတ်လင်းပိုင်စစ်ကြောင်း) ကလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းရွေ့လျားစစ်ကြောင်းသည် နယ်မြေအတွင်း ရောက်ရှိလာသည်မှာ (၂) ဝန်းကျင်သာရှိသေးသည်ဟု သိရသည်။

    (more…)

  • အောင်ဆန်းရုပ်ရှင် ရေနံမြေသပိတ် ဖြိုခွင်းခံရပုံ ရေနံချောင်းတွင် ယနေ့ ရိုက်ကူး

    အောင်ဆန်းရုပ်ရှင် ရေနံမြေသပိတ် ဖြိုခွင်းခံရပုံ ရေနံချောင်းတွင် ယနေ့ ရိုက်ကူး

    ရေနံချောင်း၊ ဇန်နဝါရီ ၁၆ ရက်။

    မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့၌‌ အောင်ဆန်းရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သည့် ရေနံမြေသပိတ် ဖြိုခွင်းခံရပုံ ဇာတ်ဝင်ခန်းကို ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဒါရိုက်တာ လူမင်းကိုယ်တိုင် ဦးစီးပြီး ဒေသခံများကို နေ့တွက်ခပေးကာ ဒေသခံ လူ ၅၀၀ ဝန်းကျင်သုံးပြိး ရေနံချောင်းတွင် ရိုက်ကူးခဲ့ကြောင်း သိရသည်။

    ယနေ့ ရေနံချောင်းတွင် ရိုက်ကူးခဲ့သည့် ဇာတ်ဝင်ခန်းမှာ ၁၃၀၀ ပြည့် အရေးတော်ပုံ ရေနံြမေသပိတ်ကို ဖြိုခွင်းခံရပုံဖြစ်ကြောင်း၊ ဒေသခံများကို နံနက် ၇ နာရီမှစတင်ခေါ်ယူပြီး နေ့လည်ပိုင်းတွင် ရိုက်ကူးကြောင်း၊ ဒေသခံများကို နေ့တွက်ခ တဦးလျှင် တစ်သောင်းနှုန်းပေးကြောင်း၊ ဒေသခံများသည် ငွေကြေးထက် အောင်ဆန်း ရုပ်ရှင်တွင် တဒေါင့်တနေရာမှ ပါဝင်ရရေး၊ ဒေသပုံရိပ်မြှင့်တင်ရေးတို့ကိုသာ စိတ်ဝင်စားကြောင်း ရေနံချောင်းဒေသခံ tommorowဂျာနယ် သတင်းထောက် ဦးအောင်ကျော်ဦးကပြောသည်။

    “ဂန္တဝင်ရိုက်ရုင်ဇာတ်ကားကိုပါဝင်ခွင့်ရတဲ့အတွက်အများစုကကျေကျေနပ်နပ်လက်ခံတယ်၊တိုက်တိုက်ဆိုင်ဆိုင်အောင်ဆန်းရုပ်ရှင်ဇာတ်ကားကလည်းဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်း‌ကြောင်းထဲမှာလည်းမြန်မာနိုင်ငံလွတ်လပ်ရေးထဲမှာလည်းရေနံချောင်းကအဓိကပါနေတာကို၊ဒီအောင်ဆန်းရိုက်ရှင်ကားကနေပြီးတော့ကျွန်တော်တို့ဒေသရဲ့ပုံရိတ်ကိုတစ်နိုင်ငံလုံးကောတစ်ကမ္ဘာလုံးသိရှိသွားမှာဂုဏ်ယူဝမ်းမြောက်မိပါတယ် ” ဟု ၎င်းကပြောသည်။

    ရေနံချောင်းတွင် ရိုက်ကူးသွားသည့် အောင်ဆန်းရုပ်ရှင် ဇာတ်ဝင်ခန်းတွင် ပုလိပ်နေရာ၊ ရေနံမြေသပိတ် ဆန္ဒပြနေရာ၊ သခင်ဖိုးလှကြီးနေရာများကို ဒေသခံ များကို သရုပ်ဆောင်ပြီး ရိုက်ကူးသွားကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=l8gmwwf5z9M[/embedyt]Red News Agency