အမှတ် (၂၁) တပ်ရင်း

ဖမ်းဆီးခံထားရသော တပ်ရင်းမှူးပြန်လည်လွှတ်မြောက်ရေး ပြည်သူများဆန္ဒပြ

ဖမ်းဆီးခံထားရသော တပ်ရင်းမှူးပြန်လည်လွှတ်မြောက်ရေး ပြည်သူများဆန္ဒပြ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အမှတ် (၂၁) တပ်ရင်းမှ တပ်ရင်းမှူး ဦးတင်မောင်မျိုးဖမ်းဆီးခံထားရသည့်အတွက် တပ်ရင်းမှူးရွာမှ ရွာသူ ရွာသားများက ပြန်လွှတ်ပေးရန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျေးရွာအတွင်း လှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။ ရွှေဘိုခရိုင် အမှတ် (၂၁) မှ တပ်ရင်းမှူး ဦးတင်မောင်မျိုးအား NUG/MOD ရွှေဘိုခရိုင်မှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ယနေ့ ဖေဖော်ဝါရီ (၂၆) ရက်နေ့အထိ အဆက်အသွယ်မရကြောင်း၊ ခရိုင်မှ ဆင့်ခေါ်သည့်အတွက် သွားရောက်ချိန်တွင် ဖမ်းဆီးထားလိုက်ခြင်း ဖြစ်ကြောင်း တပ်ရင်းမှူးဦး၏ ညီမဖြစ်သူထံမှ သိရသည်။ (more…)
Read More