သတင်း

ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

RNA_ဧပြီ(၂)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းပိုင်းအချို့တွင် စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခွန်ကောက်ခံရန်သတ်မှတ်ထားသော နေရာများမှလွဲ၍ အခွန် ကောက်ခံခြင်း ဆက်ကြေးတောင်းခံခြင်း လုံးဝ(လုံးဝ) ဆောင်ရွက်ခွင့်မပြုကြောင်း အမိန့် ထုတ်ပြန်ထားသည်။ တော်လှန်ရေးကာလတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူ လူထုအား ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် အခွန်အခကောက်ခံခြင်းနှင့် ပြန်ပေးဆွဲခြင်း၊ ဓါးပြတိုက်ခြင်းဖြင့် ရန်ပုံငွေရှာဖွေခြင်းသည် မှားယွင်းသောနည်းလမ်းဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၏ စည်းလုံးမှုကိုအသုံးချ၍ စုပေါင်းစိုက်ပျိုး/မွေးမြူရေး၊ စုပေါင်းကုန်ထုတ်စနစ်များဖော်ဆောင်၍ ရန်ပုံငွေရရှိအောင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

RNA_ဧပြီ(၂)၊၂၀၂၄ခုနှစ်။  အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်တွင်း ရောက်လာသူများအနေဖြင့် ရဲဘော်ဖြစ်လာသည့်အတွက် တိုက်ပွဲဝင်ရတော့မည်ဖြစ်ပြီး အာဏာရှင်စနစ်ကို မနိုင်မချင်းတိုက်ခိုက်ကြမည်ဟု Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ရဲဘော်များကို အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြောကြားထားသည်။  စစ်မှုထမ်းဥပဒေအတည်ပြုပြီး စစ်မှုမထမ်းလိုသည့် လူငယ်တချို့သည် နီးစပ်ရာ PDF တပ်ဖွဲ့များကို ဆက်သွယ်ကာ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ကြရန် လုပ်ဆောင်နေကြပြီး၊ Myingyan Black Tiger (MBT) တပ်ဖွဲ့ ရောက်ရှိလာသည့် လူငယ်များပါဝင်သည့် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၉) သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းပွဲအခမ်းအနားအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်ဟု မတ်လ ၂၉ ရက်နေ့က ကြေညာထားသည်။ #RedNewsAgency
Read More
PRA-Magway ရဲဘော်များ AA နှင့်အတူ တိုက်ပွဲဝင်နေ

PRA-Magway ရဲဘော်များ AA နှင့်အတူ တိုက်ပွဲဝင်နေ

RNA_မတ်(၃၀)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းအခြေစိုက်၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (People's Revolution Alliance - PRA - Magway) ရဲဘော်များအနေဖြင့် AA နှင့်အတူ တိုက်ပွဲဝင်နေပြီး၊ ရှေ့တန်းရောက်နေသည့်အတွက် (၃) နှစ်ပြည့်အခမ်းအနားကို မကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။   PRA - Magway ရဲဘော်များသည် ရက္ခိုင့်တပ်တော်နှင့်အတူ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း၊ ယခုရက်ပိုင်းအတွင်း ငဖဲမြို့နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်နှင့်အတူ PRA - Magway များ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် - AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။ (more…)
Read More
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တပ်စခန်း (၆၅) ခုကိုသိမ်းပိုက်နိုင်ပြီးနောက် မြို့ (၇) မြို့ကို ထိန်းချုပ်ထား

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တပ်စခန်း (၆၅) ခုကိုသိမ်းပိုက်နိုင်ပြီးနောက် မြို့ (၇) မြို့ကို ထိန်းချုပ်ထား

RNA_မတ်(၂၃)၊၂၀၂၄ခုနှစ်။ ၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနှင့် မော်ချီး၊မိုးဗြဲ၊ နန်းဖယ်ခုံပါဝင်သည့် မြို့(၇)မြို့ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ထိန်းချုပ်နိုင်ခဲ့ပြီးအကြမ်း ဖက်စစ်ကောင်စီ၏ တပ်စခန်း (၆၅) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး (၁၁၁၁) စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့ပါသည်။ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီ တပ်စခန်းများမှာ လွိုင်ကော်မြို့နယ်တွင် စခန်း (၁၂) ခု၊…
Read More
စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို သိမ်းပိုက်ပြီီးနောက်တွေ့ရှိရသည့် မြင်ကွင်း

စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို သိမ်းပိုက်ပြီီးနောက်တွေ့ရှိရသည့် မြင်ကွင်း

RNA_ဖားကန့်၊ မတ်(၁၈)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံရွာအခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို KIA/KPDF ရဲဘော်များ သိမ်းပိုက်ရရှိထားပြီးနောက် စခန်းကုန်းနှင့်လက်နက်ခဲယမ်းများကို မြင်တွေ့ရသည့် မြင်ကွင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ တာမခံစခန်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းမှာ စခန်းစွန့်ခွါထွက်ပြေးသွားခဲ့သည့်အတွက် တာမခံစခန်းကို KIA/KPDF များက မတ်လ (၉) ရက်နေ့ကတည်းက သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း၊ တာမခံစခန်းမှ ဒုတပ်ရင်းမှူး နန္ဒလင်းမှာ ကသိုဏ်းတောင်စခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း၊ တာမခံစခန်း မစွန့်ခွါမီ တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်သားအလောင်းများပါ တွေ့ရှိခဲ့ကြကြောင်း KPDF သတင်းရင်းမြစ်ထံမှ သိရသည်။ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံများသည် စခန်းစွန့်ခါမှုများနှင့်အတူ ပူးပေါင်းစခန်းများပါ KIA/KPDF များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်မှုများရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံများလည်း သေဆုံးမှုများရှိပြီး စစ်ကောင်စီဘက်မှလေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများရှိခဲ့ကြောင်း၊…
Read More
ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်တစ်ခုအပေါ် နွံကန်ပေါက်ကျပြီး (၃၀) ဦးထက်မနည်း သေဆုံး

ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်တစ်ခုအပေါ် နွံကန်ပေါက်ကျပြီး (၃၀) ဦးထက်မနည်း သေဆုံး

RNA_ဖားကန့်၊ မတ် (၁၂)၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာနှင့် မနကျေးရွာအစပ်နေရာရှိ ကျောက်တူးဖော်နေသည့် လုပ်ကွက်တစ်ခုအပေါ် အထက်ဘက်မှ ရွှံ့နွံကန်ပေါက်ကျပြီး လုပ်ကွက်ဝန်ထမ်း (၃၀)ဦးထက်မနည်း သေဆုံးမှု ယနေ့ နံနက် (၄)နာရီခန့်က ဖြစ်ပွားခဲ့သည်။ ရွှံ့နွံကန်ပေါက်ကျခဲ့သည့် လုပ်ကွက်အတွင်းမှ ကိုဖြိုးဝေ (ယာဉ်မောင်း) အသက်(၂၅) နှစ်၊ ကျော်ဇင်ဝိုင်း (ကြီးကြပ်) အသက် (၂၈)နှစ်၊ ဟိန်းမင်းလတ် (ဘက်ဟိုးမောင်း) အသက် (၃၂)နှစ်၊ စည်သူမျိုး (မိုင်းအဖွဲ့) အသက်(၁၉) နှစ်တို့ (၄)ဦးသာ အသက်ရှင်လျှက် လွတ်မြောက်ခဲ့သည်။ (more…)
Read More
ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်တိုင် ဖြိုချဖျက်ဆီးခံရ

ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်တိုင် ဖြိုချဖျက်ဆီးခံရ

RNA_မတ်(၉)၊၂၀၂၄ ခုနှစ်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပြည်သူ့ ပန်းခြံအတွင်းရှိ ရှစ်လေးလုံး (၈၈၈၈) ပြည်သူ့အရေးတော်ပုံ အထိမ်းအမှတ် ကျောက်တိုင်ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက မတ်လ (၈) ရက်နေ့ ည (၁၁) နာရီဝန်းကျင်က ဖြိုချဖျက်ဆီးသွားကြောင်း သိရသည်။ "ညက အဖြိုခံရတာ အခုမနက်တော့ စခတွေ အများကြီး အပေါ်ပိုင်းက ပျက်စီးသွားပြီ အောက်ပိုင်းကျန်သေးတယ်၊ အခု ကန်ကို ပိတ်ထားတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတဦးက ပြောသည်။ ဓာတ်ပုံ : ၈၈ မျိုးဆက် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့ ၃၂ နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံနေ့က ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံအထိမ်းအမှတ် ကျောက်တိုင်ကို ဂါရဝပြုခဲ့စဉ် တွေ့ရသည့်…
Read More
တာမခံဗျူဟာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အင်အား (၆၀)ခန့် ချေမှုန်းခံရ

တာမခံဗျူဟာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အင်အား (၆၀)ခန့် ချေမှုန်းခံရ

RNA_ဖားကန့်၊ မတ် (၅) ရက်၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပိုင်း ဖားကန့်နှင့် စစ်ကိုင်းတိုင်းအစပ်ဒေသ တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA (ရှမ်းနီလက်နက်ကိုင်တပ်) တို့ ပူးပေါင်း အထိုင်စခန်းကို ထိုးစစ်ဆင်နေစဉ် စစ်ကူတက်လာသည့် စစ်ကောင်စီတပ် အင်အား (၆၀) ပါစစ်ကြောင်း ချေမှုန်းခံလိုက်ရကြောင်း ယနေ့ KPDF သတင်းရင်းမြစ်က Red News Agencyကို အတည်ပြုပြောကြားထားသည်။ တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA တို့ ပူးပေါင်းအထိုင်စခန်းကိုဖေဖော်ဝါရီ (၂၅) ရက်နေ့မှစ KIA/KPDF များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မတ်လ(၃)ရက်နေ့က ဖားကန့်-နမ့်မှော်ကျေးရွာ သံသုံးတောင်ဘက်မှ တာမခံဘက်သို့ အင်အား (၆၀)ခန့်ရှိ တပ်ကူစစ်ကောင်စီ၏ စစ်ကြောင်းကို တာမခံကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားချိန်…
Read More
သတင်းသမား ဖိုးသီဟအပါအဝင် ပြည်သူ (၇) ဦးကို သတ်ထားသူများအား စစ်သုံ့ပန်းအဖြစ် AA ဖမ်းဆီးထား

သတင်းသမား ဖိုးသီဟအပါအဝင် ပြည်သူ (၇) ဦးကို သတ်ထားသူများအား စစ်သုံ့ပန်းအဖြစ် AA ဖမ်းဆီးထား

RNA_ဖေဖော်ဝါရီ(၂၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ခမရ (၃၇၈) ဗဟိုကင်းအချုပ်တွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ အပါအဝင် ပြည်သူ (၇) ဦးကို သတ်မိန့်တိုက်ရိုက်ပေးခဲ့သည့် ဗိုလ်မှူးသိန်းထိုက်စိုး၊ ခွင့်ပြုချက်ပေးသူ ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ သတ်ဖြတ်သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးအာကာမြင့် တို့ကို ရက္ခိုင့်တပ်တော်-AAက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသည်။ မြောက်ဦး ခမရ ၃၇၈ ဌာနချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားသည့် သတင်းသမား တဦးအပါအဝင် ပြည်သူ (၇) ဦးကို ခမရ ၃၇၈ တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးက ပစ်သတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး၊ မြောက်ဦးခရိုင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးက ခွင့်ပြုခဲ့သည့်အတွက်၊ ခမရ ၃၇၈ မှ…
Read More