အလုပ်သမားနေ့

“ပြာကျချင်ကျ ပြန်ချမှရမယ်” ကမ္ဘာ့အလုပ်သမားနေ့မှာ တောင်သူလယ်သမားများ ဆန္ဒပြ

“ပြာကျချင်ကျ ပြန်ချမှရမယ်” ကမ္ဘာ့အလုပ်သမားနေ့မှာ တောင်သူလယ်သမားများ ဆန္ဒပြ

NA_မေ(၁)၊၂၀၂၃ ခုနှစ်။ “ကျွန်တော်တို့ ပြာကျချင်ကျ ပြန်ချမှရမယ်နော်” ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသည့်ကြားမှ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတရွာမှ ဒေသခံ အလုပ်သမား လယ်သမားတို့သည် ယနေ့ (မေလ ၁ ရက်) ကမ္ဘာ့အလုပ်သမားနေ့တွင် ရွာအနီးဝန်းကျင်လှည့်ပတ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။ “လုပ်သားထုရဲ့ သွေးစည်းသံတချီတည်းရုန်းပြီးအောက်ပွဲခံ”၊ အလုပ်သမားထု လယ်သမားထု သွေးစည်းကြ” ၅/ ဆလက ရဲ့ တံစဉ်များ ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ #RedNewsAgency
Read More