Tag: လွတ်ငြိမ်းသက်သာ

  • ဒီဇင်ဘာ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးလွတ်မြောက်ခဲ့

    ဒီဇင်ဘာ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးလွတ်မြောက်ခဲ့

    RNA_ဒီဇင်ဘာ(၄)၊၂၀၂၅ခုနှစ်။

    အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားသူများထဲကနေ ဒီဇင်ဘာ ၁ ရက်နေ့က အကျဉ်းထောင်အသီးသီမှ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးကို လွှတ်ပေးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ( ဒီဇင်ဘာ ၄ ရက်) တွင် အသိပေးထားသည်။

    ဒီဇင်ဘာ ၁ ရက်နေ့လွှတ်ပေးလိုက်သူများထဲတွင် သာယာဝတီထောင်မှ (၈၃) ဦး၊ ဒိုက်ဦးထောင်မှ (၅၀) ဦး၊ အိုးဘိုထောင်မှ (၄၆)ဦး၊ အင်းစိန်ထောင်မှ (၃၂) ဦး၊ မြင်းခြံထောင်မှ (၂၄) ဦး၊ ကလေးထောင်မှ (၁၁) ဦးအပါအဝင် စုစုပေါင်း (၂၇၂) ဦးဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်းနှင့်ပတ်သက်ပြီး ၅၀၅-က ပုဒ်မဖြင့် လွတ်လာသူ (၆၃၉) ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ စာရင်းများအရ သိရသည်။

    (more…)

  • စစ်ကောင်စီပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု အလွန်နည်းပါး

    စစ်ကောင်စီပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု အလွန်နည်းပါး

    RNA_ဇန်နဝါရီ(၄)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီက ယနေ့ပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု အလွန်နည်းပါကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးလိမ့်မည်မဟုတ်ကြောင်း သိရသည်။

    စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လိုရာတပ်စွဲထားသော ဥပဒေများမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ မတရား အသင်းများအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ၊ လက်နက်များအက်ဥပဒေ စသည်တို့ဖြင့် စွပ်စွဲထောင်ချထားခြင်းဖြစ်သည်။

    (more…)