RNA Editor

515 Posts
မြိုင် – ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းကို PDF များတိုက်ခိုက် စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိ

မြိုင် – ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းကို PDF များတိုက်ခိုက် စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိ

RNA_ဇူလိုင်(၁၁)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မြိုင် - ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းချနေထိုင်သော စီမံကိန်းရုံးကို PDF တပ်ဖွဲ့များက ဇူလိုင် ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်မှုအောင်မြင်ခဲ့ပြီး စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိသည်ဟု တမာမြေပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးကို ဇူလိုင် ၉ ရက်နေ့က ဒေသခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး တစ်နေ့ကုန်နီးပါး (နံနက် ၄ နာရီကျော်မှ ည ၇ နာရီ) တိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများကို သိမ်းပိုက်ရရှိထားကြောင်း၊ စစ်ကောင်စီတပ်သားများလည်းသေဆုံးမှုရှိသည့်ပြင် တော်လှန်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို PDF များ အရှင်ဖမ်းဆီး

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို PDF များ အရှင်ဖမ်းဆီး

RNA_ဇူလိုင်(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးပျူရွာစခန်းကုန်းနှင့် ဘိုးနတ်တော် ဗျူဟာစခန်းကုန်းတို့ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်အား အရှင်းဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။ ရွှေဘိုမြို့နယ်၊ ကျောင်းမြောင်းမြို့၊ ဟင်္သာကြီးပျူရွာစခန်းကုန်း၊ ဘိုးနတ်တောင်ဗျူဟာစခန်းတို့ကို တော်လှန်ရေးအင်အားစုများက ဇူလိုင်လ ၅ ရက်နေ့မှစတင်ကာ (၇) ရက်နေ့အထိ ပျူရွာ (၁)၊ ဗျူဟာစခန်းကုန်း (၃) ခုတို့ကို သိမ်းဆည်းရမိသည်ဟု အမှတ် - ၉၇၀၆ တပ်ရင်း (Doung Ni People Defence Force) ကထုတ်ပြန်ထားသည်။ (more…)
Read More
ဖားကန့်မြို့အတွက် ဆန်သယ်ယူခွင့် စစ်ကောင်စီပိတ်ထား

ဖားကန့်မြို့အတွက် ဆန်သယ်ယူခွင့် စစ်ကောင်စီပိတ်ထား

RNA_ဇူလိုင်(၉)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွက် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီ၏ ဖားကန့်အခြေစိုက် တပ်မ ၃၃ တပ်မမှူးအသစ်ရောက်ရှိလာပြီးနောက်ပိုင်း ပိတ်လိုက်သည့်အတွက် ဖားကန့်တွင်ဆန်ဝယ်ယူရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။ "တပ်မမှူး အဟောင်းလေ၊ ပြုတ်သွားတဲ့ဟာက သယ်ယူခွင့် လက်မှတ်ထိုးပေးတယ်၊ အခုက ကချင်ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီးရဲ့ ခွင့်ပြုချက်ရမှ သယ်ခွင့်ပြုတော့မှာ၊ နယ်လုံဝန်ကြီး ခွင့်ပြုချက်ရဖို့ကလည်း အခုက ခက်ခဲနေတာပေါ့" ဟု ဖားကန့်ဆန်ကုန်သည်တစ်ဦးက ပြောသည်။ (more…)
Read More
နှောညောင်ပင်ရွာရှိ စစ်ကောင်စီလက်အောက်ခံ အထိုင်စခန်း တိုက်ခိုက်ခံရပြီး (၆) ဦးသေဆုံးပြီး (၁) ဦးဖမ်းဆီးခံရ

နှောညောင်ပင်ရွာရှိ စစ်ကောင်စီလက်အောက်ခံ အထိုင်စခန်း တိုက်ခိုက်ခံရပြီး (၆) ဦးသေဆုံးပြီး (၁) ဦးဖမ်းဆီးခံရ

RNA_ဇူလိုင်(၈)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောညောင်ပင်ပျူရွာ (ကံပုလဲအရှေ့ရွာ)ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းကို ဒေသတွင်းတော်လှန်ရေး အင်အားစုများက ဇူလိုင် (၅) ရက်နေ့က ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီလက်အောက်ခံ (၆) ဦးသေဆုံးပြီး (၁) ဦးအရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ နှောညောင်ပင်ရွာရှိ စစ်ကောင်စီလက်အောက်ခံ စခန်းကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ဦးဆောင်မှုဖြင့် ဒေသခံကျေးရွာပကဖအဖွဲ့များ၊ RAW (Kalay) ဆေးအဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ကာဘိုင်(၄)လက်၊ BA-100(၆၀မမ)-(၁)ပြောင်း၊ G-3-(၂)လက်၊ ၆၀ဖူး( ၁၂ )ဖူး၊ MG-1 ပလတ်စတစ်လက်ပစ်ဗုံး(၂)လုံး၊ i-con(၂)လုံးစသည့် လက်နက်ခဲယမ်းနှင့် စက်ဆက်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။ (more…)
Read More
Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

Red News / Fact Check   ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသော တပ်ပေါင်းစုံတပ်ဖွဲ့များ၏ ဒဏ်ရာရရှိမှုစသည့် မြေပြင်အခြေအနေများကို Free Burma Rangers (FBR) အဖွဲ့က ပါဝင်ကူညီပေးနေသည့် ရုပ်သံထုတ်ပြန်မှုကို အခြေခံပြီး စစ်ကောင်စီလော်ဘီများက ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဆိုသည့် ဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် ပြုလုပ်နေသည်။   စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ ------------------------------------ မိုးဗြဲမြို့သိမ်းတိုက်ပွဲ ဖေဖော်ဝါရီ ၅ရက်တွင် FBR က တိုက်ပွဲအတွင်း အရေးပေါ်ဆေးကုရေး၊ ရွေ့ပြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းရုပ်သံဖိုင်နှင့် ရုပ်သံဖိုင်တွင်ပါရှိသည့် အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန့် (David Eubank)…
Read More
မှော်ဘီရဲတပ်ရင်း (၅) မှ ဒုတပ်ကြပ်ဟန်ဝေအောင်နှင့် တပ်သားအောင်သီဟတို့ ဖမ်းဆီးခံရ

မှော်ဘီရဲတပ်ရင်း (၅) မှ ဒုတပ်ကြပ်ဟန်ဝေအောင်နှင့် တပ်သားအောင်သီဟတို့ ဖမ်းဆီးခံရ

RNA_ဇူလိုင်(၄)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ တောင်သာမြို့နယ် စစ်ကောင်စီ၏ အမှတ် (၁) စွပ်ကျယ်စက်ရုံ၌ လုံခြုံရေးတာဝန်ယူနေကြရသော ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရဲတပ်ရင်း (၅) မှ ဒုတပ်ကြပ် ဟန်ဝေအောင်နှင့် တပ်သား အောင်သီဟတို့ကို တောင်သာမြို့နယ် ပကဖ ရဲဘော်များက ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က ပစ်ချ

စစ်ကောင်စီတိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က ပစ်ချ

RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။ ကရင်နီပြည်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်ရန်လာသော စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့သည်ဟု KNDF ကသတင်းထုတ်ပြန်လိုက်သည်။ ဖားဆောင်းမြို့တိုက်ပွဲသို့ ဇူလိုင်လ (၂) ရက်နေ့ နံနက် (၁) နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ရန် လာသော စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် (၄) စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးအဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည့်အတွက် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားဆောင်းမြို့အနီးအနားတွင် ပစ်ချခံရသော လေယာဉ်ကိုယ်ထည် အပျက် အစီးများနှင့်အတူ လေယာဉ်မှူး (၂) ဦး၏ ရုပ်အလောင်း အပိုင်းအစများကိုပါ တွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (more…)
Read More
ပျောက်ဆုံးနေသော စစ်ကောင်စီလေယာဉ်မှာ ဖားဆောင်းမြို့နယ်မှာ ပျက်ကျ

ပျောက်ဆုံးနေသော စစ်ကောင်စီလေယာဉ်မှာ ဖားဆောင်းမြို့နယ်မှာ ပျက်ကျ

RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီတပ်မှ ယမန်နေ့ညပိုင်းက ပျောက်ဆုံးသွားသော လေယာဉ်မှာ ကရင်နီပြည် ဖားဆောင်းမြို့နှင့် ကျောက်စုရွာကြား သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် ပျက်ကျခဲ့သည့်အတွက် ယနေ့ တော်လှန်ရေးအင်အားစုများက လေယာဉ်အပိုင်းအစများကို တွေ့ရှိထားပြီဖြစ်သည်။ စစ်ကောင်စီလေတပ်၏ တိုက်လေယာဉ်သည် ဇူလိုင်လ ၁ ရက် ညပိုင်းက နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရေဒါမြင်ကွင်းမှ ပျောက်သွားပြီး အဆက်အသွယ်ပျက်တောက်သွားခဲ့ကြောင်း၊ အဆိုပါ လေယာဉ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ စက်ချို့ယွင်းခြင်း (သို့မဟုတ်) ရာသီဥတုဆိုးရွာမှုကြောင့် ဖြစ်နိုင်သည်ဟု စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အသိပေးထားသည်။ (more…)
Read More
သေဆုံးသူ လီလီနိုင်ကျော်နှင့် ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ဘွဲ့တံဆိပ်ချီးမြှင့်

သေဆုံးသူ လီလီနိုင်ကျော်နှင့် ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ဘွဲ့တံဆိပ်ချီးမြှင့်

RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။ သေဆုံးသွားပြီဖြစ်သော စစ်ကောင်စီလက်အောက်ခံ သတင်းပေး အမျိုးသားရေးလှုပ်ရှားသူ လီလီနိုင်ကျော်နှင့် မြင်းခြံမြို့မှ နာမည်ကြီး ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ယနေ့ (ဇူလိုင် ၃ ရက်) ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရဲဗလတံဆိပ်ချီးမြှင့်ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ကြေညာထားသည်။ စစ်ကောင်စီတပ် သတင်းများပေး၊ အမျိုးသားရေးလှုပ်ရှားသူ လီလီနိုင်ကျော်အား ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်တွင် ပစ်သတ်ခံခဲ့ကြောင်း၊ ပျူခေါင်းဆောင် သီတာယုမွန်မှာ မြင်ခြံခရိုင်တွင် စစ်ကောင်စီတပ်ကိုယ်စား လက်နက်ကိုင်ဆောင်ပြီး ပြည်သူများကိုဖမ်းဆီးနှိပ်စက်ခြင်း၊ အဓမ္မငွေတောင်းခံခြင်း၊ စစ်ကောင်စီတပ်နှင့်အတူ ကင်းလှည့်ကာ ဒေသတွင်း…
Read More
ကျောင်းသားလက်ရုံးတပ်တော်နှင့် MOD တပ်ရင်း တပ်ဖွဲ့များ စစ်ရေးအပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်မည်

ကျောင်းသားလက်ရုံးတပ်တော်နှင့် MOD တပ်ရင်း တပ်ဖွဲ့များ စစ်ရေးအပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်မည်

RNA_ဇူလိုင်(၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်းအတွင်း စစ်ရေးစီမံချက်များကို ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွကနိုင်ရေး သဘောတူထားပြီဖြစ်ကြောင်း သိရသည်။ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်တော်စုဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျောင်းသားလက်ရုံးတပ်တော် အခြေစိုက် ဒေသများရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးဖလှယ်ခဲ့ကြပြီး သဘောတူညီမှုများရရှိခဲ့သည်ဟု ကျောင်းသာလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။ (more…)
Read More