KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

Written by

in

RNA_ဖားကန့်၊ ဧပြီ(၂၃)ရက်၊ ၂၀၂၃ ခုနှစ်။

ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ၊ Happy KTV သွားသည့် စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံ တပ်ရင်း (၁၃)၊ လုံးခင်းလယ်ပြင် ယမ်းချက်စက်ရုံမှ 2IC DSA (၄၇) ဗိုလ်မှူးဇော်မောင်အပါအဝင် (၃) ဦး ယနေ့နံနက်ပိုင်းက ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။

Happy KTV တွင် ဗိုလ်မှူး ဇော်မောင်၊ လုံးခင်းကျေးရွာမှ ကျောက်လုပ်ငန်းရှင် ဦးဘတုတ်နှင့် အမျိုးသမီးတဦးတို့ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကျောက်လုပ်ငန်းရှင် ဦးကျော်စိုးနှင့် ဦးတင်မောင်လတ်တို့ကို မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

လုံးခင်းလယ်ပြင် ယမ်းချက်စက်ရုံမှ 2IC DSA (၄၇) ဗိုလ်မှူးဇော်မောင်အပါအဝင် (၆) ဦး Happy KTV တွင် ပစ်ခတ်ခံရကာ (၃) ဦးသေဆုံးပြီး၊ (၂) ဦးဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်တွင် KTV နှင့် လုံးခင်းဘက်တွင် အစစ်အဆေးများနေကြောင်း သိရသည်။

#RedNewsAgency