ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ကြေညာ

RNA_နိုဝင်ဘာ(၉)၊၂၀၂၃ ခုနှစ်။

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဟန်ချက်ညီပူးတွဲစစ်ဆေင်ရေးများကိုလည်း တစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA + TNLA + AA တို့က ကြေညာထားသည်။

၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန် နိုဝင်ဘာလ (၇) ရက်နေ့တွင် (၁၁၀၇ စစ်ဆင်ရေး) ဟု အမည်ပေးပြီး ကရင်နီပြည်နယ်ထဲ၌ စစ်ဆင်ရေးကိုစတင်လိုက်သော KNDF အပြင် အခြားသော တော်လှန်ရေးအဖွဲ့များနှင့်ပါ တနိုင်ငံလုံးအနှံ့ စစ်ဆင်ရေးများဆင်နွှဲမည်ဖြစ်သည်။

Photo: Kokang

၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ ကြူကုတ်၊ မုံးကိုး စသည့် သိမ်းပိုက်ထားသည့်မြို့များကိုလည်း ညီနောင်မဟာမိတ်များအနေဖြင့် အလုံးစုံ ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေး အပြီးသတ်အစားထိုးနိုင်ရန် ကြိုးစားနေကြောင်း၊ စစ်ဆင်ရေး၏ စစ်ရေးမျှော်မှန်းချက်များထဲမှလောင်းကစားလိမ်လည်မှု (ကျဖျင်) ပပျောက်ရေးနှင့်ဆက်စပ်သော ကိစ္စရပ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MNDAA၊ AA၊ TNLA တို့သည် ရှမ်းမြောက်ရှိ စစ်ရေးပစ်မှတ်များကို နေ့စဉ်တိုက်ခိုက်နေကြောင်း၊ AA သည် KIA နှင့် ပူးပေါင်းပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းပါ စစ်ဆင်ရေးများပြုလုပ်နေကြောင်း၊ စစ်ကိုင်းတိုင်းအတွင်း ပူးပေါင်းတပ်ဖွဲ့များက ကောလင်းမြို့၊ ခမ်းပတ်မြို့တို့ကို သိမ်းပိုက်ထားကြောင်း သိရသည်။

#RedNewsAgency

By Editor