Red News Agency

လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ခုနှစ်။ လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ရန် အကန့်အသတ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။ PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် ဦးရည်မွန်က ပြောကြားထားခြင်းဖြစ်သည်။ " လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။ (more…)
Read More
မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) ရုံး ဂိတ်ပေါက်မှာ စောင့်နေသောစစ်ကောင်စီတပ်သားများနှင့် ရုံးတလျှောက်ကို ယနေ့ ( အောက်တိုဘာ ၁၈ ရက်) နံနက် ၁၁ နာရီ ၄၄ မိနစ်ဝန်းကျင်က မုံရွာနတ်ဆိုးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုပ်သံနှင့်တကွ မုံရွာနတ်ဆိုးအဖွဲ့က ထုတ်ပြန်ထားသည်။ [embedyt] https://www.youtube.com/watch?v=xMoRGGpebOk[/embedyt] Red News Agency
Read More
စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရာမှာ အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုကြောင်း NUG ယာယီသမ္မတပြော 

စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရာမှာ အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုကြောင်း NUG ယာယီသမ္မတပြော 

RNA_အောက်တိုဘာ (၁၈)၊၂၀၂၂ ခုနှစ်။ မြန်မာ့ နွေဦးတော်လှန်ရေးအတွင်း စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်သည့်နေရာမှာ မဟာမိတ်ဆက်ဆံရေးအမြင်ကို တတ်နိုင်သမျှ အမြင်ကျယ်ကျယ်၊ သဘော ထားကြီးကြီးနှင့် အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုအပ်ကြောင်း ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်သည့် ( ၇၂) ကြိမ်မြောက် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ “အားလုံးပါဝင်ရေးမူကို ဆွဲကိုင်ပြီးတော့ နွေဦးတော်လှန် ရေးရဲ့ စစ်ရေးတပ်ပေါင်းစု မဟာမိတ် ဆက်ထုံးကို ခိုင်မြဲအောင် စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကြရမယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း စစ်ရေးပူး ပေါင်းမဟာမိတ်လှုပ်ရှားမှုတွေကို လက်တွေ့ကျကျလုပ်ကြရမယ်လို့တိုက်တွန်းချင်ပါတယ်။  ကျွန်တော့်အနေနဲ့ အထူးဂရုပြုပြီး ထပ်မံပြောကြားလိုတာကတော့ မဟာမိတ်ဆက်ဆံရေးအပေါ်ဘယ်လို…
Read More
လူမဆန်စွာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် CDM ဆရာ ဦးစောထွန်းမိုးအတွက် အထူးဝမ်းနည်းကြောင်း NUG ထုတ်ပြန်

လူမဆန်စွာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် CDM ဆရာ ဦးစောထွန်းမိုးအတွက် အထူးဝမ်းနည်းကြောင်း NUG ထုတ်ပြန်

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ သစ်ညီနောင်ရွာနေ ဆရာဦးစောထွန်းမိုး (ပညာမိုးဘော်ဒါအုပ်)ကို စစ်ကောင်စီတပ်သားများက လူမဆန်စွာ ရက်ရက် စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် အတွက် အထူးဝမ်းနည်းကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဆရာဦးစောထွန်းမိုးသည် အမှန်တရားနှင့် တရားမျှတမှု ရရှိနိုင်ရေးအတွက် အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့်အပြင် ကြားကာလပညာရေးကို အကောင် အထည်ဖော်ဆောင်ရွက် ပေးနေသော ဆရာတစ်ဦးဖြစ်ကြောင်း၊ ဆရာဦးစောထွန်းမိုး ကဲ့သို့သော နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာ ရှင်၏ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရသောဆရာများကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းများ အဖြစ်မှတ်တမ်းတင် အလေးအမြတ်ပြုထားပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

RNA_အောက်တိုဘာ(၃)၊၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် (မြောက်ခြမ်း) ညောင်ပင်ကြီးကျေးရွာမှ ရဲ (၄) ဦး အသတ်ခံရပြီးအနီးနားရှိ ကျေးရွာ (၁၁) ရွာမှ ပြည်သူများ ယနေ့ နေ့လည်ပိုင်းမှစတင်ကာ အရေးပေါ် စစ်ဘေးရှောင်နေကြရသည်။ ယနေ့နေ့လည် (၁) နာရီ မိနစ် (၃၀) ခန့်က ညောင်ပင်ကြီး ရဲစခန်းမှ စျေးထွက်ဝယ်သည့် ရဲ (၄) ဦးကို အမည်မသိအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ၊ ၄ ဦးလုံးသေပြီး လက်နက်လည်းရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
မင်းအောင်လှိုင်ပြောတဲ့ ဖက်ဒရယ်ဆိုတာ စစ်အာဏာရှင်စနစ်တည်မြဲရေးသာဖြစ် 

မင်းအောင်လှိုင်ပြောတဲ့ ဖက်ဒရယ်ဆိုတာ စစ်အာဏာရှင်စနစ်တည်မြဲရေးသာဖြစ် 

စစ်ကောင်စီက PDF တွေကို EROs တွေ အကူအညီမပေးနိုင်ရေးနဲ့ PDF ၊ NUG အင်အားလျော့နည်းလာအောင် အချင်းချင်းသွေးကွဲလွဲအောင် နည်းမျိုးစုံသုံးပြီး အချိန်ဆွဲနေတာပါပဲ။ ဒါကြောင့် သန္ဓေမမှန် ရိုးသားမှု မရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးဆိုပြီး ဟန်ပြလုပ်နေတာဖြစ်ပါတယ် ဇင်လင်းနိုင် ဖက်ဒရယ်အခွင့်အရေးများ ပေးအပ်တဲ့နေရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးမယ်လို့ နေ ပြည်တော်မှာ စက်တင်ဘာ ၂၇ ရက် မနေ့က လုပ်တဲ့ အစည်းအဝေးမှာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။  ဒါ့အပြင် ပြည်ပ ပရောဂတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဝိဝါဒကွဲပြားမှုတွေရှိနေတယ်လို့ သူက ဆိုပြန်ပါတယ်။ ဒီပြောဆိုမှုဟာ သူတို့နဲ့ မဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ရည်ညွှန်းတာလို့ ထင်ပါတယ်။…
Read More
အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် မြောင်ဗိုလ်တောက် ထွန်းအဖွဲ့ ( MyaungBoTaukTun(MBTT) Special Force မှ အာဇာနည်ရဲဘော် ထက်ဝေအောင်(ခ)ထက်ကြီး၏ စျာပနအခမ်းအနားကို ယမန်နေ့ (စက်တင် ဘာ၂၄ ရက်) က ပြုလုပ်ခဲ့ရာ အခက်အခဲများကြားမှ တော်လှန်ရေး အင်အားစုများတက်ရောက်အလေးပြုခဲ့ကြောင်း သိရသည်။ (more…)
Read More
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

အောင်ခန့်ဇော်/RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများသို့ ယနေ့ နံနက် (၇) နာရီဝန်းကျင်မှစတင်ရောက်ရှိပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်။ စစ်ကောင်စီတပ်သားများ ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့နောက် ထန်းပုကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မည့် ထမင်းဟင်းများကို အဓမ္မလုယူ စားသောက်သွားကြောင်း၊ ညနေပိုင်းတွင် ၂ဖွဲ့ခွဲပြီး သဲကောကြီးရွာသို့ရောက်ရှိလာသည့်အဖွဲ့က သဲကောကြီးရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီကို ဒေသခံ ပြည်ဟူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (၆) နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားသည်။ ကာလဝါရီတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF 1001 ၊ 1007 )၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စသည့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီ…
Read More
အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ကို ယနေ့ပြောင်းရွေ့

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ကို ယနေ့ပြောင်းရွေ့

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားသည့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ နိုင်‌ငံ‌ရေးအကျဉ်းသား (၂၅၀) ယနေ့ နံနက်ပိုင်းက သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့လိုက်ကြောင်း သိရသည်။ "အင်းစိန်အကျဥ်းဦးစီးဌာနမှ စက်တင်ဘာလ ၂၄ရက်နေ့ စ‌နေ‌နေ့ ယနေ့မနက်တွင် မယဥ်မြတ်နိုးဦး အပါအဝင် နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၀၀ ဦးနှင့် အမျိုး သမီး ၅၀ဦး၊ စုစုပေါင်းအယောက် ၂၅၀ ကို သာယာဝတီထောင်သို့ ပြောင်းရွေ့လိုက်ကြောင်း သတင်းရရှိသည်" ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)က ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More