RNA_ဇန်နဝါရီ(၂၀)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သား ၁ ဦးသည် မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း – သံမဏိ Force – MPDF Battalionမှ အစ်ကိုဖြစ်သူထံ ဆက်သွယ်လာသည့်အတွက် သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“စစ်ကိုင်းနဲ့ မြင်းမူကြားက နုံးတောဂိတ်မှာ တာဝန်ချတဲ့အချိန် သွားခေါ်ထုတ်ခဲ့ရတာ၊ ကျနော်တို့ တပ်ရင်းထဲမှာက သူ့အစ်ကိုရှိတာကိုး၊ သူ့အစ်ကိုကို ချိတ်ဆက်လာတဲ့အချိန်မှာ ညတွင်း ချင်းသွား ထုတ်တာ၊ သူ့ကို ရွှေဘို၊ ကျောက်မြောင်းပို့ဖို့က လမ်းကြောင်းမကောင်းတော့ ပို့မရလို့ နုံးတောမှာ တာဝန်ချထားတဲ့အချိန် ရအောင်ခေါ်ထုတ်လိုက်တာ။” ဟု သံမဏိ Force မှ ဒုတပ်ရင်းမှူးက ပြောကြားထားသည်။
စစ်ကိုင်းမြို့နယ်၊ တပ်မ ၃၃ လက်အောက်ခံ၊ နုံးတော၌ တာဝန်ကျနေသူ ပြည်သူ့ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားချစ်သူသည် ဇန်နဝါရီလ (၇) ရက်နေ့က သံမဏိ Force ထံဆက်သွယ်ပြီး MA 1 အမျိုးအစားသေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်အတောင့် ၁၀၀ အပ်နှံကာ ပြည်သူ့ဘက်ရပ်တည်ခဲ့ခြင််းဖြစ်သည်။
စစ်ကောင်စီလက်အောက်မှ ပြည်သူ့ဘက်ရပ်တည်မှုနှင့်အတူ လက်နက်ခဲယမ်းများ ယူဆောင်လာနိုင်သည့်အတွက် မုံရွာခရိုင်တပ်ရင်း ၂၅ – သံမဏိတပ်ဖွဲ့က ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေရသော ချိတ်ဆက်လာပါက မည်သည့်နေရာ မည့်သည့်အချိန်မဆို ကယ်ထုတ်ပေးမည်ဖြစ်ကြောင်း သံမဏိ Force – MPDF Battalionက ထုတ်ပြန်ထားသည်။
#RedNewsAgency #REDNEWS #RNA