လုံးခင်းလယ်ပြင် ယမ်းချက်စက်ရုံ

စစ်ရိပ်သန်းလာသည့် ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ချို့ ရပ်နား

စစ်ရိပ်သန်းလာသည့် ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ချို့ ရပ်နား

RNA_မေ(၂၈)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ရပ်နားခြင်းမရှိခဲ့သော ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီတစ်ချို့ မေလ ၂၆ ရက်နေ့ ဝန်းကျင်မှစတင်ကာ ရပ်နားသွားသည်ကို တွေ့ရှိရသည်။ ဖားကန်းမြို့တွင် ကျောက်စိမ်းတူးဖော်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် မြဥယဉ် ကုမ္ပဏီနှင့် အခြား ကုမ္ပဏီအသေးတစ်ချို့ မေလ ၂၆ ရက်နေ့က နားသွားပြီဖြစ်ကြောင်း၊ ဖားကန့်ကိုတက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အင်အား ၁၀၀ ခန့်ကလည်း မေလ ၂၇ ရက်နေ့က ရောက်ရှိလာပြီဖြစ်သည်။ (more…)
Read More
KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

RNA_ဖားကန့်၊ ဧပြီ(၂၃)ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ၊ Happy KTV သွားသည့် စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံ တပ်ရင်း (၁၃)၊ လုံးခင်းလယ်ပြင် ယမ်းချက်စက်ရုံမှ 2IC DSA (၄၇) ဗိုလ်မှူးဇော်မောင်အပါအဝင် (၃) ဦး ယနေ့နံနက်ပိုင်းက ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။ Happy KTV တွင် ဗိုလ်မှူး ဇော်မောင်၊ လုံးခင်းကျေးရွာမှ ကျောက်လုပ်ငန်းရှင် ဦးဘတုတ်နှင့် အမျိုးသမီးတဦးတို့ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကျောက်လုပ်ငန်းရှင် ဦးကျော်စိုးနှင့် ဦးတင်မောင်လတ်တို့ကို မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ (more…)
Read More