RNA_ဇန်နဝါရီ(၄)၊၂၀၂၅ ခုနှစ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တော် (PDF) ကိုယ်တိုင် သိမ်းပိုက်ထားသော မြို့ (၈) မြို့ရှိပြီး၊ ပကဖ PDF နှင့် တော်လှန်ရေးအဖွဲ့များ ဝန့်ရံပိတ်ဆို့တိုက်ခိုက်နေသောမြို့ အနည်းဆုံး (၆၇) မြို့ရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသော ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်နေမှု အခြေအနေ အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ပကဖ အပါအဝင် PDF များကိုယ်တိုင် သိမ်းပိုက်တိုက်ခိုက်ထားသော မြို့များမှာ ခါမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့တို့ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း များရှိ အနည်းဆုံး (၆၇) မြို့ကို ဝန်းရံပိတ်ဆို့ထားသည်ဟု ဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် PDF နှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များက စိုးမိုးအုပ်ချုပ်လျက်ရှိသော မြို့နယ် (၁၄၄) မြို့နယ်ရှိပြီး ၎င်းအနက်မှ (၉၅) မြို့ (မြို့နယ်အားလုံးဖြင် ၄၈) မြို့နယ်ကို အပြီးသတ်သိမ်းပိုက် အုပ်ချုပ်ထားကြောင်း၊ နောက်ထပ် (၇၉) မြို့နယ်တွင်လည်း တော်လှန်စစ်ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီ စိုးမိုးအုပ်ချုပ်ထားနိုင်သည့် မြို့နယ်မှာ (၁၀၇) မြို့သာကျန်ရှိတော့ကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA