ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း အစပ်တို့တွင် တိုက်ပွဲဖြစ်ပွားနေ

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၅ခုနှစ်။

အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး၊ ရခိုင်ပြည်နယ်နှင့်အစပ် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

 

စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှ တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ စစ်ကောင်စီမှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိကြောင်း၊ မကွေးတိုင်းအစပ် အမ်း – ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အကျအဆုံးများနေကြောင်း၊ ပဲခူးတိုင်း အနောက်ခြမ်းနှင့် ရခိုင်စပ်တွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး၊ ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိုင့် (၃၆၉) ကုန်းနှင့် ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor