Tag: ဘဇော်

  • လောင်မြိုက်ခံ ဘဝများ

    လောင်မြိုက်ခံ ဘဝများ

    ” အညာသူ အညာသားတွေဖြစ်တဲ့ ဖုံထူတဲ့ လှည်းလမ်းမ ပေါ်တွေမှာ၊ စပါးခင်း ရိုးပြတ်တောတွေမှာ သွေနဲ့ရင်းပြီး မိုင်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ကျေးရွာတွေကို မီးမြိုက်ခံပြီး လက်လုပ်သေနတ်သံတွေ ထွက်ပေါ်လာခဲ့တယ်”
    ဘဇော် ရေးသားသည်။
    နွေဦးတော်လှန်ရေးမှာ အညာသူ အညာသား တွေအကြောင်း စာဖွဲ့မကုန်နိုင်အောင် ရှိလှပါတယ်။ စစ်ကောင်စီတပ်ကို အသေခံတိုက်တဲ့ တိုက်ပွဲတွေ၊ နားကပ်တွေချွတ်လှူကြတာတွေ၊ အညာသူရိုးရိုးကြီးတွေရဲ့ တော်လှန်လိုစိတ်၊ အညာသား ရိုးရိုးကြီးတွေရဲ့ စစ်ကျွန်မခံလိုစိတ်တွေဟာ ကမ္ဘာတစ်ခြမ်းအထိ ဟိုးဟိုးလေးတကြော်ကြော် ပြည်သူတွေမျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးမှာ အညာမြေတခွင်က စစ်တလင်းတွေအကြောင်းလည်း အများအသိဖြစ်ပါတယ်။ အခုတစ်ခါ ပြောပြချင်တာက အညာမြေတစ်ခွင်က အွန်လိုင်းပေါ်မှာ မတက်လာတဲ့ လောင်မြိုက်ခံ ဘဝများအကြောင်းပဲဖြစ်ပါတယ်။
    စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တောတောင်ရေမြေ သဘာဝနဲ့ မူလ အခွင့်အရေးတွေအရ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ပွဲတွေဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း လွတ်လပ်ရေးရပြီး အဆက်ဆက်သော အစိုးရတို့ရဲ့ နှိပ်ကွပ်မှု၊ အဆက်ဆက်သော စစ်ကျွန်လူတစ်စုရဲ့ နှိပ်ကွပ်မှုအောက်မှာ မူဝါဒရေးရာမှာ အားကောင်းခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကိုတော့ တခန်းရပ်ခဲ့ ရပါတယ်။
    အခု နွေဦးတော်လှန်ရေးမှာတော့ ကွန်မြူနစ်ယုံကြည်သူတွေက ပြည်သူတွေအတွက် အသက်ကို ပဓာနမထားပဲ စစ်အာဏာရှင်ကို နိုင်ငံရေးအရပါအဝင် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ ပြင်ဆင်နေသလို ဆင်နွှဲနေသူတွေလည်း ရှိနေပြီဖြစ်ပါတယ်။ ထပ်ပြီးထူးခြားလာတာက မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းက အညာသားကြီးတွေ လက်နက်ကိုင်လာကြတယ်။ အညာမြေတခွင် စစ်တလင်းဟာ လူမှုကွန်ယက်ပေါ်မှာ ထင်ရှားကျော်ကြားသလောက် မြေပြင်အနေအထားဟာ လူမှုကွန်ယက် ပေါ်မှာလောက် အောင်ပွဲမခံနိုင်တဲ့ နေရာတွေရှိနေတယ်ဆိုတာကို အသိပေးချင်ပါတယ်။
    ? အုပ်စုဖွဲ့ နယ်မြေခွဲဝေမှုနဲ့ ဗိုလ်လုပ်ချင်တဲ့ ပြဿနာ
    စစ်တပ်အာဏာသိမ်းပြီး နွေဦးတော်လှန်ရေးမှာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ကလေးလူကြီး တအိမ်လုံး တနိုင်ငံလုံးနီးပါး လမ်းမပေါ်တက်ဆန္ဒပြခဲ့ကြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေပေမဲ့ အာဏာသိမ်းစစ်တပ်ကတော့ ခေါင်းကို တည့်တည့် ပစ်ခတ်သတ်ဖြတ်ပြတာတွေဟာ နေပြည်တော်မှစပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း စတဲ့ တစ်နိုင်ငံလုံးကို လုပ်ပစ်တဲ့နောက်ပိုင်း စစ်အာဏာရှင်နဲ့ လက်ပါးစေတွေရဲ့ ယုတ်မာမှုကို လက်နက် လက်နက်ခြင်း ယှဉ်ပြိုင်တိုက်ခိုက်မဲ့ ခုခံစစ် ပြောက်ကျားစစ်တွေ နိုင်ငံအနှံ့မှာ ဆင်နွှဲလာပါတယ်။ အဲဒီအထဲမှာ အညာသူ အညာသားတွေဖြစ်တဲ့ ဖုံထူတဲ့ လှည်းလမ်းမ ပေါ်တွေမှာ၊ စပါးခင်း ရိုးပြတ်တောတွေမှာ သွေနဲ့ရင်းပြီး မိုင်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ကျေးရွာတွေကို မီးမြိုက်ခံပြီး လက်လုပ်သေနတ်သံတွေ ထွက်ပေါ်လာခဲ့တယ်။

    (more…)