Bawlakhe PDF

ဘော်လခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊​ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ စီးနင်းတိုက်ခိုက်ခံရ

ဘော်လခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊​ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ စီးနင်းတိုက်ခိုက်ခံရ

RNA_မေ(၃)၊၂၀၂၃ ခုနှစ်။   ကရင်နီ(ကယား)ပြည်နယ်၊ ဘော်လခဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ မေလ (၁) ရက် နံနက် (၄) နာရီ (၅၀) မိနစ်မှစတင်ကာ (၂) နာရီကြာမြို့တွင်းစီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။   အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကယားစစ်ဒေသ ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် -၁၁၀၅ တပ်ရင်းနှင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အမှတ် -၁၁၀၈ တပ်ရင်းတို့ပါဝင်သည့် ဘောလခဲခရိုင်ပူးပေါင်းဗျူဟာစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု Bawlakhe PDFကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More