KNU ခေါင်းဆောင်သစ် ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးကောက်တင်မြှောက်ခံရ 

RNA_မေ(၂)၊၂၀၂၃ ခုနှစ်။

၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး -KNU ၏ ခေါင်းဆောင်သစ် ရွေးကောက်ပွဲ (ကွန်ဂရက်) တွင် ပဒိုစောကွယ်ထူးဝင်းကို KNU ဥက္ကဌအဖြစ် ရွေး‌ကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး -KNU သည် ကွန်ကရက်ကို (၄) နှစ်တကြိမ် ကျင်းပခြင်းဖြစ်သော်လည်း ကိုဗစ်ကာလနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ကြန့်ကြာမှုများရှိခဲ့ပြီး ယနေ့ ( မေလ ၂ ရက်) ညနေပိုင်းတွင် ဥက္ကဌ အသစ်ရွေးချယ်နိုင်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး -KNU ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်ကာ ယနေ့နံနက်ပိုင်းအထိ KNU ဥက္ကဌ (၉) ဦးရှိခဲ့ရာမှာ ညနေပိုင်း ရွေးချယ်ခံလိုက်ရသည် ပဒိုစောကွယ်ထူးဝင်းသည် ၁၀ ဦးမြောက် KNU ဥက္ကဌဖြစ်သည်။

#RedNewsAgency

By Editor