မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီကို ဒေသခံ ပြည်ဟူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (၆) နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : အလယ်ပိုင်း(၁၁၀၂)တပ်ရင်း

ကာလဝါရီတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF 1001 ၊ 1007 )၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စသည့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

ဓာတ်ပုံ : အလယ်ပိုင်း(၁၁၀၂)တပ်ရင်း
ဓာတ်ပုံ : အလယ်ပိုင်း(၁၁၀၂)တပ်ရင်း

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းမှ အသေးစားဒဏ်ရာ (၃) ဦးရရှိခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှလည်း အသေးစားဒဏ်ရာ (၂)ဦး ရရှိခဲ့ကြောင်း၊ မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီများနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor