Tag: MOD-PDF

  • NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်း PDF တပ်ရင်းများနှင့်တွေ့ဆုံ

    NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်း PDF တပ်ရင်းများနှင့်တွေ့ဆုံ

    RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၅ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူများ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံကာ စစ်ရေးလိုအပ်ချက်များ အမြန်ဆုံးဖြည့်ဆည်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

    မြေပြင်ခရီးစဉ်တွင် အမျိူးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုးတို့ပါဝင်ခဲ့သည်ဟု ယနေ့ NUG ကထုတ်ပြန်ထားသည်။

    (more…)

  • NUG နှင့် PIO/PIA တို့ စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်

    NUG နှင့် PIO/PIA တို့ စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်

    RNA_ဇန်နဝါရီ(၂၉)၊၂၀၂၅ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးပြီး စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု သဘောတူညီခဲ့ကြကြောင်း သိရသည်။

    (more…)

  • တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရ

    တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရ

    RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသမှ ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • မြိုင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံး

    မြိုင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံး

    RNA_ဇန်နဝါရီ(၈)၊ ၂၀၂၅ ခုနှစ်။
     
    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ဒီဇင်ဘာ (၇) ရက်နေ့က တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားမှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံးနိုင်ကြောင်း မြိုင် ပကဖ ထံမှ သိရသည်။
     
    ပခုက္ကူ -မြစ်ခြေလမ်းခွဲ အရှေ့ဖက် ကောင်းစက်ဝိုင်ဆီဆိုင်အနီးတွင် ယမန့်နေ့ နံနက် ၉ နာရီခန့်က အောင်သာပျူရွာမှ ပခုက္ကူ တပ်မ ၁၀၁ သို့ အစည်းအဝေးသွားသော အင်အား (၁၁) ဦးပါ ယာဉ်ကို အသင့်စောင်းဆိုင်းပြီး တိုက်ခိုက်ရာ အောင်သာရွာပျူ ဒုခေါင်းဆာင် နိုင်ဝင်းနှင့် ၁၀၁ စစ်ခွေးပျူသင်တန်းဆရာအပါအဝင် (၈) ဦးသေဆုံးပြီး ယာဉ်တိမ်းမှောက်သွားသော်လည်း စစ်ကူများရောက်လာခြင်းနှင့် တပ်မ ၁၀၁ မှ ကရိန်းကားဖြင့် သယ်ဆောင်သွားသည့်အတွက် ဆုတ်ပေးခဲ့ရသည်ဟု သိရသည်။

    (more…)

  • ပကဖ အပါအဝင် PDF သိမ်းပိုက်ထားသော မြို့ (၈) မြို့ရှိပြီး (၆၇) မြို့ကို ဝန်းရံပိတ်ဆို့ထား

    ပကဖ အပါအဝင် PDF သိမ်းပိုက်ထားသော မြို့ (၈) မြို့ရှိပြီး (၆၇) မြို့ကို ဝန်းရံပိတ်ဆို့ထား

    RNA_ဇန်နဝါရီ(၄)၊၂၀၂၅ ခုနှစ်။

    ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တော် (PDF) ကိုယ်တိုင် သိမ်းပိုက်ထားသော မြို့ (၈) မြို့ရှိပြီး၊ ပကဖ PDF နှင့် တော်လှန်ရေးအဖွဲ့များ ဝန့်ရံပိတ်ဆို့တိုက်ခိုက်နေသောမြို့ အနည်းဆုံး (၆၇) မြို့ရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသော ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်နေမှု အခြေအနေ အစီအရင်ခံစာတွင် ဖော်ပြထားသည်။

    (more…)

  • ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် PDF ရဲဘော်များ ပြည်သူများနှင့်တွေ့ဆုံ

    ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် PDF ရဲဘော်များ ပြည်သူများနှင့်တွေ့ဆုံ

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ ခုနှစ်။
     
    ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၃၁၈) တွင် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း ရဲဘော်များက ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ယာဉ်များကို စစ်ဆေးခြင်းအပါအဝင် ပြည်သူများနှင့် တွေ့ဆုံ စကားပြောခြင်းများ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
     
    ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ညချိန်ခရီးမထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားချိန် နီးစပ်ရာ လုံခြုံသောရေများတွင် နေထိုင်ကြရန် Natogyi People Defence Force ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

    ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

    “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။

    (more…)

  • PDF နှင့် ပကဖ (၆) ဦးကို အောက်တိုဘာလအတွင်း အရေးယူခဲ့ဟု NUG ထုတ်ပြန်

    PDF နှင့် ပကဖ (၆) ဦးကို အောက်တိုဘာလအတွင်း အရေးယူခဲ့ဟု NUG ထုတ်ပြန်

    RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနှင့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ အတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု NUG/MOD ကထုတ်ပြန်ထားသည်။

    (more…)

  • PDF တပ်ရင်းအားလုံးအတွက် ထောက်ပံ့မှုတကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျ

    PDF တပ်ရင်းအားလုံးအတွက် ထောက်ပံ့မှုတကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျ

    RNA_နိုဝင်ဘာ(၁၂)၊၂၀၂၄ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများကို ရိက္ခာနှင့်အထွေထွေအသုံးစရိတ် ပေးပို့နေသည့်မှာ ထောက်ပံ့မှုတကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားထားသည်။

    (more…)

  • ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၄) ဦးအပါအဝင် (၆၀) ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ

    ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၄) ဦးအပါအဝင် (၆၀) ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ

    RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏တပ်တွင် အထက်အောက်မညီမျှမှုများ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းများ၊ မြေပြင်အခြေအနေနှင့်မကိုက်ညီသည့် မတရားသည့် အမိန့်များကို လွန်ဆန်ပြီး ဗိုလ်မှူး အောင်မျိုးသွင်နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်ပြီး ဗိုလ်ကြီး (၄) ဦးနှင့်အတူ ကောင်စီလက်အောက်ခံ (၆၁) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=4NDaCpyKJL4[/embedyt]

    ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် (၃၅) ဦးနှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် (၂၆) ဦး စုစုပေါင်း စစ်ကောင်စီဘက်သား (၆၁) ဦးသည် လက်နက်မျိုးစုံ (၁၈) လက်၊ ဆက်စပ် ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ယောကာကွယ်ရေးတပ်(YDF) တို့က ပူးပေါင်းစောင့်ရှောက်ထားရှိသည်ဟု MOD က ယမန်နေ့က ထုတ်ပြန်ထားသည်။

    #RedNewsAgency #RedNews #RNA