ကံဆီးဒေသ

မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာမှ ဧပြီ (၂၁) ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ကျေးရွာပြည်သူများအား ဆန်ခါ အချုပ် ထောင်၌ ချုပ်နှောင်ထားပြီး၊ ကံဆီးဒေသ လည်းကောင်းတို့တပ်အထိုင်ချထားရာဘက်သို့ ဖမ်းဆီး‌ခေါ်ဆောင်သွားသည့် ပြည်သူ(၆၀)ကျော်အား ထမင်းမကျွေးပဲ အိမ်မှထမင်းလာပို့ခိုင်းခဲ့ကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီက မှော်ပုံရွာအတွင်း ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ပြည်သူ(၆၀)ဦးခန့်ကို ကံဆီးဒေသ စစ်ကောင်စီတပ်စခန်းတွင် ဓားစာခံ ဒိုင်းကာအဖြစ် နှစ်ယောက်ကြား တပ်သားတစ်ဦးနှုန်းညှပ်ကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်ခါကျေးရွာဘက်သို့လည်း ပြည်သူ (၁၀၀) နီးပါးကိုအတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း၊ ဆန်ခါကျေးရွာဘက်ခေါ်လာသူများကို ဆန်ခါ အချုပ်ထောင်စခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။ (more…)
Read More