NUG နှင့် PIO/PIA တို့ စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်

RNA_ဇန်နဝါရီ(၂၉)၊၂၀၂၅ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးပြီး စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု သဘောတူညီခဲ့ကြကြောင်း သိရသည်။

ပြည်သူ့လွတ်လပ်ရေး အဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) အနေဖြင့် တော်လှန်ရေး ကာလအတွင်း လုပ်ဆောင်ချက်များနှင့် သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG)နှင့် စစ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များအတွက် ပူးပေါင်း ကူညီဆောင်ရွက်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့က သဘောတူညီခဲ့ကြသည်ဟု PIA ကထုတ်ပြန်ထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor