သတင်း

ကော့ကရိတ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် စောအချီ ကျဆုံး

ကော့ကရိတ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် စောအချီ ကျဆုံး

RNA_အောက်တိုဘာ(၂၂)၊၂၀၂၂ ခုနှစ်။   တိုက်ပွဲပြင်းထန်ခဲ့သည့် ယမန်နေ့က ကော့ကရိတ် တိုက်ပွဲတွင် ကျားဖြူစစ်ကြောင်းမှ ရဲဘော် စောအချီ ကျဆုံးခဲ့ရသည်။   ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း ဩဂုတ်လ ၂၁ ရက်နေ့ ကော့ကရိတ်မြို့တိုက်ပွဲ နွားခြံအနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးကုသမှုနောက်ကျသည့်အတွက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။   “ ကျနော်နဲ့အတူ တိုက်ပွဲတွေ စစ်ဆင်ရေးတွေထွက်တာ အများကြီးပါ အမှတ်တရတွေက၊ တော်တော်စိတ်မကောင်းဖြစ်ရတယ်၊ ဝမ်းနည်းရတယ်ဗျာ၊ မနေ့ကလည်း ကော့ကရိတ်တိုက်ပွဲမှာ အတူတူ တိုက်ခဲ့ကျတာပါ၊ ကျနော်က နည်းနည်းပဲ ထိတာပါ၊ သူငယ်ချင်းက ကျသွားတယ်၊ သူဆို အေးဆေးနေလို့ရတယ် ဒါကိုမနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ပွဲဝင်တယ်ဗျာ…
Read More
စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဝင်စီးသည့်အတွက် PDF (၉) ဦးကျဆုံး

စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဝင်စီးသည့်အတွက် PDF (၉) ဦးကျဆုံး

RNA_အောက်တိုဘာ၂၁၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း - ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို ယနေ့ နံနက် ၅ နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ (၁၀၀) ဝန်းကျင်က PDF အယောင်ဆောင်ကာ ဝင်စီးသည့်အတွက် ရဲဘော် (၉) ဦး ကျဆုံးခဲ့ရသည်။ (more…)
Read More
စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ် ရင်ပေါင်တိုင်ကျေးရွာ၊ ပုထိုးသာကျေးရွာ၊ ပျားအိုကျေးရွာအပါအဝင် ရွာ (၄) ရွာကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုများပြုလုပ်ကာ ကျေးရွာကိုစီးနင်းစဉ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနှင့် အမျိုးသား တဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ "ဒီနေ့ ဝင်အစီးခံရတဲ့ရွာတွေက ယမားချောင်းပဲခြားတာ၊ ပျားအိုက ကိုယ်ဝန်ဆောင်အမျိုးသမီး သေသွားတယ်၊ သေခတ်ဝင်တာဆိုတော့ တော်တော်ကြမ်းတယ်၊ အမျိုးသားတဦးလည်းသေတယ်၊ အရင်တခါလဲ ရင်ပေါင်တိုင်က အစီးခံရပြီးပြီ၊ သေတဲ့သူတွေ ဘယ်လိုသေသွားလည်း အတိအပျမသိရသေးဘူး၊ သေနတ်မှန်တာလား ရိုက်သတ်ခံရတာလားဆိုတာကတော့ ပြောမရသေးဘူး" ဟု Red News Agency ၏ နယ်မြေခံသတင်း ထောက်က သတင်းပေးပို့ထားသည်။ စစ်ကောင်စီတပ်…
Read More
အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု ကိုလင်းထက်နိုင် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ သေဆုံးမှုရှိ

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု ကိုလင်းထက်နိုင် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ သေဆုံးမှုရှိ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။ ယနေ့ နံနက်အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုတွင် ထောင်ဝင်စာသွားပို့သည့် ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်း မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တချို့ သေဆုံးသွားကြောင်း သိရသည်။ "ကိုဂျိမ်းအမေ ဆုံးသွားတာ သေချာပါပြီ၊ ၁၀ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါတယ်၊ ဝန်ထမ်းက ၃ ဦး၊ အရပ်သားစုစုပေါင်းက ၅ ဦးထိ အတည်ပြုရပါတယ်"ဟု အင်းစိန်ထောင်အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးကပြောသည်။ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများ (တိုက်ထောင်ဝင်စာ) အတွက်ပေးပို့နေသည့် ထောင်ဝင်စာဌာန ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ အင်းစိန်ထောင်ကို စစ်ကောင်စီတပ်သားများဖြင့် အဝင်အထွက်ပိတ်ထားကြောင်း၊ CCTV မှတဆင့် စုံစမ်းနေကြောင်း သိရသည်။…
Read More
အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှု အနည်းဆုံး ၂ ဦးသေ

အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှု အနည်းဆုံး ၂ ဦးသေ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။   ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် တိုက်သမားများထံပို့သည့် ပါဆယ်ဌာနတွင် ယနေ့ ( အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်း တစ်ဦးပါအဝင် အနည်းဆုံး (၂) ဦးသေဆုံးကြောင်း သိရသည်။   " အခုပေါက်တာက ပါဆယ်ဌာနပေါ့၊ တိုက်ထဲနေရာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီကို ပါဆယ်ပို့တဲ့ နေရာလေ၊ ဖြစ်နိုင်တာက PDF တွေ လုပ်တာ မဖြစ်နိုင်ဘူး၊ အင်းစိန်ထောင်က အစစ်အဆေးတအား ကြပ်နေတာလေ ပျူစောထီးတွေလုပ်တာဖြစ်နိုင်တယ်၊ အခု ဝန်ထမ်းတဦးက တန်းသေတယ်၊ နောက်ထပ်တယောက်က သတိမေ့သွားပြီးမှ သေတယ်၊ အပြင်က ထောင်ဝင်စာလာတဲ့အထဲကလည်း ကလေးတယောက်…
Read More
မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) ရုံး ဂိတ်ပေါက်မှာ စောင့်နေသောစစ်ကောင်စီတပ်သားများနှင့် ရုံးတလျှောက်ကို ယနေ့ ( အောက်တိုဘာ ၁၈ ရက်) နံနက် ၁၁ နာရီ ၄၄ မိနစ်ဝန်းကျင်က မုံရွာနတ်ဆိုးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုပ်သံနှင့်တကွ မုံရွာနတ်ဆိုးအဖွဲ့က ထုတ်ပြန်ထားသည်။ Red News Agency
Read More
ရဲစခန်းအား တိုက်ခိုက်ခြေမှုန်းအပြန် တိုက်ပွဲဖြစ်ပြီး MSRO တာဝန်ခံ ရဲဘော် သီဟနေစိုး ကျဆုံး 

ရဲစခန်းအား တိုက်ခိုက်ခြေမှုန်းအပြန် တိုက်ပွဲဖြစ်ပြီး MSRO တာဝန်ခံ ရဲဘော် သီဟနေစိုး ကျဆုံး 

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ မွန်ပြည်နယ်၊ ရေးမြို့အနောက်ဘက် (၇) မိုင်ခန့် အကွာရှိ အစင်ကျေးရွာအုပ်စု၊ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းအား အောက်တိုဘာလ (၁၇) ရက်နေ့က သွား ရောက်တိုက်ခိုက် ခြေမှုန်းပြီးအပြန် တိုက်ပွဲဖြစ်ကာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့စည်း (MSRO) မှ တာဝန်ခံရဲဘော် ကိုသီဟနေစိုး (ခ) တိုဘီ (ခ) ကိုအဂ္ဂ သည် မြင့်မြတ်စွာကျဆုံးခဲ့ပါကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရာမှာ အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုကြောင်း NUG ယာယီသမ္မတပြော 

စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရာမှာ အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုကြောင်း NUG ယာယီသမ္မတပြော 

RNA_အောက်တိုဘာ (၁၈)၊၂၀၂၂ ခုနှစ်။ မြန်မာ့ နွေဦးတော်လှန်ရေးအတွင်း စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်သည့်နေရာမှာ မဟာမိတ်ဆက်ဆံရေးအမြင်ကို တတ်နိုင်သမျှ အမြင်ကျယ်ကျယ်၊ သဘော ထားကြီးကြီးနှင့် အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုအပ်ကြောင်း ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်သည့် ( ၇၂) ကြိမ်မြောက် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ “အားလုံးပါဝင်ရေးမူကို ဆွဲကိုင်ပြီးတော့ နွေဦးတော်လှန် ရေးရဲ့ စစ်ရေးတပ်ပေါင်းစု မဟာမိတ် ဆက်ထုံးကို ခိုင်မြဲအောင် စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကြရမယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း စစ်ရေးပူး ပေါင်းမဟာမိတ်လှုပ်ရှားမှုတွေကို လက်တွေ့ကျကျလုပ်ကြရမယ်လို့တိုက်တွန်းချင်ပါတယ်။  ကျွန်တော့်အနေနဲ့ အထူးဂရုပြုပြီး ထပ်မံပြောကြားလိုတာကတော့ မဟာမိတ်ဆက်ဆံရေးအပေါ်ဘယ်လို…
Read More
လူမဆန်စွာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် CDM ဆရာ ဦးစောထွန်းမိုးအတွက် အထူးဝမ်းနည်းကြောင်း NUG ထုတ်ပြန်

လူမဆန်စွာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် CDM ဆရာ ဦးစောထွန်းမိုးအတွက် အထူးဝမ်းနည်းကြောင်း NUG ထုတ်ပြန်

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ သစ်ညီနောင်ရွာနေ ဆရာဦးစောထွန်းမိုး (ပညာမိုးဘော်ဒါအုပ်)ကို စစ်ကောင်စီတပ်သားများက လူမဆန်စွာ ရက်ရက် စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် အတွက် အထူးဝမ်းနည်းကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဆရာဦးစောထွန်းမိုးသည် အမှန်တရားနှင့် တရားမျှတမှု ရရှိနိုင်ရေးအတွက် အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့်အပြင် ကြားကာလပညာရေးကို အကောင် အထည်ဖော်ဆောင်ရွက် ပေးနေသော ဆရာတစ်ဦးဖြစ်ကြောင်း၊ ဆရာဦးစောထွန်းမိုး ကဲ့သို့သော နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာ ရှင်၏ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရသောဆရာများကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းများ အဖြစ်မှတ်တမ်းတင် အလေးအမြတ်ပြုထားပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ

ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ

ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ   RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ရေစကြိုမြို့နယ်က မြေပြင်အနေအထားနှင့် ဒလန်နဲ့ပျူစောထီးတွေကို ဘယ်လိုလုပ်သင်လဲ ဆိုသည့်အကြောင်းအရာတွေကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇကို Red News Agency က မေးမြန်းထားခြင်း ဖြစ်သည်။   #RedNewsAgency
Read More