ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

အောင်ခန့်ဇော်/RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများသို့ ယနေ့ နံနက် (၇) နာရီဝန်းကျင်မှစတင်ရောက်ရှိပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်။

စစ်ကောင်စီတပ်သားများ ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့နောက် ထန်းပုကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မည့် ထမင်းဟင်းများကို အဓမ္မလုယူ စားသောက်သွားကြောင်း၊ ညနေပိုင်းတွင် ၂ဖွဲ့ခွဲပြီး သဲကောကြီးရွာသို့ရောက်ရှိလာသည့်အဖွဲ့က သဲကောကြီးရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ : ယနေ့ သဲကောကြီးရွာမီးရှို့ခံနေရသည့်မြင်ကွင်း။ 

ဆားလင်းကြီးမြို့မှထွက်လာပြီး ကျေးရွာများကိုဝင်ရောက်စီးနင်း မီးရှို့နေသည့် စစ်ကောင်စီတပ်စစ်ကြောင်း တဖွဲ့သည် ယနေ့ညတွင် ဝဲကြီးကျေးရွာသို့ ညအိပ် လျှက်ရှိကြောင်း၊ အခြားစစ်ကောင်းတဖွဲ့ ဘယ်ရွာတွင် ညအိပ်မည်ကို မသိရှိရသော်လည်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှူကြောင့် လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာပေါင်း ၁၀ ကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေကြရသည်။

Red News Agency

By Editor