စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

ကျောက်ရစ်ရဲစခန်းသွားသော စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ
 
RNA_မေ(၇)၊၂၀၂၃ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေတစ်ချောင်းရွာမှ ကျောက်ရစ်ရဲစခန်းသို့ တက်သွားသော စစ်ကောင်စီတပ်စစ်ကြောင်းကို မေလ (၆) ရက်နေ့ ညနေ (၄) ရီဝန်းကျင်က Myingyan Black Tiger(MBT) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု (၁) နာရီဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=RcdTIdklnrI[/embedyt]
 
“မိမိတို့ MBT အဖွဲ့က ခွေးစစ်ကြောင်း ချီလာရာ အနီးဆုံး သနပ်ကုန်းတံတားဆီအထိ ကပ်ပြီး အနီးကပ် စပစ်ခဲ့ရာ မဟာမိတ်အဖွဲ့များမှ 60mm များ လက်နက်ငယ်များဖြင့် ကာပစ်ပစ်ပေးခဲ့သဖြင့် ခွေးစစ်ကြောင်းအထိနာသွားသည်” ဟု Myingyan Black Tiger(MBT) က ထုတ်ပြန်ထားသည်။

သနပ်ကုန်းတံတားပေါ်အထိ အနီးကပ်ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီတပ် အထိနာပြီး ဒဏ်ရာရနှင့်သေဆုံးသူများကို စက်လှေသုံးစီးဖြင့် ချင်တွင်းမြစ် အနောက်ဖက်ကမ်းသို့ သယ်ယူနေကြောင်း၊ တိုက်ပွဲအတွင်း People Spirit Force (PSF)၊ MGN 9 Stars၊ Royal Brother Defence Force နှင့် မဟာမိတ် တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းခဲ့သည့်အတွက် ကျေးဇူးတင်သည်ဟု MBT က ပြောကြားထားသည်။
 
#RedNewsAgency

By Editor