သတင်း

ကော်သူးလေတပ်မတော်သည် စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ဗိုလ်ချုပ်နယ်ဒါးမြပြောကြား

ကော်သူးလေတပ်မတော်သည် စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ဗိုလ်ချုပ်နယ်ဒါးမြပြောကြား

RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။ ကော်သူးလေတပ်မတော် (ကီဂ်သူလူၤသုးမုဒိဉ်(KAW THOO LEI ARMY)သည် NCA စာချုပ်လွှမ်းမိုးမှုမရှိသော  တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ယနေ့ ဗိုလ်ချုပ်နယ်ဒါးမြက ထုတ်ပြန်ထားသည်။ KNLA သည် KNU အဖွဲ့အစည်း၏ နိုင်ငံရေးဦးဆောင်မှုအပေါ်  NCA စာချုပ်ဖြင့် စစ်ရေးအရချုပ်နှောင်ခံထားရသဖြင့် စစ်ကောင်စီတပ်ကို ပြတ်ပြတ်သားသားတုန့်ပြန်ရန် အကျပ်အတည်းဖြစ်နေသည်ဟု ရှုမြင်ကြောင်း၊ လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်တိုက်ထုတ်ရန် အချိန်ကောင်းဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ကော်သူးလေတပ်မတော် (KAW THOO LEI ARMY)သည် စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ကရင့်လက်နက်ကိုင်အဖွဲ့များသာမက နယ်မြေဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းသွားမည်ဟု သိရသည်။ ကော်သူးလေတပ်မတော်…
Read More
ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

RNA_ဇူလိုင်၂၀၊၂၀၂၂ခုနှစ်။ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ စောနယ်ဒါးမှ စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးပြီးဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော်ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း(KNDO) အနေ ဖြင့် လုံးဝယုံကြည် လက်ခံမှုမပြုနိုင်ကြောင်း ယနေ့ထုတ်ပြန်ထားသည်။ ကော်သူးလေတပ်မတော်(Kawthoolei Armed Forces) သည် ၁၉၄၉ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင် စတင်ခဲ့သည့် ကရင့်တော်လှန်ရေး၏ နိုင်ငံရေး၊ စစ်ရေးလိုအပ် ချက်အရ ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးကိုပေါင်းစည်းပြီး ၁၉၅၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ နှစ်စဉ် ဇူလိုင်လ (၅) ရက်နေ့ရောက်တိုင်း ကရင်တော်လှန် ရေးအဖွဲ့များနှင့် ပြည်သူများက ကော်သူးလေတပ်မတော်နေ့ကို တရားဝင်နေ့ကြီးရက်မြတ်အဖြစ် ဂုဏ်ပြုကျင်းပကြမြဲဖြစ်ကြောင်း သိရသည်။ (more…)
Read More
ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ ကရင်နီပြည်မှာကျဆုံးခဲ့သည့် ကိုစိုင်းဘုန်းမင်းသန့်ကို ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ကရင်နီPDFက အာဇာနည်သူရဲကောင်းအဖြစ်ထည့်သွင်းဂုဏ်ပြုသည့်အတွက် မိခင်ဖြစ်သူက ကြေကွဲစွာနှင့်ထပ်ဆင့်ဂုဏ်ပြုကြောင်း လူမှုကွန်ယက်တွင် ရေးသားထားသည်။ ကရင်နီပြည် တိုက်ပွဲတနေရာ၌ အသက် (၂၂) နှစ်အရွယ် ကိုစိုင်းဘုန်းမင်းသန့်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့က ကျဆုံးခဲ့သည့်အတွက် ဇူလိုင်လ (၂၀) ရက်နေ့ရောက်ပါက ကျဆုံးခြင်း (၉) လပြည့်ပြီဖြစ် ကြောင်း သိရသည်။ ကိုစိုင်းဘုန်းမင်းသန့် မိခင်သည့် KPDF က ယနေ့ပြုလုပ်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မှတ်တမ်းကို ပြန်လည်မျှဝေရာတွင် " အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုခြင်း...တဲ့ သားစိုင်းဘုန်းမင်းသန့်ရေ..အမေကလဲ ကြေကွဲစွာနဲ့ ထပ်ဆင့်ဂုဏ်ပြုပါတယ်"…
Read More
Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်းရှိ Mytel တာဝါတိုင်ကိုယနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က လက်ပစ်ဗုံးပစ်ပေါက်ကွဲပြီးချိန် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံခဲ့ရကြောင်း သိရသည်။ " စခတွေယာဉ်တန်းမိုင်းဆွဲခံရတယ် အသေအပျောပ်တော့ သေချာမသိ‌ရသေးပါဘူး။ ပေါက်ကွဲလို့လာစစ်တဲ့ယာဉ်တန်း မိုင်းထပ်ခွဲတာပါ၊ မြို့ပြတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ဒါကိုလုပ်တာပါ" ဟု မြို့ပြတော်လှန်ရေးအင်အားစုအဖွဲ့ဝင် တဦးကပြောသည်။   ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူလူထု အစိုးရထံမှ အဓမ္မအာဏာသိမ်းယူထားသည့် စစ်ကောင်စီတပ်သားများ တိုင်းနှင့်ပြည်နယ်အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တိုက်ခိုက်ခံရကာ သေဆုံးမှုများရှိကြောင်း သိရသည်။ Red News Agency
Read More
တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ နွေဦးတော်လှန်ရေးကို ပြည်သူတစ်ရပ်လုံးနှင့်အတူ တော်လှန်ရေး အောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၇၅ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်း အနားမှာ ကတိပြုပြောကြားလိုက်သည်။ " ရဟန်းရှင်လူ၊ ကျောင်းသား၊လူငယ်တွေအပါအဝင် တိုင်းရင်းသားပြည်သူတစ် ရပ်လုံးဟာ မိမိတို့ရဲ့လွတ်လပ်စွာရွေး ချယ်နိုင်ခွင့်နဲ့ အခွင့်အရေးတွေကိုပြည့်ဝစွာကျင့် သုံးပိုင်ဆိုင်နိုင်စေဖို့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေ စီစနစ် ထွန်းကားရှင်သန်မှသာဖြစ်နိုင်မယ်ဆိုတာကို ထပ်လောင်းပြောကြားလိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ယခုဆင်နွှဲ နေတဲ့ နွေဦးတော်လှန်ရေးကိုပြည်သူတရပ်လုံးနဲ့အတူ အောင်မြင်သည်အထိကြိုး စားတိုက်ပွဲဝင်မည်ဆိုတဲ့ကတိကို လည်းပြောကြားလိုပါတယ်" ဟု မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်း ဆောင်များ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ သတ်ဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူအာဇာနည်များနှင့်တကွ ယခုနွေဦးတော်လှန်ရေးကာလတွင် စစ်အာဏာရှင်စနစ်ကို ခုခံဆန့်ကျင်ရေးနှင့်…
Read More
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး 

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်၏ အမျိုးမျိုးသော လုပ်ဆောင်မှုများကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ယနေ့ သတိပေးထုတ်ပြန်ထားသည်။ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာ အကြား၌ ဇူလိုင်လ (၁၈)ရက်၊ နံနက် (၉) နာရီခန့်က မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တို့ပူးပေါင်းထားသောတပ်ဖွဲ့အား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူများကို ထပ်မံပို့ပေးခဲ့သောကြောင့် နံနက် (၁၀) နာရီ (၃၀) မိနစ် အချိန်တွင် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာ အကြား၌ လည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)
Read More
KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

RNA_ဇူလိုင် ၁၉၊၂၀၂၂ ခုနှစ်။ ဖားကန့်မြိုနယ်၊ လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ ချီတက်အလေးပြုခဲ့ကြသည့် အခမ်းအနားတွင် KPDF များက ပြည်သူများနှင့်အတူ ဝန်းရံချီတက်ခဲ့ကြကြောင်း သိရသည်။ Red News Agency
Read More
၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသည့် အာဇာနည်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ လမ်းမများပေါ်၌ ကားဟွန်းများတီးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ Red News Agency
Read More
ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

RNA_ဇူလိုင်၁၉၊၂၀၂၂ ခုနှစ်။ ကျဆုံးသွားသော အာဇာနည်ကိုးဦးနှင့်တကွခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ် အလေးပြုခြင်းနှင့် ၇၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ ကျားဖြူတပ်ခွဲ (၂) တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။ Red News Agency
Read More
လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

RNA_ဇူလိုင် ၁၆၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တော်တော်များများအနေဖြင့် လက်နက်မလုံလောက်သည့်အတွက် လက်လုပ်မိုင်း၊ လက်လုပ်သေနတ်၊လက်လုပ် လက်နက်ကြီးများ ထုတ်လုပ်ရာတွင် ထိခိုက်ဒဏ်ရာအမျိုးမျိုးအပြင် အသက်သေဆုံးမှုများပါ ရှိနေသည်။ ခေတ်မှီလက်နက်များ မရှိသည့်အတွက် အန္တရာယ်များသော်လည်း လက်လုပ် လက်နက်များထုတ်လုပ်နေရသည့်အတွက် ဇူလိုင် ၁၅ ရက်နေ့က The Youth Force -Saw&Kyaukhtu မှအားထားရသော ရဲဘော် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More