Red News Agency

တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

RNA_ဩတ်ဂုတ်၂၇၊၂၀၂၂ခုနှစ်။ စစ်ကျွန်ဘဝမှ ပြည်သူများလွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးလုံခြုံရေးတပ်ခွဲ၏ သင်တန်းသား အမှတ်စဥ် ၂၆ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပနအခမ်း အနားကို တိုက်ပွဲဝင် ရဲဘော်များက တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်သည် နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေစဉ် ဩဂုတ်လ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ပြည်သူများအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့သည်။ [embedyt] https://www.youtube.com/watch?v=il13qH2xPdw[/embedyt] ရဲဘော်အောင်လေး စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း…
Read More
ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဘက်ပေါင်းစုံမှ ကရင်နီ ( ကယား) ပြည်မှာ ထိုးစစ်ဆင်နေသည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။ [embedyt] https://www.youtube.com/watch?v=KBkWT5gziD8[/embedyt] ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ြအတွက် ကျည်လိုအပ်ချက်များရှိကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်တွင် အသေအဆုံးများခဲ့ကြောင်း သိရသည်။ Red News Agency
Read More
၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ လက်ပါးစေလုပ်ငန်းရှင်တို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်ကြသည့် စစ်ကိုင်းတိုင်း (၅/)၊မကွေးတိုင်း(၈/) ၊ မန္တလေးတိုင်းဒေသကြီး(၉/) စသည်တို့မှ လုပ်သားတို့အား ဖိနှိပ်မှုများပြုလုပ်နေသည့်အတွက် ယနေ့နံနက်က ၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံနေရသူများအတွက် ဆန္ဒပြခဲ့ကြသည်။ ၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိနေသော ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် ဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းသိစေရန် လူငယ်များသမဂ္ဂ _ ဗဟို (Youths Union Centre) နှင့် Labour…
Read More
လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ ပွင့်ဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပွင့်ဖြူ PDF ) က လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျောင်းပိတ်ပြီး အမြန်ဆုံး ပြောင်းရွှေ့ကြရန်စသည့် သတိပေးမှုများထွက်ပေါ်နေကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စာသင်ကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်အသုံးပြုကာဖုန်းဆက်ခြိမ်းခြောက်သတိပေးခြင်းများပြုလုပ်လာပါက People Defence Force-Pwintbyu အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။ (more…)
Read More
မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

RNA_ဇူလိုင်၂၆၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ် စစ်ကြောရေးမှာ (၂၄) နာရီအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်၊ သစ္စာလမ်း​နေအိမ်မှာ ဇူလိုင် ၂၃ ရက်နေ့ည (၁၁) နာရီ (၃၀) မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း စရဖနှင့် သိပ်ဖြူကွင်းအထိုင်ချ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင် ၂၄ ရက်‌ ‌နံနက် (၁၁) နာရီဝန်းကျင် စစ်ကြောရေးတွင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။ " ညအဖမ်းခံရပြီး နောက်နေ့ သေသွားတယ်ဗျာ၊ က​လေးကအစ ​ခွေးက အဆုံး လှထူးဆို ချစ်ကြတယ်၊…
Read More
မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့ပြစစ်ဆင်ရေးတွေမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ၊ မြို့ပြစစ်ဆင်ရေးဘာကြောင့် စွန့်ခွါခဲ့ရလဲ၊ နယ်မြေသိမ်းတိုက်ပွဲတွေနှင့် မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေသည်ဟု မြေပြင်အခြေအနေများကို တပ်ခွဲမှူးကိုဝေလင်း​က ပြောပြထားသည်။ " ကျွန်တော်တို့အားလုံး အတူတူစခဲ့ကြတယ် ဒီဟာက၊ ကျွန်တော်တို့ တဖွဲ့တည်းက စခဲ့တာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့ သမဂ္ဂကတဖွဲ့တည်းက စခဲ့လို့ ဖြစ်တာလည်း မဟုတ်ဘူး၊ ဘယ်သူစခဲ့လို့ ဖြစ်ခဲ့တာလည်းမဟုတ်ဘူး၊ အားလုံးက ဒီလမ်းကို မတရားမှုကို တွန်းလှန်မယ်ဆိုပြီး ရွေးချယ်ခဲ့ကြတဲ့ လမ်းဖြစ်တယ်၊ စခဲ့ပြီးမှတော့ အားလုံးအဆုံးထိ ပါဝင်စေချင်ပါတယ်" ဟု NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြည်သူများကို အမှာစကားပါးထားသည်။ [embedyt] https://www.youtube.com/watch?v=1jIEtmGrA6U[/embedyt] " ကျွန်တော်တို့အနေနဲ့ စွန့်လွှတ်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ အလုပ်တွေ ကျွန်တော်တို့ရဲ့ ကျောင်းတွေ ဒါတွေကို…
Read More
ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

RNA_ဇူလိုင်၂၀၊၂၀၂၂ခုနှစ်။ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ စောနယ်ဒါးမှ စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးပြီးဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော်ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း(KNDO) အနေ ဖြင့် လုံးဝယုံကြည် လက်ခံမှုမပြုနိုင်ကြောင်း ယနေ့ထုတ်ပြန်ထားသည်။ ကော်သူးလေတပ်မတော်(Kawthoolei Armed Forces) သည် ၁၉၄၉ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင် စတင်ခဲ့သည့် ကရင့်တော်လှန်ရေး၏ နိုင်ငံရေး၊ စစ်ရေးလိုအပ် ချက်အရ ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးကိုပေါင်းစည်းပြီး ၁၉၅၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ နှစ်စဉ် ဇူလိုင်လ (၅) ရက်နေ့ရောက်တိုင်း ကရင်တော်လှန် ရေးအဖွဲ့များနှင့် ပြည်သူများက ကော်သူးလေတပ်မတော်နေ့ကို တရားဝင်နေ့ကြီးရက်မြတ်အဖြစ် ဂုဏ်ပြုကျင်းပကြမြဲဖြစ်ကြောင်း သိရသည်။ (more…)
Read More
တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ နွေဦးတော်လှန်ရေးကို ပြည်သူတစ်ရပ်လုံးနှင့်အတူ တော်လှန်ရေး အောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၇၅ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်း အနားမှာ ကတိပြုပြောကြားလိုက်သည်။ " ရဟန်းရှင်လူ၊ ကျောင်းသား၊လူငယ်တွေအပါအဝင် တိုင်းရင်းသားပြည်သူတစ် ရပ်လုံးဟာ မိမိတို့ရဲ့လွတ်လပ်စွာရွေး ချယ်နိုင်ခွင့်နဲ့ အခွင့်အရေးတွေကိုပြည့်ဝစွာကျင့် သုံးပိုင်ဆိုင်နိုင်စေဖို့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေ စီစနစ် ထွန်းကားရှင်သန်မှသာဖြစ်နိုင်မယ်ဆိုတာကို ထပ်လောင်းပြောကြားလိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ယခုဆင်နွှဲ နေတဲ့ နွေဦးတော်လှန်ရေးကိုပြည်သူတရပ်လုံးနဲ့အတူ အောင်မြင်သည်အထိကြိုး စားတိုက်ပွဲဝင်မည်ဆိုတဲ့ကတိကို လည်းပြောကြားလိုပါတယ်" ဟု မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်း ဆောင်များ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ သတ်ဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူအာဇာနည်များနှင့်တကွ ယခုနွေဦးတော်လှန်ရေးကာလတွင် စစ်အာဏာရှင်စနစ်ကို ခုခံဆန့်ကျင်ရေးနှင့်…
Read More
၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသည့် အာဇာနည်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ လမ်းမများပေါ်၌ ကားဟွန်းများတီးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ [embedyt] https://www.youtube.com/watch?v=2IhaRHuPrJ0[/embedyt] Red News Agency
Read More
စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန

စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန

RNA_ဇူလိုင်၁၄၊၂၀၂၂ ခုနှစ်။ စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေ တသက်တာဆုရှင် ဆရာကြီးမောင်သာနိုး၏ ဈာပနအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿာန်မှာ ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်ခဲ့သည်။ အမျိုးသားစာပေတသက်တာဆုရှင် အသက် (၉၁) နှစ်ရှိ ဆရာကြီးမောင်သာနိုးသည် ရန်ကုန်မြို့ SSC ဆေးရုံမှာ ဇူလိုင် ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကွန်လွန်ခဲ့ပြီး၊ ဆရာကြီး မောင်သာနိုးကို အဖဦးခင်မောင်ကလေး၊ အမိဒေါ်စံမြင့်တို့က ၁၉၃၂ ခုနှစ် မေလ ၆ ရက်နေ့မှာ စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့သည်။ ဆရာကြီး မောင်သာနိုးသည် ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရကြောင်း၊…
Read More