RNA Editor

587 Posts
PDF နှင့် တော်လှန်ရေးတပ်များက (၃၇) မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး (၄၁) မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ထိန်းချုပ်

PDF နှင့် တော်လှန်ရေးတပ်များက (၃၇) မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး (၄၁) မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ထိန်းချုပ်

RNA_ဇန်နဝါရီ(၂)၊၂၀၂၆ခုနှစ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း (၃၇) မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားသည့်ပပြင် မြို့နယ်ပေါင်း (၄၁) မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်သည်ဟု NUG ၏ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။ တော်လှန်ရေးအင်အားစုများသည် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်ဒေသများသာမက မကွေးနှင့် တနင်္သာရီဒေသများတွင်ပါ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများကို ထိရောက်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း၊ မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နှင့် မောတောင်မြို့များကို…
Read More
လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ တောင်းဆို

လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ တောင်းဆို

RNA_ဇန်နဝါရီ(၁)၊၂၀၂၆ခုနှစ်။ အာဏာသိမ်းစစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်အချက်များအပါအဝင် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက်ဟုဆိုကာ Hands Of Peace ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ယနေ့ နံနက် (၁၀) နာရီတွင် ငြိမ်းချမ်းရေးတောင်းဆိုပွဲ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ (more…)
Read More
စစ်အုပ်စုရွေးကောက်ပွဲနဲ့ မြန်မာပြည်သူများရဲ့ နိုင်ငံရေးရေချိန်

စစ်အုပ်စုရွေးကောက်ပွဲနဲ့ မြန်မာပြည်သူများရဲ့ နိုင်ငံရေးရေချိန်

"လက်တွေ့မှာ သေနတ်ပြောင်းအောက်မှာ နေရတဲ့ ပြည်သူတွေအတွက် ကန့်ကွက်ပြောဆိုတာ၊ မဲမပေးချင်ဘူးလို့ ဖော်ပြတာတွေက လုံခြုံရေးအန္တရာယ်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အဲ့ဒီလို အခြေအနေမှာ “ရွေးချယ်မှု” ဆိုတာက လွတ်လပ်တဲ့ ရွေးချယ်မှု မဟုတ်တော့ဘဲ ဖိအားနဲ့ ကြောက်ရွံ့မှုအောက်မှာ လိုက်လျောညီထွေဖြစ်အောင် လိုက်နာလိုက်ရတဲ့ အရာဖြစ်သွားပါတယ်" ကျော်ကြီး လက်ရှိအချိန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကာလဖြစ်တာကြောင့် ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို နေ့စဉ်နဲ့အမျှ ကြားနေမြင်နေရပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်ရာမှာလည်း ဒီမိုကရေစီက မပါမဖြစ်ပါနေတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်ပိုင်းရဲ့ ရောက်ရာနေရာ တက်ရာအခမ်းအနားတိုင်းရဲ့ မပါမဖြစ်စကားလုံးကလည်း ဒီမိုကရေစီရွေးကောက်ပွဲပါပဲ။ ဒီတော့ စကားလုံးက သုံးဖန်များလွန်းလို့ ဖောင်းပွနေသလိုတောင် ခံစားမိလိမ့်မယ် ထင်ပါတယ်။…
Read More
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးများ အတည်ပြုခန့်အပ်

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးများ အတည်ပြုခန့်အပ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ပညာရေး ကျန်းမာရေးအပါအဝင် ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးဌာန (၁၁) ခုအတွက် ဝန်ကြီးများကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ အတည်ပြုခန့်အပ်လိုက်ကြောင်း ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။ (more…)
Read More
ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

"ဧရာဝတီမြစ်ဆိုတာ မေခနဲ့ မလိခ ပေါင်းဆုံရာ မြစ်ဆုံကနေ မြစ်ဖျားခံပြီး မြန်မာ့ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ သမိုင်းကို ထိန်းကျောင်းလာခဲ့တဲ့ ကျွန်တော်တို့ရဲ့ "အမိမြစ်ကြီး" ပါ။ မြစ်ဆုံကို ကာကွယ်ခြင်းဟာ ဧရာဝတီကို ကာကွယ်ခြင်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်" ပင်လယ်သူ ပြည်သူ့သဘောထားနဲ့ ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံစီမံကိန်းဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ္တရပ်နားခဲ့ရပါတယ်။ NLD အစိုးရတက်လာတဲ့အခါ တရုတ်ဘက်က စီမံကိန်းပြန်စဖို့ နည်းမျိုးစုံနဲ့ ဖိအားပေး စည်းရုံးခဲ့ပေမဲ့ NLD သက်တမ်း ၅ နှစ်အတွင်းမှာလည်း ပြန်မစနိုင်ခဲ့ပါဘူး။ ပြည်သူတွေအနေနဲ့တော့ နိုင်ငံအတွက် ကောင်းကျိုးမရှိတဲ့ မြစ်ဆုံစီမံကိန်းကို ထာဝရရပ်တန့်ဖို့ အမြဲတောင်းဆိုခဲ့ကြပါတယ်။ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေတဲ့…
Read More
ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အချုပ်ထောင် ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် အချုပ်ထောင် တာဝန်ခံ အပါအဝင် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ ရေဦးမြို့နယ် ပလဖ အချုပ်ထောင် တာဝန်ခံနှင့် ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိသော်လည်း အတိအကျမသိရှိရသေးကြောင်း၊ မင်းကင်း ပလဖ ၏ ဖမ်းဆီးခြင်းခံထားရသော CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကိုလည်း ရေဦးမြို့နယ် တရားရုံးတွင် ပြောင်းရွေ့စစ်ဆေးနေသည့်အတွက် ရေဦး ပလဖ အချုပ်ထောင်တွင် ချုပ်နှောင်ထားသည်ဟု ယူဆရကြောင်း ဒေသခံထံက သိရသည်။ (more…)
Read More
ဆုကြေးထုတ်ခံထားရသော သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

ဆုကြေးထုတ်ခံထားရသော သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနိုင်ရေး ဆုကြေးထုတ်ပြီး ဝရမ်းထုတ်ခံထားရသော လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်ကိုထက်မြတ်အောင် ဖမ်းဆီးခံလိုက်ရပြီးနောက် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Yadanabon University Students' Union) က ဒီဇင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။ အသက် ၂၄ နှစ်အရွယ် ကိုထက်မြတ်အောင်သည် ဒီဇင်ဘာ ၁၄ ရက်နေ့ကတည်းက အဆက်အသွယ်ပျက်နေပြီး ဖမ်းဆီးသွားပြီဖြစ်ပြီး၊ ဖမ်းဆီးခံရချိန် ပြင်းထန်သည့် ရိုက်နှက်ခံရမှုများရှိသည့်အတွက် အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟု ထုတ်ပြန်ထားကြသည်။ (more…)
Read More
ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီးတို့ ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံရ

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီးတို့ ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံရ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၅ခုနှစ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ ဒီဇင်ဘာ (၁၆) ရက်နေ့ နံနက် (၁) နာရီကျော်တွင် ဆားခဲကျေးရွာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရမှုသည် အာဏာသိမ်းစစ်အုပ်စု စိုးမိုးနယ်မြေမဟုတ်သည့်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာမကြီးတို့နေအိမ်ပေါ်ထိ တက်ရောက်ကာ ဓားတ်ဖြင့် လုပ်ကြံသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခြင်းသည် မြို့နယ်ပညာရေးအဖွဲ့အလုံးစုံပျက်စီးအောင် လုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး လုံခြုံရေးအထပ်ထပ်ရှိနေသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့်အတွက် သာမာန်အရပ်သားများ လုပ်ကြံနိုင်မည်မဟုတ်ဟုလည်း ဖြစ်စဉ်သိသူတစ်ဦးက ပြောပြထားသည်။ (more…)
Read More
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

"ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ရဲ့မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းကသာမန်သတင်းထက်ပိုတဲ့ သတင်းတခုအဖြစ်တော့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်း အသီးသီးကတုန်လှုပ်သွားကြပါလိမ့်မယ်။ ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်ရေးနေ့မှာ လူ့အခွင့်ရေးဆိုတာဘာလဲ လို့ မြန်မာနိုင်ငံစစ်အုပ်စုက ‘ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နားရွက်တံတွေဆွတ်လိုက်တဲ့ သဘောပဲ’။ သို့ပေမယ့်လည်း အားကောင်းလာတဲ့အာဏာရှင်တွေရဲ့ အင်အားကို ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကိုယ်တိုင် မနည်းတွန်းလှန်နေရတာကလည်း အမှန်တရားတခုပါပဲ" ရန်နိုင် နေ့စဉ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ သတင်းတွေထဲက ကမ္ဘာ့အင်အားကြီးအုပ်ချုပ်ရေးစနစ် နှစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်အုပ်ချုပ်ရေးတိုရဲ့ အားပြိုင်မှုကြားက သတင်းတခုကို လေ့လာကြည့်ရအောင်ပါ။‘လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်လို့ ခမ်းခမ်းနားနားကိုင်ဆွဲထားတဲ့’ ဒီမိုကရေစီဘက်တော်သားတွေက ‘လူတစ်ဦးတယောက်ရဲ့အခွင့်ရေးကို ဂရုစိုက်လေ့မရှိတဲ့’ အာဏာရှင်ဘက်တော်သားတွေရဲ့ ဆန့်ကျင်ဘက်ဆန်တဲ့ တုန့်ပြန်မှုတွေနဲ့တခါတခါ ကြုံရလေ့ရှိတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အကျဉ်းသား နှိပ်စက်မှုတွေက လူ့ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရတယ်လို့ ကမ္ဘာတဝှမ်းကလက်ခံခဲ့ကြတယ်။ ဒါကြောင့်…
Read More
KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers – PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ တပ်ပေါင်းစုဖွဲ့စည်း

KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers – PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ တပ်ပေါင်းစုဖွဲ့စည်း

RNA_ဒီဇင်ဘာ(၁၆)၊၂၀၂၅ခုနှစ်။ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအဖြစ် KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers - PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ဖြင့် တပ်ပေါင်းစု (Spring Revolution Alliance - SRA) ဖွဲ့စည်းလိုက်သည်ဟု ဒီဇင်ဘာ (၁၅) ရက်နေ့မှာ အသိပေးထားသည်။ မဟာမိတ်တပ်ပေါင်းစုတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ချင်းညီနောင်(CB)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ 96 Soldiers PDF၊ ဗမာ့တပ်မတော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ Force For Federal Democracy(FFD)၊ Generation Z Army (GZA)၊ ကလေးဒေသ…
Read More