RNA Editor

536 Posts
ကိုဘုန်းကြွယ်လူညာကြီးလို အထင်မခံနိုင်သည့်အတွက် ပြန်ပို့လိုသော်လည်း လက်ခံသူမရှိသေး

ကိုဘုန်းကြွယ်လူညာကြီးလို အထင်မခံနိုင်သည့်အတွက် ပြန်ပို့လိုသော်လည်း လက်ခံသူမရှိသေး

RNA_မတ်(၅)၊၂၀၂၅ခုနှစ်။ ကိုဘုန်းကြွယ် လူညာကြီးလို အထင်မခံနိုင်သည့်အတွက် ကျားဖြန့်အတွင်း လူကုန်ကူးခံရသူ (၄၀၀) ကျော်ကို ပြန်ပို့မည်ဆိုသော်လည်း လက်ခံမည့်သူ မရှိသေးသည့်အတွက် အခက်အခဲများ ဖြစ်နေသည်ဟု ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #DKBA
Read More
မြဝတီမြို့တွင် ပိတ်မိသော အင်ဒိုနီးရှားနိုင်ငံသား (၅၈) ဦးထပ်မံတွေ့ရှိ

မြဝတီမြို့တွင် ပိတ်မိသော အင်ဒိုနီးရှားနိုင်ငံသား (၅၈) ဦးထပ်မံတွေ့ရှိ

RNA_မတ်(၄)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ဟု သတင်းရရှိသည့်အတွက် BGF တပ်ဖွဲ့မှ မတ်လ (၃) ရက်နေ့ညပိုင်းက သွားရောက်စစ်ဆေးရာတွင် အင်ဒိုနီးရှားနိုင်ငံသား (၅၈) ဦး ထပ်မံတွေ့ရှိရသည်ဟု သိရသည်။ #RedNewsAgency #REDNEWS #RNA #BGF
Read More
ပစ်ခတ်ခံရသည့်အတွက် (၇) ဦးကျဆုံးခဲ့သော မြောက်ဥက္ကလာ

ပစ်ခတ်ခံရသည့်အတွက် (၇) ဦးကျဆုံးခဲ့သော မြောက်ဥက္ကလာ

RNA_မတ်(၄)၊၂၀၂၅ခုနှစ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူများအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့်အတွက် ၂၀၂၁ ခုနှစ် မတ်လ (၃) ရက်နေ့က ပြည်သူ (၇) ဦး ကျဆုံးခဲ့ရသည့် (၄) နှစ်ပြည့်အတွက် ဝမ်းနည်းစွာ ပြန်လည်တင်ပြအပ်ပါသည်။ #RedNewsAgency #RNA #RedNews
Read More
Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

RNA_မတ်(၃)၊၂၀၂၅ခုနှစ်။ အညာဒေသက တိုက်ပွဲဝင်ရဲဘော်များအတွက် အသက်အန္တရာယ်ကာကွယ်ရေး လုပ်ဆောင်နေသော သတင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၂) ဦးသေဆုံးခဲ့သော သတင်း၊ ကျားဖြန့်အတွင်း လူကုန်ကူးခံရသူတွေ ပြန်ခေါ်ရန် BGF ထုတ်ပြန်သည့်သတင်းနှင့် မြောက်ဥက္ကလာမှာ ပြည်သူ (၇) ဦးကျဆုံးသည့် (၄) နှစ်ပြည့် သတင်းတွေကို တင်ဆက်ထားခြင်းဖြစ်သည်။ #RedNewsAgency #RedNews #RNA
Read More

Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

RNA_မတ်(၁)၊၂၀၂၅ခုနှစ်။ လေကြောင်းတိုက်ခိုက်မှုကြားက စစ်ကောင်စီတပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့သည့်သတင်း၊ KIA ရဲဘော်များနှင့် TNLA ရဲဘော်များ၏ မြေပြင် ပွက်တိုက်မှု ပဋိပက္ခအခြေများကို မကြီးထွားအောင် လုပ်ဆောင်ရမည်ဆိုသည့်သတင်း၊ လိုင်းဘွဲ့မြို့နယ်က စစ်ဘေးရှောင်များကို ထိုင်းအစိုးရ အကူအညီပေးနေတဲ့ သတင်းများကို တင်ဆက်ထားခြင်းဖြစ်သည်။ #rednewsagency #rednews #rna #myanmar #news #burma
Read More
ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တစ်ကျော့ပြန် လုပ်ဆောင်လာနိုင်

ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တစ်ကျော့ပြန် လုပ်ဆောင်လာနိုင်

RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။   တော်လှန်ရေးအတွင်း အရပ်သားအစိုးရပေါ်ပေါက်ရေး လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တကျော့ပြန်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ ( ASECC ) တာဝန်ရှိသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပြထားသည်။   #RedNewsAgency #REDNEWS #RNA
Read More
စစ်တပ်အပြုတ်တိုက်ရေးမလွယ်ကူပေမဲ့ စစ်တပ် နိုင်ငံရေးက ထွက်သွားဖို့လို

စစ်တပ်အပြုတ်တိုက်ရေးမလွယ်ကူပေမဲ့ စစ်တပ် နိုင်ငံရေးက ထွက်သွားဖို့လို

RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၅ခုနှစ်။ စစ်ကတပ်ကို အဖြုတ်တိုက်ရေးဟာ ပြောသလောက် မလွယ်ကူတဲ့ကိစ္စ ဖြစ်ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်တော့မှလက်မလွှတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတော့ စစ်တပ်က ဘာတွေ လိုက်နာဖို့ လိုအပ်သည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA
Read More
Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးကို BGF သတိပေးထားသောသတင်း၊ ချင်းကောင်စီ (၂) ခုပူးပေါင်းလိုက်သောသတင်း၊ စစ်ကောင်စီပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး သတင်းစာရှင်းလင်းပွဲသတင်းများကို တင်ဆက်ထားခြင်းဖြစ်သည်။ #rednewsagency #rednews #rna
Read More
ဗောဓိတစ်ထောင် စခန်းသိမ်းတိုက်ပွဲ

ဗောဓိတစ်ထောင် စခန်းသိမ်းတိုက်ပွဲ

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ စစ်တပ် လက်အောက်ခံ ရဲအင်အား ၁၇ ဦး ထိန်းချုပ်ထားတဲ့ MRTV အသံ လွှင့် တာဝါတိုင်ကုန်း - ဗောဓိတစ်ထောင် - စခန်းကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ #RedNewsAgency #AhNyar #REDNEWS #RNA
Read More
အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား အာရက္ခတပ်တော် - AA မှာ ထိုးစစ်ဆင်နေသည့်အတွက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးကို လက်နက်ခဲယမ်းများနှင့်အတွ ချင်းကာကွယ်ရေးတပ် - အရှိုက ဖမ်းဆီးရမိထားကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ် - အရှို ရဲဘော်များက နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်အတွင်း (၂၃) ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် - အရှိုကထုတ်ပြန်ထားသည်။ (more…)
Read More