RNA_ ဇန်နဝါရီ(၂၂)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မြစ်အရှေ့ဘက်ခြမ်းမြို့များဖြစ်သော မကွေးမြို့၊ ရေနံချောင်းမြို့စသည့်ဘက်များတွင် စစ်ရေးအားကောင်းလာစေရန် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရွေ့လျားစစ်ကြောင်းများအသုံးပြုပြီး နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားနေကြောင်း သိရသည်။
မြစ်အရှေ့ဘက်ခြမ်းဖြစ်သော ရေနံချောင်းမြို့နှင့် မကွေးမြို့အတွင်း နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်သော Midland Dolphins Column (မြေလတ်လင်းပိုင်စစ်ကြောင်း) ကလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းရွေ့လျားစစ်ကြောင်းသည် နယ်မြေအတွင်း ရောက်ရှိလာသည်မှာ (၂) ဝန်းကျင်သာရှိသေးသည်ဟု သိရသည်။
“ကျွန်တော်တို့က မကွေးတိုင်းပကဖရဲ့ ရွေ့လျားစစ်ကြောင်းဆိုတော့ မကွေးတိုင်းအတွင်းက ဒီနေရာပြီးနောက်နေရာတွေကို ဆက်ပြီးစိုးမိုးမှုတွေလုပ်သွားမှာပါ။ တိုင်းရုံးက တာဝန်ပေးလို့ ဒီကိုရောက်နေတာပါ” ဟု Midland Dolphins Column (မြေလတ်လင်းပိုင်စစ်ကြောင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
မကွေးတိုင်းအတွင်း မြစ်အနောက်ဘက်ခြမ်းဖြစ်သော မင်းဘူးမြို့၊ ပွင့်ဖြူမြို့၊ စလင်းမြို့၊ ဆင်းဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့နယ်များအား စစ်ရေးအားကောင်းပြီး တော်လှန်ရေးအင်အားစုများမှာ စိုးမိုးနယ်မြေများရရှိထားပြီဖြစ်ကြောင်း၊ မြစ်အရှေ့ဘက်ခြမ်းဖြစ်သော ချောက်၊ စလေ၊ ရေနံချောင်းမြို့နှင့် တိုင်းမြို့တော် မကွေးမြို့တို့တွင် စစ်ရေးအားကောင်းလာအောင် လုပ်ဆောင်နေကြောင်း၊ ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့တွင် ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သော်လည်း မြစ်အနောက်ဘက်လောက် တိုက်ပွဲမဖြစ်ပွားခဲ့ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများထံံံမှ သိရသည်။
#RedNewsAgency #REDNEWS #RNA