ချင်းတွင်းမြစ်

ရေလယ်ကျွန်းဒေသရှိ MBT ဌာနချုပ်စခန်း စွန့်ခွါလိုက်ရ

ရေလယ်ကျွန်းဒေသရှိ MBT ဌာနချုပ်စခန်း စွန့်ခွါလိုက်ရ

RNA_မတ်(၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး (၈) ရက်အကြာစစ်ရေးတင်မာမှုအပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း - Myingyan Black Tiger (MBT) ဌာနချုပ်စခန်း စွန့်ခွါလိုက်ရပြီဖြစ်ကြောင်း သိရသည်။ "မတ်လ ၅ရက်နေ့ နံနက် ၅နာရီခွဲဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကာ ရန်သူ့ဘက်မှ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ မိမိတပ်အနေဖြင့် ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ၏ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုတို့ကြောင့် မိမိတို့ ဌာနချုပ်တပ်စခန်းအား ရန်သူ့ထံဆုံးရှုံးခဲ့ရသော်လည်း ၎င်းတိုက်ပွဲတွင် ရန်သူ (၁၀)ဦးထက်မနည်း သုတ်သင်ရှင်းနိုင်ခဲ့ပြီး ပြည်သူများ…
Read More
ဒေသခံ PDF ရဲဘော်များ ဟုမ္မလင်း-ဖောင်းပြင် နယ်စပ် ကျေးရွာများကို နယ်မြေရှင်းလင်းရေးပြုလုပ်

ဒေသခံ PDF ရဲဘော်များ ဟုမ္မလင်း-ဖောင်းပြင် နယ်စပ် ကျေးရွာများကို နယ်မြေရှင်းလင်းရေးပြုလုပ်

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း -ဖောင်းပြင် နယ်စပ်၊ သဖန်းဆိပ်၊ နောင်ဆွတ်ခါး၊ ကရွတ်သာ၊ နတ်ပမောင်း၊ နတ်စက် စသည့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းမှ ဧပြီလ (၂၈) ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု၊ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖောင်းပြင် ပ.က.ဖ အင်အားစုများပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြောင်း ဟုမ္မလင်း -ပြည်သူ့ကာကွယ်ရေးတပ်မှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

RNA_ဧပြီ(၂)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမှတ်ပုံမတင်သည့် ပါတီများကို ဖျက်သိမ်းကြောင်း ကြေညာသည့်အပေါ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှဦးဆောင်ကာ PDF များ၏ ဝန်းရံမှုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆားလင်းကြီးမြို့နယ်အတွင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။ (more…)
Read More
ကျေးရွာများသပိတ်စစ်ကြောင်းမှ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

ကျေးရွာများသပိတ်စစ်ကြောင်းမှ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
“တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ “

“တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ “

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Yinmarbin Local People's Defence Force ၏ လုံခြုံရေးပေးမှုနှင့်အတူ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေး "တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ " စာသားကိုကိုင်ဆောင်ပြီး ယနေ့ ဆန္ဒပြခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More