RNA_မေ(၅)၊၂၀၂၃ ခုနှစ်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး( ABSDF -ကျောင်းသားတပ်မတော်) စစ်ဒေသ ( ၁ ) ၊ စစ်ကြောင်း (၃) ရဲဘော်များသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ Local PDFများ ၊ ပ.က.ဖ များဖြင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း သိရသည်။

ABSDF စစ်ကြောင်း ၃၊ ယောဒေသတွင် အခြေစိုက်ထားသည့် အမှတ် ( ၁၂ )တပ်ရင်းနှင့် ချင်းတွင်းဒေသတပ်ရင်းတို့သည် ၂၀၂၃ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းအား ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ ပ.က.ဖများဖြင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများပြီး G3 ၄ လက် ၊ G4 ၁လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့သည်ဟု ABSDF စစ်ကြောင်း ၃မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၃ရက်နေ့တွင် ဂန့်ဂေါမြို့ မြစ်သာမြစ်ရိုးအတိုင်းထွက်ခွာ စစ်ကြောင်ထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း၊ ဧပြီလ ၅ရက်နေ့တွင် ပုလဲမြို့နယ် ဇီဖြူကုန်းရွာမှ ကန်းဒေါင့်ရဲစခန်းသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၊ ဧပြီလ ၇ ရက်နေ့တွင် ဂန့်ဂေါမြို့ ခ.လ.ရ ( ၅၀ ) မှ ထွက်ခွာလာသော စစ်ကောင်စီတပ် စစ်ကြောင်း စသည်တို့ကို ABSDFနှင့် ဒေသခံ PDFများ၊ ပ.က.ဖ များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#RedNewsAgency