Tag: Operation 1027

  • မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

    မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

    “လက်ရှိအချိန်မှာ စစ်တပ်ရဲ့တပ်ရင်းအလိုက် ရှုံးနိမ့် ထွက်ပြေး အညံ့ခံ လက်နက်ချအလင်းဝင်လာကြရတာ (ရဲတပ်ရင်းတွေမပါ) တပ်ရင်း (၁၀) ရင်း အထိရှိခဲ့ပါပြီ။ လက်နက်ချ အညံ့ခံခဲ့ရတဲ့ စစ်​ကောင်စီ တပ်ရင်းတွေကတော့ ခလရ ၁၄၃၊ ခမရ ၃၃၉၊ ခမရ ၃၅၁၊ ခမရ ၃၅၈၊ ခမရ ၄၃၀၊ ခလရ ၈၁၊ ခလရ ၁၂၅၊ ခမရ ၄၂၅၊ ခမရ ၆၊ ခလရ ၁၂၉ တို့ဖြစ်ကြပါတယ်”
    *************************
    မောင်ဝိ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့အခြေစိုက် ခလရ(၁၂၅)တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်လာတယ်လို့ MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အလင်းဝင်လာတဲ့ ခလရ (၁၂၅)ဟာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီး လောက်ကိုင်အခြေစိုက်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လောက်ကိုင်-ဒကစ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၇) ခုအနက်မှ တစ်ခုဖြစ်ပြီး နိုဝင်ဘာလ (၂၈) ရက်နေ့က လက်နက်ချအလင်းဝင်လာတာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အလင်းဝင်လာသူဟာ ၂၇၂ ဦးဖြစ်ပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်း လောက်ကိုင် (ဒကစ) လက်အောက်ခံ ခမရ(၁၂၉) တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၂၆ ဦးဟာ MNDAA နဲ့ မဟာမိတ်တပ်များထံ ပူးပေါင်း အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြပါသေးတယ်။ ဒီဖြစ်စဥ်တွေက ဘာကိုပြသနေလဲဆိုတော့ စစ်ကောင်စီရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အဖက်ဖက်က ရှုံးနိမ့်တယ်ဆိုတာထက် သူ့လက်အောက်ခံ တပ်ရင်းတွေ ကိုယ်တိုင်က စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်းဖြစ်တယ်။ တနည်းပြောရရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစလို့ လက်ရှိစစ်ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းကို ပြသရာရောက်ပါတယ်။

    ၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ထိုအချိန်က ပြည်သူတရပ်လုံးက မင်းအောက်လှိုင်ဦးဆောင်တဲ့ အုပ်ချုပ်သူတွေကို မုန်းတီးနေပေမယ့်၊ သူ့လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေရဲ့ လေးစားမှု၊ အားထားမှုကို အထိုက်အလျောက်ရရှိထားပါသေးတယ်။ နိုင်ငံတကာမှာလည်း တရုတ်၊ ရုရှားစတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အကာကွယ်ပေးမှု၊ ထောက်ပံ့မှုကို အထိုက်အလျောက်ရရှိခဲ့တာဖြစ်တယ်။

    (more…)

  • ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်ပြီးချိန် ရှင်းဝမ်ဒေသတခုလုံးကို MNDAA ထိန်းချုပ်နိုင်

    ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်ပြီးချိန် ရှင်းဝမ်ဒေသတခုလုံးကို MNDAA ထိန်းချုပ်နိုင်

    RNA_ဒီဇင်ဘာ(၁)၊၂၀၂၃ခုနှစ်။

    ဗမာစစ်တပ်က ၂၈ နှစ်ကျော်ကြာ ထိန်းချုပ်ထားခဲ့သည့် ရှင်းဝမ်ဒေသကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်မှုကြောင့် MNDAA အနေဖြင့် ရှင်ဝမ်းဒေသတခုလုံးကို အလုံးစုံထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်-ဒကစ) လက်အောက်ခံ ကုန်းကြမ်းမြို့နယ်မှ စကခ (၁၆) ၏ စကခမှူးမှာ နိုဝင်ဘာ ၂၇ ရက်နေ့က တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခေါ်ဆောင်ပြီး ထွက်ပြေးသွားသည့်အတွက် ကော်မျိုးနွယ်ပြည်သူ့ စစ်အဖွဲ့ဝင်(၂၇)ဦး (ဗမာလူမျိုး)၊ ခလရ (၁၂၅) အဖွဲ့ဝင် (၉၃)ဦး၊ စကခ(၁၆) အဖွဲ့ဝင်(၃၆)ဦး၊ စကခ(၁၂) အဖွဲ့ဝင် (၁၄)ဦး၊စစ်မိသားစုဝင်(၈၆)ဦး၊ စစ်ဆင်ရေးအကြံပေး (၅) ဦးနှင့် ရဲအဖွဲ့ဝင် (၁၁)ဦး စုစုပေါင်း(၂၇၂) ဦး နိုဝင်ဘာ ၂၈ ရက်နေ့က အလံဖြူထောင်ကာ MNDAA နှင့် မဟာမိတ်များထံ အလင်းဝင်ခဲ့ကြသည်ဟု Kokang ထံမှ သိရသည်။

    (more…)

  • စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

    စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

    “သိပ်မကြာခင်အချိန်မှာပဲ ပြင်ဦးလွင် ဒါမှမဟုတ် နောင်ချိုဟာ စစ်ကောင်စီအတွက် ရှေ့တန်းခံစစ်ဖြစ်လာနိုင်ပြီး မန္တလေးကတော့ နေပြည်တော်အတွက် ဒုတိယခံစစ်ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ”

    လှဆောင်

    ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ပြောင်မြောက်တဲ့ဗျူဟာကြောင့် ဗိုလ်မင်းအောင်လှိုင်တို့တစ်သိုက် နေပြည်တော်မှာ ခေါင်းမီးတောက်နေမယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး။ ရုပ်ရှင်ကားတွေထဲကလို မြေပုံကြီးတွေ၊ ပုံစံငယ်အရုပ်လေးတွေနဲ့ ဟိုထောက်ဒီထောက်လုပ်ရင်း အလုပ်လည်း ရှုပ်နေမယ်ဆိုတာလည်း အသေအချာပါ။

    ညီနောင် ၃ ဖွဲ့ဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့အချိန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့်မယ်လို့ ပေါ်တင်ကြေညာထားပြီးသားပါ။ အခုတောင် တစ်နိုင်လုံးနီးနီး တိုက်ပွဲတွေက အရှိန်မြင့်နေတာဖြစ်ပါတယ်။

    တကယ်ဆို မင်းအောင်လှိုင်ရဲ့ တပ်ရင်းမှူးတွေ၊ တပ်မမှူးတွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သိပ်မကြာခင်မှာပဲ အခြေအနေအမှန်ကို ရိပ်စားသင့်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်တွေသာကြီးလာပြီး ပညာကောင်းကောင်းမတက်တာကြောင့် လာဘ်စားဖို့ပဲသိတဲ့ အဲဒီအောက်ခြေအရာရှိတွေဟာ အသိ သတိ မဆင်ခြင်နိုင်ခဲ့ပါဘူး။ မုံးကိုးမှာ တပ်မမှူးတစ်ယောက် သေဆုံးခဲ့တာကို ကြည့်ရင် အထင်းသားမြင်နိုင်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုလည်း ခွန်ဆာလက်နက်ချတုန်းက စစ်တပ်က မောင်ပိုင်စီးခဲ့တဲ့ မိုင်းကျက်စခန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီစခန်းဟာ စစ်တပ်အတွက်တော့ “ဝ” ဘက်ကလာမယ့် ထိုးစစ်ကို ခုခံဖို့ပြင်ထားတဲ့ ရှေ့တန်းခံစစ်စခန်းဖြစ်ပါတယ်။ အဲဒီစခန်းဟာ လားရှိုးမြို့ကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် အဓိကအရေးပါတဲ့ နေရာပါ။

    အဲဒီစခန်းမကျရေးအတွက် မင်းအောင်လှိုင်ဟာ လေကြောင်းနဲ့လက်နက်ကြီးပစ်ကူ အကြိမ် ၁၀၀ ကျော် ကူညီခဲ့ပေမဲ့ နောက်ဆုံးတော့ TNLA လက်ထဲ ကျရောက်ခဲ့ပါတယ်။ အဲဒီစခန်းမှာရှိတဲ့ တပ်ရင်းမှူးကို TNLA က လက်နက်ချဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ စစ်ကူတောင်းထားတာကြောင့် ခေါင်းမာတဲ့တပ်ရင်းမှူးဟာ တစ်လနီးပါးကြာ ခုခံခဲ့ပါတယ်။

    အဲဒီစခန်းဟာ ကုန်းတွင်းပိတ်စခန်းတစ်ခုဖြစ်ပြီး လားရှိုးမြို့နယ်ရဲ့ အရှေ့မြောက်ဘက်၊ သန္နီမြို့နယ်ရဲ့ ရှေ့တောင်ဘက်နဲ့ ကွမ်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီစခန်းကို စစ်ကူလာနိုင်မယ့်လမ်းကြောင်းတွေဟာ ဖြတ်တောက်ခံထားရပါတယ်။

    (more…)

  • စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

    စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ခုနှစ်။
    မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသရှိ ချုံကန်နှင့် မော်ထိုက်ဒေသတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းပြီးနောက် MNDAA ကပြန်လည်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးနှင့်တည်ဆောက်ရေးကိစ္စများ လုပ်ဆောင်နေကြောင်း သိရသည်။
    ကိုးကန့်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေရသည့် ဒေသများသည် ယခင် MNDAA စိုးမိုးနယ်မြေများဖြစ်ကြောင်း၊ ယခု ပြန်လည်သိမ်းပိုက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်စဉ် ဒေသခံလူထုသည် MNDAA တပ်ဖွဲ့ဝင်များကို လှိုက်လှဲစွာဆိုကြိုကြသည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • ရခိုင်စစ်မျက်နှာသစ်နှင့်အတူ အရူးမီးဝိုင်းနေသည့် မင်းအောင်လှိုင်

    ရခိုင်စစ်မျက်နှာသစ်နှင့်အတူ အရူးမီးဝိုင်းနေသည့် မင်းအောင်လှိုင်

    “ရှမ်းမြောက်တစ်ခုတည်းတွင် စစ်မျက်နှာဖွင့်ပြီး တိုက်နေခြင်းမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းတာ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်မျက်နှာများဖွင့်ထားရခြင်းကြောင့် မင်းအောင်လှိုင်၏ စစ်တပ်မှာ ရှုံးပြီးရင်း ရှုံးနေမည်သာဖြစ်သည်”

    လင်းယုန်

    ၁၀၂၇ စစ်ဆင်ရေးကြေငြာပြီးသည့်နောက်ပိုင်း နေ့စဉ်နှင့်အမျှ စစ်ရေးအရှိန် ပြင်းထန်လာနေပြီး တော်လှန်ရေးစစ်သည်များ၏ မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲအောင်မြင်လာမှုများ နေရာအနှံ့အပြား မြင်တွေ့လာရပြီး စစ်မျက်နှာအသစ်များလည်း တစပြီး တစပို၍တိုးလာနေခြင်းကြောင့် စစ်ကောင်စီကို အရင်ထက်ပိုပြီး စစ်ကောင်စီကို ဖိအားများစေပြီး ပိုမိုအကြပ်ရိုက်စေသည့် အကြောင်းအချက်များစွာ ဖြစ်လာစေသည်။တချို့သော စစ်တပ် စခန်းများ၊ ရဲစခန်းများဆိုလျှင် တော်လှန်ရေးစစ်သည်များမှ မိနစ်ပိုင်းအတွင်းသိမ်း ပိုက်ထားနိုင်မှုများ တွေ့မြင်လာရပါသည်။

    မြန်မာနိုင်ငံအတွင်းကေ ဒေသအတော်များများတွင် စစ်မျက်နှာပြိုင်တူဆင်နွဲ့လာခြင်းကြောင့် မင်းအောင်လှိုင်တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ အရူးမီးဝိုင်းလာပြီး တချို့သော တိုက်ပွဲဖြစ်စဉ်များတွင် စစ်ကူမပေးနိုင်တော့သည့် အခြေအနေအထိ ဆိုက်ရောက် လာပြီဖြစ်သည်။ အနီးစပ်ဆုံး သာဓကအနေဖြင့် ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းသိမ်း တိုက်ပွဲတွင် သေနတ်ဒဏ်ရာနှင့် အသက်ငင်နေသော စစ်ကောင်စီလက်အောက်ခံများက သူတို့ အသက်မသေခင်အထိ တကြော်ကြော်ဟစ်ခေါ်ပြီး လေယာဉ်ပစ်ကူတောင်းနေ ပါသော်လည်း အချိန်မီစေလွှတ်မပေးနိုင်ခြင်းမရှိကြောင်းကို တွေ့မြင်ကြပြီးဖြစ်သည်။

    ပြည်သူကျွေးသည့် ရိက္ခာ၊ လစာ၊ ဆန်၊ ဆီး၊ ဆား၊ ပဲများကို စားသောက် ပြည်သူဆင်ပေးသည့် ယူနီဖောင်းကိုဝတ်၊ ပြည်သူ့ဘဏ္ဍာငွေနှင့်ဝယ်ယူထားသည့် စက်လက်နက်ပစ္စည်းကိုသုံးပြီး ပြည်သူကို သစ္စာဖောက်ပုန်ကန်၊ တိုင်းပြည်အာဏာကို မတရားလုယူရုံသာမက ပြည်သူကိုရန်သူသဖွယ်ရှု့မြင်ပြီး လက်နက်အားကိုး ပြည်သူ့အိုးအိမ်စည်းစိမ်များကို ခိုးဆိုးလုယက်၊ ပြည်သူများကို အရှင်လတ်လတ် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ် ယုတ်မာသည့်စစ်တပ်မှာ သက်ဆိုးရှည်စရာအကြောင်းမရှိသလို ခွင့်လွတ်ပေးနိုင်စရာအကြောင်းလည်း မရှိပါ။

    (more…)

  • ကွမ်းလုံမြို့အား အပြီးအပိုင်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု MNDAA ကြေညာ

    ကွမ်းလုံမြို့အား အပြီးအပိုင်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု MNDAA ကြေညာ

    RNA_နိုဝင်ဘာ(၁၂)၊၂၀၂၃ ခုနှစ်။
     
    ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကွမ်းလုံမြို့အား နယ်မြေရှင်းလင်းရေးလုပ်ပြီး အပြီးအပိုင််သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။
    ကွမ်းလုံမြို့ သံလွင်မြစ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ စစ်ကောင်စီ၏ ဗျူးဟာကုန်းများကိုပါ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ သံချပ်ကာကား၊ တင့်ကားအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=fENJzCIqpzk[/embedyt]
    #RedNewsAgency

  • လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ညီနောင်မဟာမိတ်များဆက်လက်ဆင်နွှဲနေ

    လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ညီနောင်မဟာမိတ်များဆက်လက်ဆင်နွှဲနေ

    RNA_နိုဝင်ဘာ(၁၀)၊၂၀၂၃ ခုနှစ်။

    ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ဆင်ရေးပစ်မှတ်ထားထဲက တစ်ခုဖြစ်သည့် လောက်ကိုင်မြို့သိမ်းနိုင်ရေး တိုက်ပွဲဆက်လက်ပြင်းထန်နေကြော်င်း “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Photo: Kokang

    ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း၊ ယမန်နေ့က “ကွမ်းလုံမြို့” အား သိမ်းပိုက်ရရှိသော်လည်း ကစဥ့်ကလျား ထွက်ပြေးနေကြသော စစ်ကောင်စီလက်အောက်ခံများကို လိုက်လံရှင်းလင်းနေရပြီး “ကွမ်းလုံမြို့” အား အလုံးစုံသိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ရေးတို့အတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ အစွမ်းကုန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

    (more…)

  • ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ကြေညာ

    ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ကြေညာ

    RNA_နိုဝင်ဘာ(၉)၊၂၀၂၃ ခုနှစ်။

    တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဟန်ချက်ညီပူးတွဲစစ်ဆေင်ရေးများကိုလည်း တစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA + TNLA + AA တို့က ကြေညာထားသည်။

    ၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန် နိုဝင်ဘာလ (၇) ရက်နေ့တွင် (၁၁၀၇ စစ်ဆင်ရေး) ဟု အမည်ပေးပြီး ကရင်နီပြည်နယ်ထဲ၌ စစ်ဆင်ရေးကိုစတင်လိုက်သော KNDF အပြင် အခြားသော တော်လှန်ရေးအဖွဲ့များနှင့်ပါ တနိုင်ငံလုံးအနှံ့ စစ်ဆင်ရေးများဆင်နွှဲမည်ဖြစ်သည်။

    (more…)

  • ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

    ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

    RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။

    ညီနောင်မဟာမိတ် (၃) ဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် သေဆုံးသူများထဲတွင် တပ်မမှူးတဦးပါရှိပြီး ယနေ့အထိ စစ်ကောင်စီစခန်းများ ဆက်လက်သိမ်းပိုက်ခံနေရကြောင်း၊ နမ့်ခမ်းမြို့ကိုလည်း TNLA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    MNDAA၊ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ ကိုးကန့်၊ မုံးကိုး နှင့် မူပန်(သိန္နီ) ဒေသများအတွင်း စစ်ကောင်စီတပ်စခန်း ယမန်နေ့က သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး လက်နက်ကြီးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားသည်။

    (more…)

  • ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

    ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

    “တပ်စွဲထားတဲ့ တပ်စခန်းတွေအားလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။ “အစွမ်းအစရှိရင် တမြို့လောက်သိမ်းပြပါလား” ဆိုပြီး လေကျယ်နေတဲ့ စစ်တပ်ထောက်ခံသူတွေကို လက်တွေ့ သိမ်းပြသွားခဲ့တာ”

    မောင်ဝိ

    စစ်တပ်အတွင်းမှာ ချမှတ်ထားတဲ့ မူဝါဒ အတော်များများက လိုက်နာနိုင်ရင် အတော်ကောင်းမယ်လို့ ဆိုရပါမယ်။ စစ်တပ်ဝန်းအတွင်း ဝင်လိုက်တာနဲ့ မူဝါဒ ဆိုင်းဘုတ် အသီးသီးကို တွေ့နိုင်ပါတယ်။ “တပ်နေပျော်၍ စစ်တိုက်တော်ရမည်”၊ “ငါမသေငါ့စခန်းမကျစေရ” စသဖြင့်ပေါ့။ ဒါတွေဟာ လူမြင်ကောင်းအောင်လုပ်ထားတဲ့ ဆိုင်းဘုတ် တခုပဲ အဖြစ်သာ မြင်တွေ့ရတော့မှာပါ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး၊အောက်တိုဘာလ ၂၇ ရက်နေ့စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာဆိုရင် လက်ရှိ စစ်တပ်တွင်းက စစ်သားတွေရဲ့ စစ်ရေးစွမ်းရည်ကို ပိုပြီး မြင်သာစေနိုင်ပါတယ်။

    အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ အထိ၊ ၁၀ ရက်တာ ထိုးစစ်အတွင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ စစ်ကောင်စီရဲ့ စစ်ရေးအရအရေးပါတဲ့ တပ်စခန်းအကြီး၊ စခန်း အငယ်များ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ စစ်တပ် လက်အောက်ခံပြည်သူ့ စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၂၀) ကျော်ကို သိမ်းပိုက်ခဲ့ပြီး၊ တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများနဲ့ လေယာဥ်ပစ်လက်နက်ကြီးများ၊ စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ပါတယ်။

    Photo : The Kokang

    အခုလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှု နောက်မှာ​တော့၊ စစ်သားတွေအပါအဝင် စစ်တပ်ထောက်ခံသူတွေရဲ့ စိတ်ဓာတ်အင်အား ကျဆင်းလာခဲ့တာပါ။ ဒီတော့ စစ်တပ်က ဘာလုပ်ပြရသလဲဆိုတော့ တိုက်လေယာဥ်၊ ဟောင်ဝှစ်ဇာ စတာတွေထုတ်သုံးပြီး၊ (Fire Power) ပစ်အားကို အသုံးပြုလာကြတယ်။ အသိသာဆုံးဆိုရင် အောက်တိုဘာလ ၂၈ ရက်နေ့ညမှာဆိုရင် စစ်တပ်က လားရှိုးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်နေတာကို ရုပ်သံတွေမှာပါတွေ့ရတယ်။

    (more…)