RNA Editor

587 Posts
ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

"နယ်စပ်ပဋိပက္ခသည် သမိုင်းဝင် အငြင်းပွားမှုများမှ စတင်ခဲ့သော်လည်း စစ်ရေးအခြေနေထိ ရောက်စေသည့် အရှိန်မြှင့်တင်မှုသည် အဓိကအားဖြင့် အထက်တန်းလွှာများအကြား ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်မှုများအပေါ် အခြေခံသည်။ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ "ကျားဖြန့် ကွန်ရက်များ" ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့ကို နှိမ်နင်းခြင်းတို့နှင့် ဆက်စပ်နေသည်" ရန်ုနိုင် ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ရှေးဟောင်းဘုရားကျောင်းများအနီး ဖြစ်ပွားနေသော ပဋိပက္ခသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ သမိုင်းဝင်နယ်မြေ ပိုင်ဆိုင်မှုအငြင်းပွားခြင်းအဖြစ် မကြာခဏရှုမြင်လေ့ရှိကြသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံရေးပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ ဤပဋိပက္ခ၏ အဓိကလှုံ့ဆော်မှုများမှာ နယ်မြေ (သို့မဟုတ်) ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးထက်ပိုသော နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြည်တွင်းနိုင်ငံရေးအာဏာနှင့်အကျိုးစီးပွားကာကွယ်လိုသည့် အကြောင်းအရင်းများကို တွေ့ခဲ့ရသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံရှိ အထက်တန်းလွှာအုပ်စုများသည် နိုင်ငံရေး…
Read More
ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၈)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဗျူဟာကုန်ရှိ အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းဗုံးတို့ကြောင့် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၄ နာရီနှင့် ၅ နာရီအကြား မှော်စီစာအုပ်စု၊ မလောင်ကျေးရွာအတွင်းက နေအိမ်ပေါ်ကျရောက်ကာ မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံးသွားကာ (၇) အရွယ် လေးငယ်နှင့် ၁၆ နှစ်အရွယ်တို့သာ အသက်ရှင်ကျန်ရစ်ခဲ့ရကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ဖခင်ဖြစ်သူ ဦးဇော်လွင်ဦး ( အသက် ၃၇ နှစ်)၊ မိခင်ဖြစ်သူ ဒေါ်တင်မိုးလှိုင် (အသက် ၃၈ နှစ်)၊ သားဖြစ်သူ မောင်ဖြိုးဝေထွန် (အသက် ၁၃ နှစ်)တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။…
Read More
NUG လူဟောင်းများဖြင့် ထပ်မံ ပြင်ဆင်ဖွဲ့စည်း

NUG လူဟောင်းများဖြင့် ထပ်မံ ပြင်ဆင်ဖွဲ့စည်း

RNA_ဒီဇင်ဘာ(၈)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)အား လူဟောင်းများဖြင့်သာ ထပ်မံပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယနေ့ (ဒီဇင်ဘာ ၈ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” အား ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်ဟုဆိုကာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုပြီး ထုတ်ပြန်လိုက်သည်။ (more…)
Read More
ဒီဇင်ဘာ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးလွတ်မြောက်ခဲ့

ဒီဇင်ဘာ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးလွတ်မြောက်ခဲ့

RNA_ဒီဇင်ဘာ(၄)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားသူများထဲကနေ ဒီဇင်ဘာ ၁ ရက်နေ့က အကျဉ်းထောင်အသီးသီမှ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးကို လွှတ်ပေးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ( ဒီဇင်ဘာ ၄ ရက်) တွင် အသိပေးထားသည်။ ဒီဇင်ဘာ ၁ ရက်နေ့လွှတ်ပေးလိုက်သူများထဲတွင် သာယာဝတီထောင်မှ (၈၃) ဦး၊ ဒိုက်ဦးထောင်မှ (၅၀) ဦး၊ အိုးဘိုထောင်မှ (၄၆)ဦး၊ အင်းစိန်ထောင်မှ (၃၂) ဦး၊ မြင်းခြံထောင်မှ (၂၄) ဦး၊ ကလေးထောင်မှ (၁၁) ဦးအပါအဝင် စုစုပေါင်း (၂၇၂) ဦးဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်းနှင့်ပတ်သက်ပြီး ၅၀၅-က ပုဒ်မဖြင့်…
Read More
မြဝတီမြို့နယ်အတွင်းက တရုတ်များ ဖားအံအရောက် တစ်ယောက် (၅) သိန်း​စျေးပေါက်

မြဝတီမြို့နယ်အတွင်းက တရုတ်များ ဖားအံအရောက် တစ်ယောက် (၅) သိန်း​စျေးပေါက်

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို နှိမ်နင်းနေသလို လုပ်ပြနေသည့်အတွက် တစ်ချို့သော ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်သူများသည် ရွှေကုက္ကိုအပါအဝင် ကျားဖြန့်လုပ်ငန်းများမှ ရှောင်ပြေးချင်သည့်အတွက် မြဝတီမြို့နယ်မှ ဖားအံအရောက် တစ်ဦးကို ကျပ် (၅) သိန်းစျေးဖြင့် လက်နက်ကိုင်များက တာဝန်ယူ ပို့နေကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း Red News Agency ၏ သတင်းရင်းမြစ်က " မြဝတီ-ဖားအံ တစ်ဦး ၅ သိန်းယူပြီးတော့ DKBA/BGF/PC တွေက ပို့ပေးနေတယ်။ ထီလုံ၊ နဘူး၊ ဖားအံတောင် ကလေးဂိတ်က စကစ၊ လဝကတွေက ငွေပေးနိုင်ရင်လွှတ်ပေးနေတယ်"ဟု နိုဝင်ဘာ ၂၂ ရက်နေ့က ပြောထားသည်။ (more…)
Read More
NUG အဖြေရှာရမယ့် ပုစ္ဆာများ

NUG အဖြေရှာရမယ့် ပုစ္ဆာများ

"လက်နက်ရှိတဲ့သူတွေ လက်နက်ကိုင်ပြီး ရန်သူနဲ့ရင်ဆိုင်ရသူတွေက အာဏာရှင်ဆန်ဆန်ဖြစ်လာတဲ့ အခြေနေမှာ အထက်က မကြည်ပြာကိစ္စမှာလည်း လက်နက်မရှိပေမယ့်လက်နက်ကိုင်တပ် အားကိုးနဲ့ အာဏာရှင် ဆန်လာတာကလည်း တော်လှန်ရေးပုံရိပ်ကို အရောင်ဆိုးသွားစေတယ်" ရန်နိုင် အရှုပ်တော်ပုံတွေ ခဏခဏပေါ်ပြီး ရှင်းလို့မပြီးသေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရာထူးကြီး ပိုင်းတွေထဲ အခုတခါအလှည့်ကျလာတာတော့ အမြဲတမ်းအတွင်းဝန်တယောက်ဖြစ်တဲ့ ဒေါ်ကြည်ပြာ နဲ့ သူမအမျိုးသား ဦးညီညီမင်း ဆိုသူပါ။ နှုတ်ထွက်သွားတဲ့ ဝန်ထမ်း ဆယ်ယောက်ကျော်က အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားထားတာတွေ့ရ တယ်။ ဓါတ်ပုံသက်သေ၊ ရုပ်သံသက်သေ၊ စကရင်ရှော့သက်သေ တွေပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားထားကြတယ်။ “လူ့အခွင့်ရေးချိုးဖောက်မှု၊ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရ အတွင်း မလျှော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်နေမှု” ဆိုတဲ့ အလွန်ရဲတင်းတဲ့စွပ်ဆွဲချက်တွေနဲ့…
Read More
NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုစသည်တို့ဖြင့် အတိုင်ခံထားရ

NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုစသည်တို့ဖြင့် အတိုင်ခံထားရ

RNA_နိုဝင်ဘာ (၂၁)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်မှုများနှင့် ပတ်သက်ပြီး နိုဝင်ဘာ (၁၉) ရက်နေ့ နေ့စွဲဖြင့် ဝန်ကြီးချုပ်ရုံး ဝန်ထမ်း (၁၉) ဦးက NUG ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌ၊ NUG ပြည်ထောင်စု ဝန်ကြီးချုပ်ထံ ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားထားသည်။ NUG ဝန်ကြီးချုပ်ရုံး ဝန်ထမ်း (၁၉) ဦး၏ တိုင်ကြားစာတွင် ငွေအလွဲသုံးစားလုပ်မှုများ၊ မိသားစုဝင်များကို ရုံးအတွင်း နေရာပေးမှုအတွင်း "လူကြီးတူကအစ ပညာပြသည့် အခြေအနေမျိုး" ဖြင့် အခြားဝန်ထမ်းများ…
Read More
ကျားဖြန့်နှိမ်နင်းမယ်ဆိုပြီး မြဝတီက စစ်ကော်မရှင်တပ်ယာဉ်တန်း ရွှေကုက္ကိုဘက်သွား

ကျားဖြန့်နှိမ်နင်းမယ်ဆိုပြီး မြဝတီက စစ်ကော်မရှင်တပ်ယာဉ်တန်း ရွှေကုက္ကိုဘက်သွား

RNA_နိုဝင်ဘာ(၁၈)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အာဏာသိမ်းစစ်ကော်မရှင်တပ် ယာဉ်တန်းသည် ယနေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းက ကျားဖြန့်နှိမ်နင်းရေးအတွက်ဟုဆိုကာ ရွှေကုက္ကိုဘက် ထွက်သွားကြောင်း မြဝတီဒေသခံထံမှ သိရသည်။ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များကို အထူးစစ်ဆင်ရေး တစ်ရပ်အဖြစ် နှိမ်နင်းသွားမည်ဟုလည်း ယမန်နေ့ (နိုဝင်ဘာ ၁၇ ရက်) နေ့က ကရင်နယ်ခြားစောင့်တပ် - BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောထားသည်။ (more…)
Read More
စစ်အုပ်စုလောင်းရိပ်အောက်မှ စွမ်းအားကြီးလာသည့် “နတ်ဆိုး ဧကရီ” မင်ကျင်ကျင်

စစ်အုပ်စုလောင်းရိပ်အောက်မှ စွမ်းအားကြီးလာသည့် “နတ်ဆိုး ဧကရီ” မင်ကျင်ကျင်

"သူမသည် နိုင်ငံခြားမှရရှိခဲ့သည့် နည်းပညာအသိအမြင်ကို အသုံးချခဲ့သည်။ အရင်းအမြစ်တစ်ခုအရ သူမသည် စင်္ကာပူတက္ကသိုလ်တွင် တွေ့ဆုံခဲ့သော ကွန်ပျူတာသိပ္ပံကျောင်းသားဟောင်း (ဟက်ကာ) တစ်ဦးနှင့်ပူးပေါင်းကာ "တစ်ကြိမ်တည်းဖြင့်လူတစ်သောင်းကျော်၏ အချက်အလက်များကို ထိန်းချုပ်နိုင်သည့်" ဝှက်စာဖြင့်ဆက်သွယ်သည့်စနစ် (Encrypted Communication System) ကို တည်ဆောက်စေခဲ့သည်" ရန်နိုင် မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသမှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် မင်မိသားစု ရာဇဝတ်ဂိုဏ်း၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သူ "မင်ကျင်ကျင်" (Ming Zhenzhen) ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဝမ်ကျိုးမြို့မှ သေဒဏ်ချမှတ်ခဲ့သည်။ သူမသည် လိမ်လည်မှု ရည်ရွယ်ချက်ရှိရှိလူသတ်မှု နှင့် အခြားပြစ်မှု ၁၄ မျိုးဖြင့် စီရင်ခံရခြင်းဖြစ်သည်။ "မင်ကျင်ကျင်"၏ ဘဝဇာတ်ကြောင်းကို…
Read More
စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲ ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကို NUG အရေးယူ

စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲ ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကို NUG အရေးယူ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သက်ဝေအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အရေးယူအပြစ်ပေးနိုင်ရန် NUG စလင်းမြို့နယ် တရားရေးအဖွဲ့မှ တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်နေသည်ဟု ယနေ့ NUG ကထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိထားသည့် တရားခံ သက်ဝေ (အဖ) ဦးခင်မောင်ထွန်းသည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး စစ်အုပ်စု၏ ရွေးကောက်ပွဲ​မှာ ဦးဆောင်ပါဝင်နေသည့်အတွက် ပြည်သူအား အကြမ်းဖက်မှုပြုလုပ်နေသည်ဟု NUG ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More