သတင်း

လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ ပြန်နေ၍ မရသေးကြောင်း KNDF တာဝန်ရှိသူပြော

လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ ပြန်နေ၍ မရသေးကြောင်း KNDF တာဝန်ရှိသူပြော

RNA_ဇွန်(၂)၊၂၀၂၄ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း စစ်ကောင်စီလက်အောက်ခံများနှင့် KNDF ပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လွိုင်ကော်ဒေသခံပြည်သူများအနေဖြင့် ပြည်မရသေးဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောကြားထားသည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက လွိုင်ကော်မြို့တွင်းပြန်ဝင်၍ရပြီဟု ဝါဒဖြန့်နေကြောင်း၊ စစ်ကောင်စီလော်ဘီများ၏ စကားများကို ဒေသခံပြည်သူများ မယုံကြည်သင့်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိရှိကြရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လွိုင်ကော်မြို့တွင်းပြန်နေရန် မသင့်သေးကြောင်း သိရသည်။ (more…)
Read More
လွိုင်ကော်စစ်ကူလာနေသော စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များ လွိုင်လင်းလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

လွိုင်ကော်စစ်ကူလာနေသော စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များ လွိုင်လင်းလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

RNA_ဇွန် (၁)၊၂၀၂၄ ခုနှစ်။   ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ စစ်ကူလာနေသော စစ်ကြောင်းများနှင့်လည်း လွိုင်လင်လေးမြို့နယ်အတွင်း လွန်ခဲ့သည့်တပတ်ကျော်ကတည်းမှ ယနေ့ (ဇွန်လ ၁ ရက်) အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။   “စစ်ကောင်စီက အင်အားဖြည့်တာမျိုးတွေ တလျှောက်လုံးလုပ်နေတယ်။ အစောက ပြောသလို လွိုင်လင်းလေးနဲ့ လွိုင်ကော်ကြား တိုက်ပွဲဖြစ်တာက ဆီဆိုင်ဘက်ကနေလာနေတဲ့ စစ်ကြောင်းတွေပေါ့နော်။ အဓိက​တော့ လွိုင်ကော်မြို့ထဲကို အင်အားဖြည့်ချင်တဲ့ ပုံစံမျိုးပေါ့နော် အဲဒီစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်နေတာပေါ့။ လွိုင်လင်လေးဘက်က စစ်ကြောင်းတွေက လွိုင်ကော်မြို့ထဲ ဝင်ချင်နေတာပေါ့” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက Red News Agecny…
Read More
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက ဦးတင်ဦး ကွယ်လွန်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက ဦးတင်ဦး ကွယ်လွန်

RNA_ဇွန်(၁)၊၂၀၂၄ ခုနှစ်။   မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယက သူရဦးတင်ဦး (အသက် ၉၈ နှစ်)သည် ယနေ့ (ဇွန်လ ၁ ရက်) နံနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။   ဦးတင်ဦးသည် ၁၉၄၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၆ ရက်က မြန်မာ့တပ်မတော်ကို စတင် ဝင်ရောက်ခဲ့ပြီးနောက် ၁၉၇၄ ခုနှစ် မတ်လ ၈ ရက်မှစတင်ကာ ကာကွယ်ရေးဦးစီချုပ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၇၆ ခုနှစ် မတ်လ ၆ ရက်နေ့တွင် အနားယူခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် NLD စတင်တည်ထောင်ချိန်တွင်ပါဝင်ခဲ့ကြီး ၁၉၈၉ ခုနှစ် ဒီဇင်ဘာ…
Read More
မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ပြန်လည်ဖွဲ့စည်း

မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ပြန်လည်ဖွဲ့စည်း

RNA_မေ(၂၇)၊၂၀၂၄ခုနှစ်။ မွန်ပြည်ကြားကာလ (တော်လှန်ရေးကာလ) အုပ်ချုပ်ရေး အစီအမံများအား ဆောင်ရွက်ရန်် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယကြိမ် ညီလာခံပြီးသည့် နောက်ပိုင်း မွန်ပြည်(နယ်) တွင် အာဏာ (၃) ရပ်အား ကျင့်သုံးနိုင်ရန် (က) ဥပဒေပြုရေး ကော်မတီ (ခ) တရားရေး ကော်မတီနှင့် (ဂ) အုပ်ချုပ်ရေး ကော်မတီတို့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ပြန်လည်ဖွဲ့စည်းသည့် ပြည်ဖက်ဒရယ်ကောင်စီတွင် ဥက္ကဋ္ဌ နိုင်မွန်ဆိုင်း၊ ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေးဌာန ဌာနမှူး နိုင်ဒင်းပလဟံသာ၊ ပြည်ထဲရေးဌာန ဌာနမှူး နိုင်ပညာမာန်၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန ဌာနမှူး မိသုတဂျော်၊ ပညာရေးဌာန ဌာနမှူး မိမူဘဲ့၊ ကျန်းမာရေးဌာန ဌာနမှူး မိမငေးသဇင်၊…
Read More
တိုက်ပွဲအတွင်း ရဲဘော်များ ပြန်ဆုတ်နိုင်ရန် ကာပစ်ပေးပြီး ပြန်ဆုတ်စဉ် PLA နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင် ကျဆုံး

တိုက်ပွဲအတွင်း ရဲဘော်များ ပြန်ဆုတ်နိုင်ရန် ကာပစ်ပေးပြီး ပြန်ဆုတ်စဉ် PLA နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင် ကျဆုံး

RNA_မေ(၂၆)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလမ်အိုကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကင်းစခန်းကို ယနေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် စစ်ကူများရောက်ရှိလာသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရေး ကာပစ်ပေးပြီး ပြန်ဆုတ်စဉ် အနောက်မြောက်စစ်ဒေသ၏ ပါတီကလာပ်စီးအဖွဲ့ဝင် အမှတ် ၈၁၅ PLA တပ်ဖွဲ့ နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင် (ခ) ကိုအောင်သူရ ကျဆုံးခဲ့ရကြောင်း သိရသည်။ "ပြန်ဆုတ်စဉ် ရဲဘော်များ ပြန်ဆုတ်နိုင်အောင် အမှတ် ၈၁၅ PLA တပ်ဖွဲ့နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင်က ကာပစ်ပေးခဲ့တယ်။ ရဲဘော်အားလုံး ဆုတ်ခွာပြီးချိန်တွင် ရဲဘော်ထွန်းနိုင် ဆုတ်ခွာခဲ့တယ်။ ရဲဘော်ထွန်းနိုင် ဆုတ်ခွာစဉ် ရန်သူ့ကျည် ဦးခေါင်းကို ထိမှန်ခဲ့တယ်။ စကားပြောစက်တွင် ထိသွားပြီဟု ရဲဘော်များကို သတင်းပို့ခဲ့ပြီး ဘာမှမဖြစ်ဘူးလို့ ပြောခဲ့တယ်။…
Read More
အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် (၅) သိန်းကျော်တွင် (၈၀) ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်

အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် (၅) သိန်းကျော်တွင် (၈၀) ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်

RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။ တိုက်ပွဲအတွင်းမှ ဒေသခံပြည်သူများ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးနှင့် တိုက်ပွဲအတွင်း ကြားညပ်မသွားစေရေးအတွက် အာရက္ခတပ်တော် - AAအလုံးစုံထိန်းချုပ်ထားသောနယ်မြေအတွင်း စစ်ဘေးရှောင် ရောက်လာသူ (၅) သိန်းကျော်ရှိရာတွင် မူဆလင် (၈၀) ရာခိုင်နှုန်းနှင့် ရခိုင်နှင့် အခြားလူမျိုရစုမှာ (၂၀) ရာခိုင်နှုန်းရှိကြောင်း AAက ယနေ့ ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား ဆေးဝါးအပါအဝင် အခြေခံ အစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မိုးတွင်းကာလအတွက် အမိုးအကာ အိမ်သာများ အရေးတကြီး လိုအပ်လာမည်ဖြစ်သည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO…
Read More
အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။   အာရက္ခမြေတွင် ပထမဆုံးအကြိမ်အဖြစ် အာရက္ခတပ်တော် -AAမှ သင်တန်းသူ/သား (၃၂၆)ဦး ဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲများအကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။   အာရက္ခတပ်တော်၏ အမှတ်စဉ် (၃) အရာရှိလေ့ကျင့်ရေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ် ပြုအခမ်းအနားပြုလုပ်ခဲ့ပြီးနောက် (၁၁) ခန့်အကြာ ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့က သင်တန်းဆင်းနိုင်ခဲ့ကြောင်း၊…
Read More
တိုက်ပွဲကြီးအဆင့် တိုက်နိုင်သည့်အင်အားမျိုး ပြင်ဆင်နိုင်ခဲ့ပြီဟု ကိုသက်ကြီးပြော

တိုက်ပွဲကြီးအဆင့် တိုက်နိုင်သည့်အင်အားမျိုး ပြင်ဆင်နိုင်ခဲ့ပြီဟု ကိုသက်ကြီးပြော

RNA_မေ(၂၃)၊၂၀၂၄ ခုနှစ်။ မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း- Zero ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ယခုအချိန်တွင် တိုက်ပွဲ ၁၅ ကြိမ်လောက်ထိ ဆက်တိုက် တိုက်ခိုက်နိုင်သည့်အနေအထားဖြစ်နေပြီး တိုက်ပွဲကြီးများအဆင့်ထိ ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက Red News Agency ကို ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=b6TdRRCy4oU[/embedyt] Zero ပြောက်ကျားတပ်ဖွဲ့ ပျောက်နေသည်မှာ ၅ လဝန်းကျင်ကြာမြင့်ပြီဟု ပြောဆိုနေကြသော်လည်း အမှန်တကယ်တွင် တိုက်ပွဲများအတွက် လျှို့ဝှက်စွာ ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ အချိန်ယူခဲ့သည့် ၅ လအတွင်း အပြောင်းအလဲအများကြီဖြစ်ခဲ့ပြီး အားကောင်းအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်ဟု စသဖြင့် ကိုသက်ကြီးက ပြောကြားထားသည်။ #RedNewsAgency
Read More
စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာဆန္ဒပြ

စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာဆန္ဒပြ

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။ စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် လူထု၏ အထွေထွေကြပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံရမှုများကြောင့် ယနေ့ ကဆုန်လပြည့်နေ့ ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ "လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင် စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရဲဘော်တဦးက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=mo9DHVEqIvQ[/embedyt] (more…)
Read More
စစ်အုပ်စုရှိသည့်နေရာကို လိုက်တိုက်မည်ဟု ဗိုလ်မိုက်ခဲပြော

စစ်အုပ်စုရှိသည့်နေရာကို လိုက်တိုက်မည်ဟု ဗိုလ်မိုက်ခဲပြော

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။   စစ်အုပ်စုရှိသည့်နေရာသည် Myingyan Black Tiger (MBT)တပ်ဖွဲ့၏ နေရာဖြစ်ပြီး စစ်အုပ်စုရှိသိသည့်နေရာကို လိုက်ခိုက်တိုက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြင်းခြံခရိုင်တပ်ရင်း (၉) Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=cO6pzgg9H0I[/embedyt]   Myingyan Black Tiger (MBT) တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့က ရဲဘော် (၇) ယောက်ဖြင့် စတင်တည်ထောင်ခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့က တပ်ဖွဲ့ တည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့သော်လည်း နယ်မြေမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့်…
Read More