KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

RNA_ဧပြီ(၂၃)၊၂၀၂၃ ခုနှစ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) တပ်ပေါင်းစုမှ ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်စခန်း (၄) ခုကို တပြိုင်တည်း တိုက်ခိုက်စဉ် စခန်း(၂) ခုအ တိုက်ခိုက် ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှလဒုတပ်ရင်းမှူးအပါအဝင် ( ၁၆) ဦးသေဆုံးကာ (၁၇) ဦးဒဏ်ရာရရှိသွားသည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ အထိုင်ချစခန်းများဖြစ်သည့် ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းစခန်းတို့ကို တိုက်ခိုက်ခဲ့သော်လည်း မပြီးတိုင်မချေမှုန်း နိုင်ခဲ့ကြောင်း၊ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ကို အပြီးတိုင်ချေမှုန်းနှိုင်ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စခန်း (၄) ခု တပြိုက်တည်း တိုက်ပွဲအတွင် KNLA တပ်မဟာ (၃) တပ်ပေါင်းစုဘက်မှ (၁)ဦး ကျဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်ချေမှုန်းဖျက်စီးခံရသည့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ စခန်းတွင် နယ်မြေခံတပ်များဖြစ်သော ခလရ-၆၀၊ ခမရ-၃၅၁အပြင် နောက်ထပ်အင်အားထမ်မံ ဖြည့်တင်း လာသည့် တပ်များဖြစ်သော တပ်မ-၇၇နှင့် ခမရ-၅၉၈တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအပြီး တပ်ပေါင်းစုမှ ပြန်လည်ဆုတ်ခွါချိန် စစ်ကောင်စီဘက်မှ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနှင့် နရွဲပင်ကျေးရွာကြားတွင် နံနက် (၇း၄၀)မှ (၇း၅၀)ထိ ဟယ်လီကော်ပတာဖြင့် (၄)ကြိမ် လာရောက်ဗုံးကြဲခဲ့ကြောင်း၊ (၈း၀၅)မိနစ်တွင် ဂျက်ဖိုက်တာလေယာဉ်မှ အော်လီဂန်းဖြင့်ထပ်မံပစ်ခတ်ခဲ့‌ကြောင်း၊ (၈း၁၀) မိနစ်တွင် ဗုံး (၂) လုံးကြဲကာ အော်လီဂန်းဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး (၈း၅၀) မိနစ်တွင် နောင်ကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားမှ ကားလမ်းမပေါ်တွင် တရစပ် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တွင် ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရသည့်အရေအတွက်ကို အတည်မပြု နိုင်သေးဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor