သတင်း

မကွေးတိုင်း ကမ္မမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ (၂) ဦးသေဆုံး

မကွေးတိုင်း ကမ္မမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ (၂) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းကို Pakokku People Defense Force-PPDF အဖွဲ့က ယနေ့ နံနက် (၈) နာရီ ၃၀ မိနစ်ဝန်းကျင်က ကားပေါ်မှနေ၍ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး Pakokku People Defense Force-PPDF တပ်ဖွဲ့မှ ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ #RedNewsAgency 
Read More
ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး

ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း အခြေစိုက် GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ဦးကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ ဒီဇင်ဘာလ (၁၉) ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။ GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ကို ဖမ်းဆီးရခြင်းနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းက မည်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးသော်လည်း GZ Special Task Force-Watlet မဟာမိတ်ရဲဘော်တဦးကတော့ ဆားတောင်ကျေးရွာမှာ အခြေချနေထိုင်သည် GZ Special Task Force-Watlet…
Read More
ကိုင်းလယ်တိုက်ပွဲအပြီး စစ်ဘေးရှောင်များကို ပွင့်ဖြူ PDF ဆေးကုသမှုများပြုလုပ်ခဲ့

ကိုင်းလယ်တိုက်ပွဲအပြီး စစ်ဘေးရှောင်များကို ပွင့်ဖြူ PDF ဆေးကုသမှုများပြုလုပ်ခဲ့

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်လက်အောက်ခံများနှင့်လေယာဉ်သုံးပစ်ခတ်မှုများအပြီီး ရှောင်တိမ်းနေကြရသည့် ဒေသခံစစ်ဘေးရှောင်ပြည်သူများကို ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ် - People's Defence Force Pwintbyu က စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။   ကိုယ်လယ်ကျေးရွာ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များက နိုဝင်ဘာလ ၂၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီလက်အောက်ခံများ ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူယူခဲ့သည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ (more…)
Read More
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှုများ ပြုလုပ်

ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှုများ ပြုလုပ်

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီက ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှု ရန်ကုန်တိုင်းတွင် စတင်ပြောင်းလဲမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။   ရန်ကုန်တိုင်း၊ မင်္ဂလာဒုံခရိုင်အတွင်းရှိ နွယ်ခွေ၊ အနန်းပင်၊ ချစ်တီးကုန်း၊ ထောက်ကြံ့တောင်ပိုင်းရပ်ကွက်၊ ကြံခင်းစု၊ ပေါက်ကုန်းရပ်ကွက်စသည့် ၁၄ ခုမှ အုပ်ချုပ်ရေးမှူး ၁၄ ဦးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမိန့်ဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးပြောင်းလဲလိုက်ကြောင်း သိရသည်။ (more…)
Read More
တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးကျ

တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးကျ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရှိ စစ်ကောင်စီတပ် တပ်ရင်းအ ကျားဖြူစစ်ကြောင်းမှဦးဆောင်ပြီး ပူးပေါင်းတပိဖွဲ့များဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်အကျအဆုံးများပြီး ကျားဖြူတပ်ခွဲမှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။ (more…)
Read More
BPLA ရဲဘော် အာလေး(ခ) ကာလေး ရှေ့တန်းစစ်မြေပြင်တွင်ကျဆုံး 

BPLA ရဲဘော် အာလေး(ခ) ကာလေး ရှေ့တန်းစစ်မြေပြင်တွင်ကျဆုံး 

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပတ်စဉ် (၁) သင်တန်းဆင်း ရဲဘော်အာလေး(ခ) ကာလေး ( ကိုယ်ပိုက်အမှတ် BA 00014) သည် ဒီဇင်ဘာလ (၁၄) ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ရှေ့တန်းစစ်မြေပြင်တွင် တော်လှန်ရေး တာဝန်များထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။ (more…)
Read More
“သေနတ်ကိုင်တိုက် ဓားကိုင်ဖိုက်မဲ့ ၅/” ဟုဆိုကာ ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြ

“သေနတ်ကိုင်တိုက် ဓားကိုင်ဖိုက်မဲ့ ၅/” ဟုဆိုကာ ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြ

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဒေသခံပြည်သူများဖြစ်သည့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများမှ မိဘပြည်သူများနှင့် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီတို့ ပူးပေါင်းကာ စစ်ကောင်စီတပ်စစ်ကြောင်းများအန္တရယ်ကြားမှ ခက်ခက်ခဲခဲ လူထုအင်အားဖြင့် "၅/ဆိုတာ သေနက်ကိုင်တိုက်မယ် ဓားကိုင်ဖိုက်မယ်" ဟုဆိုကာ ယနေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြသည်။ (more…)
Read More
ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာ(ပျူစောထီးရွာ) ကိုဈေးရောင်းသွားသူများကို Burma Rangers (ShweBo) အဖွဲ့က ကြိမ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ " ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သတိပေးခြင်းကို မသိကျိုးကျင်ပြု၍ ထပ်မံဝင်ရောက်ဈေးရောင်းချနေသော ပြင်ပဈေးသည်များအား ဒုတိယအကြိမ် ကြိမ်ဒဏ်အပြစ်ပေး၍ ထပ်မံသတိပေးခြင်း။ အထက်ပါကိစ္စနှင့်စပ်လျှင်း၍ ပျူစောထီးနှင့်စစ်ခွေးများ တပ်စွဲထားသော ဟံလင်းကျေးရွာနှင့် ကော့ရွာကျေးရွာတို့အား ပြင်ပဈေးသည်များ ထပ်မံဝင်ရောက်ဈေးရောင်းချခြင်းမပြုရန် နောက်ဆုံးအကြိမ်သတိပေး ထုတ်ပြန်လိုက်ပါသည်" ဟု Burma Rangers (ShweBo) အဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ငလျင်ကြောင့် မင်းကွန်းမြသိန်းတန်စေတီကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ပြီး ဘုရားစိန်ဖူးတော်များ မြေခ

ငလျင်ကြောင့် မင်းကွန်းမြသိန်းတန်စေတီကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ပြီး ဘုရားစိန်ဖူးတော်များ မြေခ

RNA-ဒီဇင်ဘာ ၁၅၊ ၂၀၂၂ ခုနှစ်။   မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းမြို့ မင်းကွန်းမြသိန်းတန်စေတီနှင့် မင်းကွန်းပုထိုးတော်ကြီးရှိ ခြင်္သေ့ကြီးအပါအဝင် ဘုရားစေတီ ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ (more…)
Read More
ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း…
Read More