ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

Written by

in

RNA_အောက်တိုဘာ(၃)၊၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် (မြောက်ခြမ်း) ညောင်ပင်ကြီးကျေးရွာမှ ရဲ (၄) ဦး အသတ်ခံရပြီးအနီးနားရှိ ကျေးရွာ (၁၁) ရွာမှ ပြည်သူများ ယနေ့ နေ့လည်ပိုင်းမှစတင်ကာ အရေးပေါ် စစ်ဘေးရှောင်နေကြရသည်။

ယနေ့နေ့လည် (၁) နာရီ မိနစ် (၃၀) ခန့်က ညောင်ပင်ကြီး ရဲစခန်းမှ စျေးထွက်ဝယ်သည့် ရဲ (၄) ဦးကို အမည်မသိအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ၊ ၄ ဦးလုံးသေပြီး လက်နက်လည်းရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ : ယနေ့ ညောင်ပင်ကြီး ကျေးရွာအနီးဝန်းကျင်ရွာမှ စစ်ဘေးရှောင်များ မြင်ကွင်း/ Aung Khant Zaw 
ဓာတ်ပုံ : ယနေ့ ညောင်ပင်ကြီး ကျေးရွာအနီးဝန်းကျင်ရွာမှ စစ်ဘေးရှောင်များ မြင်ကွင်း/ Aung Khant Zaw 

ညောင်ပင်ကြီး ရဲစခန်းမှ ရဲ (၄) ဦးသေဆုံးအပြီး မုံရွာမှ အကြမ်းဖက်စစ်ကောင်စီတပ် အင်အားအများအပြား ဇာတ်နှင့်ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသို့ ကူးလာကြပြီး သေနက်များ တရစပ် ပစ်ဖောက်ဝင်ရောက်မှုကြောင့် ပြည်သူလူထုများမှာကြောက်လန့်ပြီး စစ်ဘေးရှောင်နေရကြရခြင်း ဖြစ်သည်။

ဓာတ်ပုံ : ယနေ့ ညောင်ပင်ကြီး ကျေးရွာအနီးဝန်းကျင်ရွာမှ စစ်ဘေးရှောင်များ မြင်ကွင်း/ Aung Khant Zaw 
ဓာတ်ပုံ : ယနေ့ ညောင်ပင်ကြီး ကျေးရွာအနီးဝန်းကျင်ရွာမှ စစ်ဘေးရှောင်များ မြင်ကွင်း/ Aung Khant Zaw 

စစ်ဘေးရှောင်နေရသော ကျေးရွာများမှာ ညောင်ပင်ကြီး၊အမှတ်၃၊အမှတ်၄၊ထန်းတော၊ရွာရှည်၊သိမ်တော်၊ရွှေအင်းလေး၊နှင်းတော၊ထန်းတောကြီး၊ရုံးပင်ရိုး၊အောင်ချမ်းစည် စသည့်ကျေးရွာများမှ ပြည်သူများဖြစ်သည်။

Red News Agency