RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အမှတ် (၂၁) တပ်ရင်းမှ တပ်ရင်းမှူး ဦးတင်မောင်မျိုးဖမ်းဆီးခံထားရသည့်အတွက် တပ်ရင်းမှူးရွာမှ ရွာသူ ရွာသားများက ပြန်လွှတ်ပေးရန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျေးရွာအတွင်း လှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင် အမှတ် (၂၁) မှ တပ်ရင်းမှူး ဦးတင်မောင်မျိုးအား NUG/MOD ရွှေဘိုခရိုင်မှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ယနေ့ ဖေဖော်ဝါရီ (၂၆) ရက်နေ့အထိ အဆက်အသွယ်မရကြောင်း၊ ခရိုင်မှ ဆင့်ခေါ်သည့်အတွက် သွားရောက်ချိန်တွင် ဖမ်းဆီးထားလိုက်ခြင်း ဖြစ်ကြောင်း တပ်ရင်းမှူးဦး၏ ညီမဖြစ်သူထံမှ သိရသည်။
“တပ်ရင်းမူးကို အထက်က စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဆင့်ခေါ်လို့ အကိုသွားတာပါ ဟိုရောက်မှ ပြဿနာရှိလို့ဆိုပြီး ထိန်းသိမ်းတဲ့သဘောမျိုးနဲ့ ပြန်မလွှတ်တော့တာပါ။ ပြဿနာဆိုတာက တပ်ရင်းမူး လက်အောက်ခံ ရဲဘော်တစ်ယေက်ကို ပြောစကား နားမထောင်တာ သုံးချိန်သုံးခါ ရှိတာနဲ့ သူ့ယူနီဖောင်း ပြန်တောင်းခဲ့တာပါ အဲ့ဒါကို မူးရူးပြီး တပ်ရင်းမူးကို ရန်လုပ်ခဲ့ပါတယ် ဒါနဲ့ တပ်ရင်းမူးက စိတ်တိုပြီး လက်သီးနဲ့ထိုးမိခဲ့တာပါ သွေးနဲနဲတော့ ထွက်သွားတာပေါ့ ယောကျ်ားလေး အားဆိုတော့၊ အဲဒီမှာသူတို့က ပုံတွေရိုက်ယူထားခဲ့တယ် အဲ့ပုံပြပြီး အထက်ကို မျက်ရည်ခံထိုးခဲ့တာပါ” ဟု ဖမ်းဆီးခံထားရသော တပ်ရင်းမှူး၏ ညီမဖြစ်သူ မအေးသင်းခိုင်က ပြောကြားထားသည်။
ဖမ်းဆီးခံထားရသော ရွှေဘိုခရိုင် အမှတ် (၂၁) မှ တပ်ရင်းမှူး ဦးတင်မောင်မျိုးသည် ဒီပဲယင်းမြို့နယ်မှဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရပြီး (၄) ခန့်ကြာသည်အထိ အဆက်အသွယ်မရကြောင်း၊ မိဘနှင့် ဇနီးဖြစ်သူမှ စိတ်ပူသည့်အတွက် လိုက်လံဆက်သွယ်သော်လည်း ခရိုင်တာဝန်ရှိသူများက ဌာနများကိုသာ လွှဲချပြီး ယနေ့အထိ အဆက်အသွယ်မရဖြစ်နေပြီး မည်သည့် နေရာတွင် ဖမ်းဆီးထားမှန်း မသိရသည့်အပြင် အသက်ရှင်လျက်ရှိသည်ကိုပင် မသိရှိရသေးကြောင်း သိရသည်။
#RedNewsAgency #REDNEWS #RNA #AhNyar