Red News Agency

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရုံးခန်းနှင့် စာကြည့်တိုက် ဖယ်ရှား ရှင်းလင်းခံရ 

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရုံးခန်းနှင့် စာကြည့်တိုက် ဖယ်ရှား ရှင်းလင်းခံရ 

RNA_ဇွန် ၂၇၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( MAEUSU) ၏ သမဂ္ဂရုံးခန်းရှိ ကျောင်းသားများသမဂ္ဂနှင့်သက်ဆိုင်သည့်အဆောင်အ‌ယောင်အမှတ်တံဆိပ်အလံများအသုံးအဆောင်ပစ္စည်းများအားလုံးနှင့် စာကြည့်တိုက်ကို စစ်ကောင်စီလက်အောက်ခံ MAEU ပါမောက္ခချုပ် အောင်မျိုးသူနှင့်အဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။ လေကြောင်းတက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ကိုယ်ထူကိုယ်ထစာကြည့်တိုက်ဖြစ်သည့် " MAEU Students' Union Library "ရှိ စာအုပ်နှစ်ထောင်ကျော်ခန့်ရှိကြောင်း၊ ဖယ်ရှားရှင်းလင်းလိုက်သည့်ရက်ကို MAEUSU မှ အတိအကျသိရှိရန် စုံစမ်းနေကြောင်း၊ စစ်ကောင်စီလက်အောက်ခံ MAEU ပါမောက္ခချုပ် အောင်မျိုးသူသည် မိတ္ထီလာ နည်းပညာတက္ကသိုလ်မှ MAEU သို့ စစ်ကောင်စီကပြောင်းရွှေ့ခန့်အပ်ခဲ့သည်။ (more…)
Read More
ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးစဉ် ကျည်ကုန်သည်အထိ အသက်အသေခံ ပစ်ခတ်ခဲ့သူ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စွပ်စွဲကာ စစ်ကောင်စီက ယနေ့ ထုတ်ပြန်ခဲ့သည်။ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်းအပါအဝင် ရဲဘော်များနှင့် ဆက်စပ်သူ (၇) ဦးသည် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ KBZ ဘဏ်ခွဲ(၉)မှ ငွေကျပ် ၄၄၉ သိန်းအား ဓားပြတိုက်ယူဆောင်သွားခဲ့သူများဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်ထားပြီး၊ (၆) ဦးကို အရှင်ဖမ်းမိပြီး ဆရာစွမ်းကို လမ်းမပေါ်တွင် စစ်ကောင်စီတပ်ကို ခုခံရင်း ကျဆုံးခဲ့ရကြောင်း…
Read More
ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ "ဒီမှာမင်းအောင်လှိုင် ငါတို့ လူထုတရပ်လုံး မင်းတို့ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး ဟေ့" ဆိုသည့် ကြွေးကြော်သံများနှင့် ရန်ကုန်မြို့ ဈေးတခုအတွင်း လူငယ်များဆန္ဒပြခဲ့ကြရာ ပြည်သူများက လပ်ခုပ်တီး အားပေးခဲ့ကြသည်။ ရန်ကုန်မြို့၏ လူစည်ကားရာနေရာတခုမှာ ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း(၄၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူရဲကောင်း ဆလိုင်းတင်မောင်ဦးက ကြိုးစင်ထက်က ဟစ်ကြွေးသံဖြစ်သည့် " 'မင်းတို့ စစ်ဖိနပ်အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး" ဆိုသည့် ကြွေးကြေည်သံများနှင့် ယနေ့ လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
PDF လက်နက်ထုတ်လုပ်ရေးစခန်းတခု မီးလောင်ပေါက်ကွဲမှုဖြစ် 

PDF လက်နက်ထုတ်လုပ်ရေးစခန်းတခု မီးလောင်ပေါက်ကွဲမှုဖြစ် 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ ?????????? ??????'? ??????? ?????-?? လက်နက်ထုတ်လုပ်ရေးစခန်း တခု ဇွန်လ ၂၅ ရက်နေ့က မတော်ဆ ထိခိုက်ကာ မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး လက်နက်ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ " ထုတ်လုပ်ရေးလုပ်နေစဉ် မတော်တဆဖြစ်ခဲ့ပြီး ထုတ်လုပ်ရေးစခန်းထဲမှာ ယမ်းစတွေ ကျည်တွေ ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ မီးစတွေ လက်နက် တိုက်ဘက်ဘက်ကူးသွားခဲ့ပြီး ပစ္စည်းတွေ မီးလောင်ပေါက်ကွဲနေတာကြောင့် ကျွန်တော်တို့လည်း ဘာလက်နက်တစ်ခုမှ သယ်ထုတ်လို့ မရခဲ့ပါဘူး။အဖွဲ့က စုဆောင်းထားသမျှ လက်နက်တွေ အကုန် ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ရဲဘော်လေးတွေလည်း အတော်လေးကြေကွဲ စိတ်အားငယ်နေကြပါတယ်။ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတဲ့ ပစ္စည်းလေးတွေ ပြန်လည်ဝယ်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ကို ကူညီကြပါဦးလို့ အားနာနာနဲ့ပဲ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ"…
Read More
စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

RNA_ဇွန် ၁၆၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများ၊ အထူးစစ်ဆင်ရေးဖော်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇၊ တပ်ရင်း ၇၀၃ မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။ "ရွာ​တွေကို မီးရှို့၊လုယက်ပြီး အပြစ်မဲ့ပြည်သူ​တွေကို သတ်ဖြတ်​နေတဲ့ စစ်​ကောင်စီကို အမြစ်ပြတ်နှိမ်နင်းဖို့ ကျွန်​တော်တို့တပ်ရင်းက ကွန်မန်ဒိုအထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းသွားမှာပါ။ ဒီတပ်ဖွဲ့က စစ်​ကောင်စီတပ်ရဲ့ စစ်စခန်း​တွေ၊ မြို့သိမ်း တိုက်ပွဲ​တွေနဲ့ အထူးစစ်ဆင်​ရေး​တွေကို အဓိက​ ဖော်​ဆောင်သွားဖို့ ဖြစ်ပါတယ်။" ဟု ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်က အသိပေးထားသည်။ Red News Agency
Read More
ကြိုးမိန့်ပေးမည့်သတင်းနှင့်ပတ်သက်ပြီး Red News Agency ၏သတင်းမှားယွင်းမှုအပေါ် ဝမ်းမြောက်ခြင်း ထုတ်ပြန်ချက်

ကြိုးမိန့်ပေးမည့်သတင်းနှင့်ပတ်သက်ပြီး Red News Agency ၏သတင်းမှားယွင်းမှုအပေါ် ဝမ်းမြောက်ခြင်း ထုတ်ပြန်ချက်

 16/6/2022 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLDလွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာ သော်တို့အပေါ် အာဏာသိမ်းစစ်ကောင်းစီက သေဒဏ်ပေးထားပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် ၄ နာရီတွင် အင်းစိန်အကျဉ်းထောင်အတွင်း ကြိုးမိန့်ပေးမည်ဟု Red News Agency သတင်းဌာန ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက ဖော်ပြခဲ့သည့် သတင်းအတွက် သတင်းမှားဖြစ်နေသည််ဟု စာဖတ်ပရိတ်သတ်အများ ပြောဆိုနေမှု အပေါ် Red News Agency သတင်းဌာန အဖွဲ့သားများက ဝမ်းမြောက်ကြောင်း ထုတ်ပြန်အပ်ပါသည်။ Red News Agency သတင်းဌာနအနေဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာ်သော်တို့ကို ကြိုးမိန့်ပေးမည်ဟု သတင်းရင်းမြစ်က ပေးပို့လာချိန်တွင် ဖော်ပြရန် သင့် မသင့်…
Read More