ရဲဘော်များဖမ်းဆီးမှုတွင် ထိပ်ဆုံးကပါနေသည့် အငြိမ်းစား ဗိုလ်မှူးရဲမင်းသန်းအား B-PDF အနီးကပ်ပစ်ခတ်

RNA_ဧပြီ(၃၀)၊၂၀၂၃ခုနှစ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ကြောင်မျက်ရှင်လမ်းနေ အငြိမ်းစားယူထားသည့် ဗိုလ်မှူးရဲမင်းသန်းသည် တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးမှုများတွင် ထိပ်ဆုံးကပါနေသည့် အတွက် Bahan’s Guerrilla Force (B-PDF) ရဲဘော်တို့က အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း B-PDFမှ ယနေ့ ထုတ်ပြန်ထားသည်။

အငြိမ်းစား ဗိုလ်မှူးရဲမင်းသန်း ( အသက် ၅၅ နှစ်ဝန်းကျင်) ကားနှင့်ထွက်လာစဉ် ယမန်နေ့ ( ဧပြီလ ၂၉ ရက်) နံနက် (၉) နာရီ ၄၆ မိနစ်ဝန်းကျင်က ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်တွင် အနီးကပ် ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားခဲ့သည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် ထောက်တိုင်များအပြင်၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသူများအား Bahan’s Guerrilla Force (B-PDF) ကအမြဲစောင့်ကြည့်နေကြောင်း၊ ဆက်လက်၍ သက်ညှာပေးပြီး လွှတ်ထားတော့မည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor