RNA Editor

253 Posts
စစ်ကောင်စီပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု အလွန်နည်းပါး

စစ်ကောင်စီပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု အလွန်နည်းပါး

RNA_ဇန်နဝါရီ(၄)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီက ယနေ့ပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု အလွန်နည်းပါကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးလိမ့်မည်မဟုတ်ကြောင်း သိရသည်။ စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လိုရာတပ်စွဲထားသော ဥပဒေများမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ မတရား အသင်းများအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ၊ လက်နက်များအက်ဥပဒေ စသည်တို့ဖြင့် စွပ်စွဲထောင်ချထားခြင်းဖြစ်သည်။ (more…)
Read More
ကယန်းအမျိုးသားတပ်မတော် ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုး ကျဆုံး

ကယန်းအမျိုးသားတပ်မတော် ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုး ကျဆုံး

RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။ ကယန်းအမျိုးသားတပ်မတော် (KNA) ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုးသည် ဇန်နဝါရီလ ၁ ရက်နေ့ မိုးဗြဲတိုက်ပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီနှင့် ကယန်းလူမျိုးများအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။ #RedNewsAgency #REDNEWS #RNA
Read More
မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် အခြားသောမဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်ပြီး ပြန်လာခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ အောင်ပွဲရ ရဲဘော်များကို ဒေသခံတော်လှန်ပြည်သူများက ဝမ်းသာအားရ အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြကြောင်း ရုပ်သံမှတ်တမ်းကို ယနေ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့ ဗိုလ်ဒါဘော ဦးဆောင်သော အဖွဲ့အား သွားရောက်တွေ့ဆုံ

NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့ ဗိုလ်ဒါဘော ဦးဆောင်သော အဖွဲ့အား သွားရောက်တွေ့ဆုံ

RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် အကြမ်းဖက်စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်သည့် ကော်ဘရာကော်လံမှ တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ စစ်ဆင်ရေးအခြေအနေများကို ရှင်းလင်းပြောပြခဲ့ပြီး၊ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့် မိတ်ဆက်ပေးခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ဟိန္ဒူဘုရားကျောင်း ဗုံးကြဲခံရမှုအတွင်း အရပ်သား (၇) ဦးသေဆုံး

ဟိန္ဒူဘုရားကျောင်း ဗုံးကြဲခံရမှုအတွင်း အရပ်သား (၇) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၂)၊၂၀၂၅ ခုနှစ်။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက်၊ အမဲခေါင်ကျေးရွာအုပ်စု၊ ရမ်းနဂါးကျေးရွာလမ်းဆုံရှိ ဟိန္ဒူဘုရား‌‌ကျောင်းကို စစ်ကောင်စီတပ်မှ ဒရုန်းဗုံးသီး ၂ လုံးကြဲချခဲ့သည့်အတွက် ပြည်သူ (၇) ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ (more…)
Read More
မဟာမိတ်များနှင့်ပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်ခဲ့

မဟာမိတ်များနှင့်ပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်ခဲ့

RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းနှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ် စသည်တို့အတွင်း တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်းပြီး Myingyan Black Tiger (MBT) တပ်ဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
NUG ၏လွတ်ငြိမ်းချမ်းသာခွင့်တွင် ဖောင်းပြင်မြို့နယ်က (၃) ဦးလွတ်မြောက်

NUG ၏လွတ်ငြိမ်းချမ်းသာခွင့်တွင် ဖောင်းပြင်မြို့နယ်က (၃) ဦးလွတ်မြောက်

RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံ​တော်တသမ္ဓ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အတွင်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှ အကျဉ်းသား (၃) ဦးလွတ်မြောက်ခဲ့သည်ဟု သိရသည်။ ဖောင်းပြင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေး ဝန်ကြီးဌာန နိုင်ငံတော်သမ္ဓ၏ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်းအခမ်းအနားကို ဖောင်းပြင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဇန်နဝါရီ လ ၁ ရက်နေ့က လွတ်မြေက် ဒေသတစ်နေရာတွင် ပြုလုပ်ခဲ့ပြီး၊ မူးစိတ်၁၆ (ဂ) ၁ ဦး၊ ရာဇသတ် -၃၀၄(က) ၂ ဦး၊ စုစုပေါင်း (၃) ဦးလွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်ဟု သိရသည်။ (more…)
Read More
၂၀၂၅ ခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက် ရှိသည်ဟု SAF ထုတ်ပြန်

၂၀၂၅ ခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက် ရှိသည်ဟု SAF ထုတ်ပြန်

RNA_ဇန်နဝါရီ(၁)၊၂၀၂၅ခုနှစ်။ ၂၀၂၅ ခုနှစ်သည် တောင်တန်းဒေသမှ မြေပြန်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်နှုန်ကူးလာရမည့် နှစ်တစ်နှစ်ဖြစ်ပြီး၊ မြန်မာပြည် အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်အတွက် ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် -SAF ကထုတ်ပြန်ထားသည်။ (more…)
Read More
ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၄ ခုနှစ်။ အာရက္ခတပ်တော် (AA) အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံး သိမ်းပိုက်ရရှိလိုက်သော ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီလက်အောက်ခံ (၇၀၀) ခန့်သေဆုံးနိုင်သည်ဟု AA ကထုတ်ပြန်လိုက်သည်။ ဂွမြို့သိမ်းတိုက်ပွဲအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့်…
Read More
အမ်းမြို့တွင် စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၉၀) ခန့် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးဖမ်းဆီးခံရ

အမ်းမြို့တွင် စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၉၀) ခန့် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ရှုံးထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၉၀) ခန့်ရှိ စစ်ကြောင်း (၂) ကြောင်းအား အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ်အနောက်ဘက် မီတာ ၁၅၀၀ ခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More