RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် မြောင်ဗိုလ်တောက် ထွန်းအဖွဲ့ ( MyaungBoTaukTun(MBTT) Special Force မှ အာဇာနည်ရဲဘော် ထက်ဝေအောင်(ခ)ထက်ကြီး၏ စျာပနအခမ်းအနားကို ယမန်နေ့ (စက်တင် ဘာ၂၄ ရက်) က ပြုလုပ်ခဲ့ရာ အခက်အခဲများကြားမှ တော်လှန်ရေး အင်အားစုများတက်ရောက်အလေးပြုခဲ့ကြောင်း သိရသည်။




အကြမ်းဖက်စစ်တပ်ကိုညတွန်းလှန်တိုက်ခိုက်ရင်း အာဇာနည်ရဲဘော် ထက်ကြီးသည် စက်တင်ဘာလ ၂၂ ရက်နေ့က ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ အာဇာနည်ရဲဘော်၏ ဈာပနအခမ်းအနားသို့ အခက်အခဲများကြားမှ တက်ရောက်အလေးပြုကြသောတော်လှန်ရေး အင်အားစုများအား MyaungBoTaukTun (MBTT) Special Force မှအထူးပင်လေးစား ကျေးဇူးတင်ရှိကြောင်း အသိပေးထားသည်။
Red News Agency