လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ညီနောင်မဟာမိတ်များဆက်လက်ဆင်နွှဲနေ

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၃ ခုနှစ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ဆင်ရေးပစ်မှတ်ထားထဲက တစ်ခုဖြစ်သည့် လောက်ကိုင်မြို့သိမ်းနိုင်ရေး တိုက်ပွဲဆက်လက်ပြင်းထန်နေကြော်င်း “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: Kokang

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း၊ ယမန်နေ့က “ကွမ်းလုံမြို့” အား သိမ်းပိုက်ရရှိသော်လည်း ကစဥ့်ကလျား ထွက်ပြေးနေကြသော စစ်ကောင်စီလက်အောက်ခံများကို လိုက်လံရှင်းလင်းနေရပြီး “ကွမ်းလုံမြို့” အား အလုံးစုံသိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ရေးတို့အတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ အစွမ်းကုန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ (၉) ရက်၊ ၁၀၂၇ စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့တွင်ညီနောင်မဟာမိတ် (၃) ဖွဲ့မှ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်သိမ်းပိုရရှိခဲ့ပြီး လက်နက်ခဲဲယမ်းအများအာပြားအပါအဝင် သံချပ်ကာကားကြီး (၁) စီး ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Photo: Kokang

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် ကရင်နီပြည်က ၁၁၀၇ စစ်ဆင်ရေးနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အတွင်းလည်း တိုက်ပွဲများပြင်းထန်နေကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးတွင် MDY PDF၊ BPLA၊ PLA၊ KNDF၊ BNRA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက်ပွဲဝင်နေကြောင်း သိရသည်။

Photo: Kokang

#RedNewsAgency

By Editor