RNA_ဇန်နဝါရီ(၁၉)၊၂၀၂၅ ခုနှစ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဇန်နဝါရီလ (၁၈) ရက်နေ့ (၄) နာရီ (၄၅) မိနစ်မှစတင်ကာ ဗုံး (၃) ကြိမ်ကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး (၂၅) ဦးဒဏ်ရာရရှိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။
ဗုံးကြဲခံရ၍ သေဆုံး/ဒဏ်ရာရရှိသော စစ်သုံ့ပန်းမိသားဝင်များမှာ အာရက္ခဒေသ စစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင်များဖြစ်ပြီး မကြာမီအချိန်ကာလတစ်ခုတွင် ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိပြီး ဤနေရာ၌ ယာယီထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ စသည့် ပြည်သူကိုမှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်သည်ဟု AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA