Guardian Force

မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်တောရပ်ကွက်အတွင်း နေအိမ်တအိမ်ကို ဓားပြတိုက်ပြီး အသက် ၂၄ နှစ်အရွယ် မွေးဖွားကာနီး ကိုယ်ဝန်ဆောင် မအေးငြိမ်းသူကို သတ်ဖြတ်သွားသည့် လူသတ်ဓားပြ (၇) ဦးကို ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက Guardian Force ရဲဘော်များမှ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက် လူသတ်ပြုလုပ်ခဲ့သူ (၇) ဦးကို စစ်ဆေးမေးမြန်းနေသည့် Facebook Live ကို Guardian Force ခေါင်းဆောင်က အများပြည်သူသိရှိအောင်တင်ပြခဲ့ပြီးနောက် “ပြည်သူကိုချပြပြီးဖြစ်တဲ့အတွက် liveကိုပြန်ဖျက်ပါပြီခင်ဗျာ” ဟုဆိုကာ ဖျက်ချသွားခဲ့သည်။ (more…)
Read More