သတင်း

ဖားကန့်၌ ကိုဗစ်-၁၉ ကာလအတွင်း မော်တော်ဆိုင်ကယ်ခိုးယူခံရမှု များပြား

တာလင်းမောင် ဖားကန့် ၊ မေ ၁၃ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကြောင့် ညမထွက်ရအမိန့်အပါအဝင် အသွားအလာများ ကန့်သတ်ပြီး လူစုလူဝေးများ ရှောင်ရှားနေရချိန် ယခုလဒုတိယ ပတ်အတွင်း မော်တော် ဆိုင်ကယ်ခိုးယူခံရမှု များပြားလာကြောင်း ဒေသခံများက ပြောသည်။ ဖားကန့်မြို့၊ မြို့မရပ်ကွက်တွင် ဆိုင်ကယ်(၆)စီးနှင့် ငှက်ပျောတော ရပ်ကွက်တွင်(၅)စီး၊ မြို့နယ်နှင့်အနီးတဝိုက်ရှိ ကျေးရွာများတွင်လည်း ခိုးယူခံရမှုများရှိကြောင်း၊ နေ့လည်ဘက် လူမြင်ကွင်းတွင် ရပ်ထားသည့်မော်တော်ဆိုင်ကယ် များအပြင် အချို့ကျေးရွာချင်းဆက်လမ်းများတွင် လူကိုရိုက်၍ဆိုင်ကယ်လုယူသူများလည်း ရှိနေကြောင်း သိရသည်။ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် ဖားကန့်အလင်းတန်း စာကြည့်တိုက်ရှေ့တွင် မေလ ၁၀ ရက်နေ့ နေ့လည်က ဆိုင်ကယ်ခိုးယူခံခဲ့ရသူ ဒေါ်အားတူက " ကျွန်မတို့က…
Read More
QUARANTINE ဝင်နေသည့် အမျိုးသမီးအခန်း တံခါးဆွဲဖွင့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို ထောင်ဒဏ် ၆လ ချမှတ်

QUARANTINE ဝင်နေသည့် အမျိုးသမီးအခန်း တံခါးဆွဲဖွင့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို ထောင်ဒဏ် ၆လ ချမှတ်

ဒီလှိုင်း၊ မြိုင် ၊ မေ ၁၂ ရက် ။ Quarantine ဝင်နေသည့် အမျိုးသမီး အခန်းတံခါးဆွဲဖွင့်ခြင်း၊ မီးထိုးကြည့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ဟု မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ယနေ့ ( မေလ ၁၂ ရက်) နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန်ဆွေးနွေးခြင်း တိုက်ရိုက်ထုတ်လွှင့်ချက် အစီအစဉ်တွင် ပြောကြားခဲ့သည်။ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊မန်းကျီးကန်အုပ်စု၊ကန်ကြီးကျေးရွာ စာသင်ကျောင်းတွင် မေလ ၆ ရက်နေ့က Quarantine ၂၁ ရက်ဝင်နေသည့် ဒေါ်ဌေးခိုင်နှင့် သမီးဖြစ်သူတို့ အိပ်နေစဉ် ည ၁၁ နာရီဝန်းကျင်က…
Read More
ကမ္ဘာ့ကပ်ရောဂါ COVID-19  ထက် ဝမ်းရေးခက်နေသူများ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ထက် ဝမ်းရေးခက်နေသူများ

ဖားကန့်၊ မေ ၉ ရက်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ရွေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့ ရေမဆေးကျောက်ရှာဖွေနေသူတွေဟာ ကမ္ဘာ့ကပ်ရောဂါ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ထက် ဝမ်းရေးအတွက် အခက်အခဲတွေကို ဖြေရှင်းနေကြရပါတယ်။ ရိုက်ကူး- ကိုတာ (ဖားကန့်) Red News Agency
Read More
မန်းရွှေစက်တော်ဘုရားကြီးရဲ့ တန်ခိုးကြောင့်ကိုရိုနာဗိုင်းရပ်စ် မဖြစ်နိုင်

မန်းရွှေစက်တော်ဘုရားကြီးရဲ့ တန်ခိုးကြောင့်ကိုရိုနာဗိုင်းရပ်စ် မဖြစ်နိုင်

ရိုက်ကူး၊ တည်းဖြတ် – လင်းဆက်အောင် ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့် ဘုရားကြီးရဲ့ တန်ခိုးကြောင့် ဘုရားကြီးရဲ့ အရိပ်အာဝါသာဟာ အလွန်အေးမြတဲ့အတွက်ကြောင့် ကိုရိုနာဗိုင်းရပ်စ် မဖြစ်နိုင်ဘူးလို့ထင်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပက ဥက္ကဌ ဦးဌေးဝင်းက ပြောပါတယ်။Red News Agency
Read More
NLD ကြီးစိုးထားတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ အဆင်ပြေ

NLD ကြီးစိုးထားတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ အဆင်ပြေ

ဒီလိုင်း - ရိုက်ကူး ”ကျွန်တော်တို့ထိန်းညှိ့ရပါတယ်၊ပြီးတော့ကျွန်တော်တို့NLDကကြီးစိုးတဲ့လွှတ်တော်လည်းဖြစ်တဲ့အခါကြတော့အစိုးရနဲ့လွှတ်တော်ကြားမှာ အားလုံးအဆင်ပြေတယ်၊ကျွန်တော်တို့လွှတ်တော်မှာတင်ပြလိုက်တဲ့ဟာတွေ၊ကော်မတီရဲ့ကွင်းဆင်းဆောင်ရွက်မှုတွေ၊နောက်ဆုံးပိတ်လွှတ်တော်ရဲ့တိုင်ကြားစာမှုတွေ၊အစိုးရကလွှတ်တော်ကတင်ပြတဲ့အတိုင်းအကောင်အထည်ဖော်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာက ပြောပါတယ်။Red News Agency
Read More
ပိုင်ရှင်မဲ့ သစ်ကား ဖမ်းမိစဉ် ရဲတပ်သားများကို ရွာသားတဦးက ဓားနှင့် ခုတ်သဖြင့် သေနတ်ပစ် ဖမ်းဆီးခဲ့ရ

ပိုင်ရှင်မဲ့ သစ်ကား ဖမ်းမိစဉ် ရဲတပ်သားများကို ရွာသားတဦးက ဓားနှင့် ခုတ်သဖြင့် သေနတ်ပစ် ဖမ်းဆီးခဲ့ရ

ဒီလှိုင်း။ အောင်လံ၊ ဇန်နဝါရီ ၃၀ ရက်။ မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၊ရွှေပန်းတောကျေးရွာအနီးမှာ ဇန်နဝါရီ ၂၈ ရက်နေ့ ညပိုင်းက သစ်ကားဖမ်းဆီးခဲ့တဲ့ရွှေပန်းတောရဲစခန်းက ရဲတပ်ဖွဲ့ဝင်များကို ဒေသခံသရက်ချောင်းကျေးရွာသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့တဲ့အတွက်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တိုင်းဦးစီးအရာရှိ ဒုရဲမှူးကြီးတင်မိုးက ပြောပါတယ်။ ပိုင်ရှင်များထွက်ပြေးသွားပြီး ပိုင်ရှင်မဲ့ဖမ်းဆီးရမိတဲ့သစ်တွေကို သက်ဆိုင်ရာသစ်တောဌာနကိုပြန်သယ်ဖို့စောင့်ရှောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သရက်ချောင်းကျေးရွာမှ အသက်၃၀ဝန်းကျင်သန်းဇော်ဦးဆို သူကဓားဖြင့်ဝင်ခုတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဉ်မှာ ရဲတပ်သားတစ်ဦးဓားဒဏ်ရာရရှိခဲ့ပြီး ဓားဖြင့်ခုတ်သူသန်းဇော်ဦးမှာ ခါးအောက်ပိုင်းဘယ်ညာခြေထောက်နဲ့ပေါင်ကိုသေနတ်ဒဏ်ရာ တစ်ချက်စီ ထိမှန်ခဲ့တဲ့အတွက်ပြည်ဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲဝင်တွေကို တာဝန်ဝတ္တရားနှောက်ယှက် တိုက်ခိုက်ခဲ့သူသန်းဇော်ဦးကို ရာဇသတ်ကြီးပုဒ်မ(၃၀၇/၃၃၂)ဖြင့် ဇန်နဝါရီ၂၉ရက်နေ့မှာရွှေပန်းတောရဲစခန်းမှာအမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါသည်။Red News Agency  
Read More
ဘုရားကြီးပြုပြင်မှုများ  ထင်ရာမြင်ရာ လျှောက်မလုပ်သလို ၄ နှစ်အတွင်း ဘုရားကြီး ရန်ပုံငွေ ယခင်အစိုးရထက် ၂ ဆ တိုးလာ

ဘုရားကြီးပြုပြင်မှုများ ထင်ရာမြင်ရာ လျှောက်မလုပ်သလို ၄ နှစ်အတွင်း ဘုရားကြီး ရန်ပုံငွေ ယခင်အစိုးရထက် ၂ ဆ တိုးလာ

ဒီလှိုင်း ရွှေစက်တော်၊ ဇန်နဝါရီ ၂၉ ရက်။ " ယခင်အစိုးရလက်ထက်က ဘုရားကြီး ရံပုံငွေ စုစု‌ပေါင်းက၃.၅ဘီလီရံရှိတယ်၊သိန်းပေါင်း၃သောင်းနဲ့၅၀၀၀ကျပ်။ ခုအစိုးရလက်ထက်မှာ၇သောင်းကျော်ရှိတယ်၊ဘုရားကြီးမှာ၊၄နှစ်ဘဲရှိသေးတယ်၊ကျွန်တော်တို့လက်ထက်မှာ၊နှစ်ဆတိုးလာတယ်၊ဒီကြားထဲမှာဘက်စုံလှူတာတွေကိုးခန်းကြီးမှာကနှတ်တွေဘာတွေနဲ့ထင်ရာမြင်ရာလျှောက်လုပ်တာမဟုတ်ဘူး၊တန်ပဝတီပေါ့ မြန်မာဗိသုကာပညာရှင်မန္တလေးကဦးဝင်းမောင်တို့အဖွဲ့ တွေနဲ့ပြင်တာလိုအပ်တာတွေအကုန်လုံးပြင်တယ်" လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ ဒီကနေ့မှာတော့ မန်းရွှေစက်တော် ဘုရားပွဲတော် ခြေတော်ရာ ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီလ ၂၉ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိရက်ပေါင်း၈၀ကြာအထိကျင်းပသွားမှာ ဖြစ်ပါတယ်။Red News Agency
Read More
ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

ဒီလှိုင်း ။ ပဒါန်း။ ဇန်နဝါရီ ၂၆ ရက် ။ ” ပါတီစုံဒီမိုကရေစီစနစ်ကိုတောင်းဆိုခဲ့တာကိုယ်၌က တစ်ပါတီထဲ ထင်ရာစိုင်းလို့မရအောင် အပြန်အလှန်ထိန်းကြောင်းတဲ့ ထိန်းညှိတဲ့စနစ်တစ်ရပ်ပေါ်ပေါက်လာအောင် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မလို့လည်း ပြည်သူ့ပါတီအနေနဲ့နိုင်ငံတော်အတွက် အကျိုးရှိတဲ့ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ဖို့၊ထောက်ခံဖို့၊ကျွန်တော်တို့အအဆင်သင့်ရှိသလို၊အားနည်းချက်တွေလိုအပ်ချက်တွေရှိရင်လည်းထောက်ပြတာဝေဖန်တာဆောက်ရွက်နိုင်ဖို့အတွက်ပါတီစုံဒီမိုကရေစီစနစ်အားကောင်းအောင်ကျိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ပြည်သူ့ပါတီ (ဗဟို) ဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ၊ ပဒါန်းမြို့မှာ ပြည်သူ့ပါတီ ရုံးဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့ပါတီ တရားဝင်မှတ်ပွုံတင်ကျခဲ့တာ ၁ နှစ်ကျော်သာရှိသေးပေမဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေမှာ ရုံးပေါင်း ၆၀ လောက်နဲ့ ရပ်ကွက် ကျေးရွာ ၂၀၀ ကျော်လောက် ရုံးခန်းတွေ ဖွင့်ထားပြီး ဖြစ်တယ်လို့…
Read More
ပညာရေး ဝန်ကြီးဌာနကို မကွေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ ဆန္ဒပြ

ပညာရေး ဝန်ကြီးဌာနကို မကွေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ ဆန္ဒပြ

ပညာရေးဝန်ကြီးဌာနကနေ အခြေခံပညာအဆင့် စာမေးပွဲကာလ ပြင်ဆင်မှုများနဲ့ ပတ်သက်ပြီး ဒီကနေ့ မကွေးပညာရေးကောလိပ်ကနေ မကွေးတိုင်းပညာရေးမှူးရုံးရှေ့ထိ ကျောင်းသူကျောင်းသား ဆရာ ဆရာမများက ဆန္ဒပြခဲ့ကြပါတယ်။ ပညာရေး စနစ်အပြောင်းအလဲ လုပ်မယ့်ကိစ္စကို အောက်ခြေအဆင့်ထိဆင်းပြီး လေ့လာမှုများမလုပ်ခဲ့ဘဲ ဝန်ကြီးဌာနက လုပ်ချင်တိုင်း လုပ်နေတဲ့ ကိစ္စကို ပြင်ဆင်ပေးဖို့၊ ဆရာ ဆရာမမလုံလောက်မှု စတဲ့ အခက်အခဲတွေ ၊ ပညာရေးဝန်ကြီးဌာန အာဏာရှင်ဆန်ဆန်း လုပ်နေတဲံ့ ကိစ္စတွေအတွက် ဒီကနေ့ ဆန္ဒပြကြတာလို့ သိရပါတယ်။ ရိုက်ကူး – ဒီလှိုင်း Red News Agency
Read More
တရုတ်နိုင်ငံသည် အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်လာရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘူး

တရုတ်နိုင်ငံသည် အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်လာရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘူး

ဝိုင်- ရိုက်ကူးသည်။ ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက်။ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းပေးရေးနှင့် တိုင်းပြည်၏သဘာဝသယံဇာတရင်းမြစ်များကာကွယ်ပေးရန် တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံရောက်ရှိနေစဉ် ယနေ့ဇန်နဝါရီ ၁၈ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ မြန်မာ့နိုင်ငံရေးလူမှုအဖွဲ့အစည်းအချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ Red News Agency
Read More