Tag: မန်းရွှေစက်တော်

  • ပုသိမ် – မုံရွာလမ်း စိုးမိုးနိုင်ရေး လုပ်ဆောင်နေသော စစ်ကောင်စီတပ်ကို အပြင်းအထန် ခုခံမည်ဟု ပွင့်ဖြူ PDF ပြော

    ပုသိမ် – မုံရွာလမ်း စိုးမိုးနိုင်ရေး လုပ်ဆောင်နေသော စစ်ကောင်စီတပ်ကို အပြင်းအထန် ခုခံမည်ဟု ပွင့်ဖြူ PDF ပြော

    RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားသွားသည့် ပုသိမ် – မုံရွာလမ်းပိုင်းတွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးရေး ရရှိရန် လုပ်ဆောင်နေမှုများကို အပြင်းအထန် ခုခံသွားမည်ဟု မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း (People Defence Force – Pwintbyu)က ပြောကြားထားသည်။

    “ရွှေစက်တော်ဘုရားပွဲကလည်း စဖို့ ဘုရားငွေမျှော်နေသူတွေက ဆိုင်းပြင်းနေကြပြီ။ ဒီဘုရားပွဲစတင်နိုင်ဖို့အတွက် မီးရှို့ခံရတဲ့ ကျေးရွာတွေလည်းရှိတယ်။ ရွှေစက်တော်က ဒုတိယဝင်ငွေအကောင်းဆုံးမလို့ စစ်ကောင်စီက မရရအောင်ဝါသဝရဲ့ပျူတွေနဲ့ လမ်းကြောင်းတစ်​လျှောက်စစ်ကြောင်းပြင်ဆင်မှုတွေလုပ်နေပြီ” ပွင့်ဖြူ PDF ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • စစ်ကောင်စီတပ် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည့်အတွက် ရွှေစက်တော်ဘုရားအနီး မသွားကြရန် မေတ္တာရပ်ခံ

    စစ်ကောင်စီတပ် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည့်အတွက် ရွှေစက်တော်ဘုရားအနီး မသွားကြရန် မေတ္တာရပ်ခံ

    RNA_ဇန်နဝါရီ(၇)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်းနှင့် ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ် အစပ်ရှိ ရွှေစက်တော်ဘုရားအနီးတွင် စစ်ကောင်စီတပ်မှ အင်အားဖြည့် ကြိုတင်ခံစစ်ပြင်နေပြီး ခရီးသွားပြည်သူများကို ပေါ်တာဆွဲ အဓမ္မတပ်သားသစ်များ စုဆောင်းနေသည့်အတွက် ပြည်သူများ ရွှေစက်တော်ဘုရားအနီး မသွားလာကြရန် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ယနေ့ မေတ္တာရပ်ခံထားသည်။

    မန်းရွှေစက်တော်ဘုရားအနီး ကျေးရွာများဖြစ်သေသာ ပုဒေါင်းရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ အိုးမြင်မဲရွာ၊ အိုင်းမရွာ၊ လက်ပံတောရွာ၊ မဲချောင်ရွာ၊ ကသက်ရွာ နှင့် ဘုရားရွာတို့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများ ပစ္စည်းများကို လုယက်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းများ၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခံရသော ဒေသခံများကို မိုင်းကွင်းဖြတ်ခိုင်းခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

    (more…)

  • ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

    ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

    “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။

    (more…)

  • မန်းရွှေစက်တော်ဘုရားကြီးရဲ့ တန်ခိုးကြောင့်ကိုရိုနာဗိုင်းရပ်စ် မဖြစ်နိုင်

    မန်းရွှေစက်တော်ဘုရားကြီးရဲ့ တန်ခိုးကြောင့်ကိုရိုနာဗိုင်းရပ်စ် မဖြစ်နိုင်

    ရိုက်ကူး၊ တည်းဖြတ် – လင်းဆက်အောင်

    ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့် ဘုရားကြီးရဲ့ တန်ခိုးကြောင့် ဘုရားကြီးရဲ့ အရိပ်အာဝါသာဟာ အလွန်အေးမြတဲ့အတွက်ကြောင့် ကိုရိုနာဗိုင်းရပ်စ် မဖြစ်နိုင်ဘူးလို့ထင်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပက ဥက္ကဌ ဦးဌေးဝင်းက ပြောပါတယ်။[embedyt] https://www.youtube.com/watch?v=a8ssPmDOU9Q[/embedyt]Red News Agency