စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေသည့် စခန်းသိမ်းတိုက်ပွဲတွင် Royal Peacock Column ပါဝင်ခဲ့ 

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။

KNU တပ်မဟာ(၃) နယ်‌မြေ မူး(မုန်း)မြို့နယ်ရှိ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေဆုံးသည့် သိမ်းတိုက်ပွဲတွင် KNLA နှင့်အတူ Royal Peacock Column ပူးပေါင်းစစ်ကြောင်း ပါဝင်တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ(၃) နယ်‌မြေအတွင်း မူး(မုန်း)မြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းတိုကို အပြီးတိုင် မချေမှုန်းနိုင်သော်လည်း လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်းတို့ကို ဖျက်ဆီးနိုင်သည်အထိ ချေမှုန်းခဲ့ကြောင်း သိရသည်။

Royal Peacock Column ပူးပေါင်း စစ်ကြောင်းပါဝင်သည့် တိုက်ပွဲအတွင်း ” ရန်သူဘက်မှ ဒုတပ်ရင်းမှူး (၁)ဦး အပါအ၀င်(၇)ဦး သေဆုံးခဲ့ပြီးစစ်ကောင်စီထံမှ လက်နက် MA -1 (၃)လက်၊MA-3(၁)လက်၊G3(၂)လက်နှင့် ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း(၁)လက် စုစုပေါင်းလက်နက်မျိုးစုံ (၇)လက် သိမ်းဆည်ရမိခဲ့” ဟု Royal Peacock Column ကထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) တပ်ပေါင်းစုမှ ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်စခန်း (၄) ခုကို တပြိုင်တည်း တိုက်ခိုက်စဉ် စခန်း(၂) ခု တိုက်ခိုက်ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ( ၁၆) ဦးသေဆုံးကာ (၁၇) ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor