ဒေသခံ PDF ရဲဘော်များ ဟုမ္မလင်း-ဖောင်းပြင် နယ်စပ် ကျေးရွာများကို နယ်မြေရှင်းလင်းရေးပြုလုပ်

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း -ဖောင်းပြင် နယ်စပ်၊ သဖန်းဆိပ်၊ နောင်ဆွတ်ခါး၊ ကရွတ်သာ၊ နတ်ပမောင်း၊ နတ်စက် စသည့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းမှ ဧပြီလ (၂၈) ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု၊ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖောင်းပြင် ပ.က.ဖ အင်အားစုများပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြောင်း ဟုမ္မလင်း -ပြည်သူ့ကာကွယ်ရေးတပ်မှ ယနေ့ ထုတ်ပြန်ထားသည်။

” လုပ်ငန်းစဥ်အတွင်း ကင်းပတ်လာသော ပျူစောထီး နှင့် ဌာနေအမျိုးသားတပ်ဖွဲ့ ဟု ယူဆရသူ (၁၀) ဦး သေဆုံးပြီး၊ ကျန် ၂ ဦးမှာ လက်ပြတ် နှင့် ဒဏ်ရာပြင်းထန်ရရှိကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရှိရသည်။ ထို့ပြင် ဌာနေပြည်သူ့စစ်များထံမှ လက်လုပ်သေနတ် (၁၂ ဗို့) ၇ လက် သိမ်းဆည်းရရှိပါသည်။ (တချို့မှာ ကိုယ်တိုင် ကိုယ်ကျ လာရောက်အပ်နှံ)” ဟု Homalin People’s Defence Force – HPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်အတွင်း ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ ဝန်းရံပိတ်ဆို့ထားသော ဟုမ္မလင်းမြို့နယ်၊ ဝဲဟက်ကျေးရွာအား ဧပြီလ (၂၉) ရက်နေ့က စစ်ကောင်စီတပ်မှ JF-17 ဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor