KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

RNA_မေ(၃)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်တို့တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNDF နှင့်မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံးကာ (၃) ဦးအရှင်းဖမ်းမိကြောင်း KNDF ကယနေ့ ထုတ်ပြန်ထားသည်။

ဧပြီလအတွင်း တိုက်ပွဲပေါင်း (၅၀) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ KNDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးအပါအဝင် လေယာဉ်ဗုံးကြဲပစ်ခတ်မှုများအတွင်း အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၀၈) ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်မှုများကြောင့် လူနေအိမ် (၂၀)လုံး၊ ဆေးပေးခန် (၂) ခု၊ ဆေးရုံ (၂) ရုံ၊ ဘာသာရေးအဆောက်အဦ (၂) လုံးပျက်စီးခဲ့ရကြောင်း၊ မြေပြက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထွက်ပြေး သေဆုံးသွားသူများထံမှ လက်နက်ငယ် (၅၂) လက်၊ လက်နက်ကြီး (၇) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor