Crime

ဖားကန့်မြို့ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရ

ဖားကန့်မြို့ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရ

RNA_ဖားကန့်၊ စက်တင်ဘာ (၁၅)၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ "ဧရာမြင်းမိုရ်" အပေါင်ဆိုင်နှင့် ဆိုင်ကယ်နှင့်အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးညီသည် ယနေ့နံနက် (၁၀)နာရီ (၃၀) မိနစ်ဝန်းကျင်က အမည်မသိလက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။ "ပစ်ခံရတာက မော်ဝမ်း ဇောတိကကုန်း လမ်းဆုံနားမှာပါ၊ ကိုညီက ကားမှန်ချပြီးမောင်းလာတာ၊ ဆိုင်ကယ်နဲ့လူနှစ်ယောက်က ကားထဲကိုလှမ်းပစ်ပြီး ပြေးတာ" ဟု မျက်မြင်တွေ့သူတဦးက ပြောသည်။ မိသားစုနှင့် နီးစပ်သူ တဦးကလည်း "သေနတ်ဒဏ်ရာနဲ့ ကားဆက်မောင်းလာပြီး စာတိုက်ရှေ့ သူ့ဆိုင်နားမှာ ကား‌ပြန်ကွေ့တဲ့အချိန် နောက်က ကားနဲ့ပွတ်မိတယ်၊ အဲ့အနားကလူတွေက ကိုညီဘာဖြစ်သွားသေးလဲ သွားကြည့်မှ သွေးတွေအိုင်နေတာ၊ လက်မောင်းထိသွားတယ်ပြောတယ်၊ ဆေးရုံပို့ထားတယ်၊ အသက်အန္တရာယ်မစိုးရိမ်ရဘူး၊ သတိရပြီလို့ပြောတယ်"…
Read More
ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင် စီစဉ်လုပ်ဆောင်နေ 

ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင် စီစဉ်လုပ်ဆောင်နေ 

RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ချိန်းခြောက်ငွေညှစ်နေသည့် ကိစ္စများကို လုပ်ဆောင်နေသည့် ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို ဦးဆောင်စီစဉ်ညွှန်ကြားနေသူမှာ စစ်ကောင်စီတပ် တပ်မ (၃၃)မှ ဗိုလ်မှူး မင်းထက်အောင် ဖြစ်ကြောင်း ဖမ်းဆီးခံရသူ ဗိုလ်စောမောင်ဆိုသူက ဝန်ခံထားသည်။ ဖားကန့်၌ ၂၀၂၃ ခုနှစ်အတွင်း ဈေးဆိုင်များအား တောင်းသည့်ငွေမပေးပါက သတ်ပစ်မည်ဟု ချိန်းခြောက်ငွေညစ်တောင်းခံသည့် ပျူအဖွဲ့မှ ဗိုလ်စောမောင်ဆိုသူအား KPDFက ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ တပ်မ (၃၃) ဗိုလ်မှူး မင်းထက်အောင် ကိုယ်တိုင်စီစဉ်ညွှန်ကြားကြောင်း သိရသည်။ "ဒီဗျူဟာကုန်းကပဲ ဗိုလ်မှူး မင်းထက်အောင်ကို အစုပေးရတယ်၊ နောက် ဗိုလ်ကြီးဗညားဆိုတာက ကျနော်တို့နဲ့ အလုပ်တွဲလုပ်ရတာ၊ ဗိုလ်ဗညားဆိုတာက အထူး ကွန်မန်ဒိုထဲက" ဟု ခြိမ်းခြောက်တောင်းယူထားသည့် ငွေသိန်း(၃၀)နှင့်…
Read More
မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်တောရပ်ကွက်အတွင်း နေအိမ်တအိမ်ကို ဓားပြတိုက်ပြီး အသက် ၂၄ နှစ်အရွယ် မွေးဖွားကာနီး ကိုယ်ဝန်ဆောင် မအေးငြိမ်းသူကို သတ်ဖြတ်သွားသည့် လူသတ်ဓားပြ (၇) ဦးကို ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက Guardian Force ရဲဘော်များမှ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက် လူသတ်ပြုလုပ်ခဲ့သူ (၇) ဦးကို စစ်ဆေးမေးမြန်းနေသည့် Facebook Live ကို Guardian Force ခေါင်းဆောင်က အများပြည်သူသိရှိအောင်တင်ပြခဲ့ပြီးနောက် “ပြည်သူကိုချပြပြီးဖြစ်တဲ့အတွက် liveကိုပြန်ဖျက်ပါပြီခင်ဗျာ” ဟုဆိုကာ ဖျက်ချသွားခဲ့သည်။ (more…)
Read More
ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

RNA_ဖားကန့်၊ ဇူလိုင်လ ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာနှင့်ဆွတ်အောင်ကျေးရွာကြား မြန်မာစည်သူ ကုမ္ပဏီဝန်းဟောင်းနေရာ၌ အသက် (၂၀) ဝန်းကျင်အရွယ် လူငယ် ခြောက်ဦးက သေနတ်အတိုနှစ်လက်ဖြင့် လမ်းသွားလမ်းလာများအား မြေပြင်တွင်ဝပ်ခိုင်းကာ ပစ္စည်းလုယူ ဓါးပြတိုက်မှု ယမန်နေ့ မနက် (၉)နာရီက ဖြစ်ပွားခဲ့သည်။ ကနဦးတွင် လူငယ် (၆) ဦးက အဆိုပါနေရာအနီးရှိ မူးယစ်ဆေးဝါးသုံးစွဲကြရာတဲများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ မူးယစ်ဆေးသမားများကို ရိုက်နှက်ပြီးမှ လမ်းသွားလမ်းလာများကို ဓါးပြတိုက်ခြင်းဖြစ်ကြောင်း အခြေအနေအသေးစိတ်ကို သွားရောက်စစ်ဆေးခဲ့သည့် မမုံကျေးရွာမှ ရပ်မိ/ရပ်ဖ တစ်ဦးက ပြောသည်။ ဖြစ်စဉ်အနီးနားရှိ အိမ်ပေါ်မှ ဒေါ်ကုလားမအား လမ်းပေါ်ဆွဲချကာ နားကပ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်နှင့် ဖြတ်သွားဖြတ်လာ ရေမဆေးသမား…
Read More
ပြန်ပေးဆွဲခံရသည့် ဖားကန့်မြို့မိ/မြို့ဖ တစ်ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

ပြန်ပေးဆွဲခံရသည့် ဖားကန့်မြို့မိ/မြို့ဖ တစ်ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

RNA_ဖားကန့်၊ဇွန် ၂၀ ရက်၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ မြို့မကဖေးဆိုင်ပိုင်ရှင် မြို့မိ/မြို့ဖ မြို့မျက်နှာဖုံးဖြစ်သည့် ဦးသိန်းလွင်သည် ဇွန် ၁၃ ရက်နေ့ ညနေပိုင်းက ဆံပင်ညှပ်သွားရင်း ပြန်ပေးဆွဲခံရသည့်မှာ ယနေ့အထိ (ရက်သတ္တတစ်ပတ်ကြာသည်အထိ)ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။ ဇွန် ၁၃ ရက်ည ၈ နာရီခွဲခန့်က ပြန်ပေးဆွဲခံရသည့် ဦးသိန်းလွင်၏ အသံဖြင့် သားဖြစ်သူအား ငွေကျပ်သိန်းသုံးရာ၊ ရွှေတစ်ဆယ်သားဖြင့် ပြန်‌ရွေးရမည်ဟု ဖုန်းဆက်အကြောင်းကြားသည့်အတွက် သားဖြစ်သူက အဆိုပါ ရွှေနှင့်ငွေ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ခြောက်ရာကျော်ဖြင့် လာပို့ခိုင်းသည့်နေရာ ယူမာကျေးရွာရှိ လမ်းခွတစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (more…)
Read More
ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

RNA_ဖားကန့်၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာမှ နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံကြောင်း သိရသည်။ ဇွန်လ ၁၇ ရက် စနေနေ့ မနက် ၁၀ နာရီ ၄၀ အထိ ဖုန်းခြောက်ကြိမ်ခေါ်ထားသည့်အတွက် ၁၂ နာရီဝန်းကျင်ခန့်တွင် ဖုန်းပြန်ခေါ်ရာ "ငါက ပျူစောထီးအဖွဲ့က ဗိုလ်စောမောင်ပဲ၊ မင်းအခွန်ဆောင်ရမယ်၊ ငွေဆယ်သိန်းကို မင်းကိုယ်တိုင်လာပေးရမယ်၊ မပေးရင် မင်းအသက်လာယူမယ်"ဟု ခြိမ်းခြောက်ခဲ့ကြောင်း လက္ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ကြီးက ပြောသည်။ ငွေကို ဖားပြင်ကျေးရွာအနီးစခန်းကို လာပေးရမည်ဟုပြောပြီး လူကိုယ်တိုင်မလာရဲပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးရမည်ဟု နောက်တစ်ကြိမ်…
Read More
ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။ ‌ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာအဝင်ဆိုင်းဘုတ်အနီး ထွန်းတောက်စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ယနေ့ နံနက်ပိုင်းက ပန်းရံဆရာတဦး ဦးခေါင်းကျော်ခဲတုံးနှင့် ထုသတ်ခံရပြီး ပစ္စည်းများ ယူသွားကြောင်း သိရသည်။ သေဆုံးသူမှာ ပန်းရံဆရာ မောင်ကြံ၊ အသက် (၄၂)နှစ်၊ ဆိုင်းရာရွာသစ်တွင်နေထိုင်သူဟုသိရပြီး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကျပ်လေးသိန်း လုယူခံခဲ့ရကြောင်း သိရသည်။ ဖားကန့်၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု များပြားနေခြင်းနှင့်အတူ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အရေးယူဆောင်ရွက်ပေးမည့် အဖွဲ့အစည်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။ #RedNewsAgency
Read More
ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

RNA_ဖားကန့် မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ကာစွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအားဒေသခံများက တွေ့ရကြောင်း သိရသည်။   ပစ်သတ်ခံထားရသူနှစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရသေးသလို ယမန်နေ့ (မေလ ၅ရက်)ကလည်း ရှရော်ခကျေးရွာအဝင်နှင့် မျောက်ဖြူကျေးရွာသွားလမ်းဆုံ လမ်းခွ၌ အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ထားသည့်အလောင်း စွန့်ပစ်ထားခဲ့သည်။ (more…)
Read More
အမွေကိစ္စ စကားများရာမှ လေးလောင်းပြိုင် လူသတ်မှုဖြစ်

အမွေကိစ္စ စကားများရာမှ လေးလောင်းပြိုင် လူသတ်မှုဖြစ်

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ရွာ (ရွာသစ်)တွင် အမွေကိစ္စ စကားများရာမှ ဇန်နဝါရီလ (၁၇) ရက်နေ့က လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိသားစုချင်း အမွေကိစ္စ စကားပြောရာတွင် အဆင်မပြေရာမှ စကာ လူသတ်မှုဖြစ်ပွားပြီး (၄) ဦးသေဆုံးကြောင်း၊ သေဆုံးသွားသူများမှာ အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂) ဦးဖြစ်ကြောင်း၊ သတ်သွားသူမှာ ထွက်ပြေးတိမ်းရှောက်နေကြောင်း သိရသည်။ Red News Agency
Read More
စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး

စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၂ ခုနှစ်။   မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာအနီးတွင် ယနေ့နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က ပြည်သူများကို မတရားဖမ်းဆီးလာသည့်ယာဉ်ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ခဲ့ရာတွင် ဖမ်းဆီးခံရသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေ့ကျင့်ရေး (၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) သုံးဦးသေဆုံးပြီး (၁) ဦးဒဏ်ရာရကာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။   "ကားပေါ်မှ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ပါသည်။ မတရားဖမ်းဆီးခံရသူကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူး ချစ်ဝင်းသူသည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူများအား မတရားဖမ်းစီးချင်း ဝီယော်ကျေးရွာ ရေတံခွန်လာသော လူငယ်များအား မတရားဖမ်းစီးချင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချချင်း…
Read More