MOD-PDF

Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

တော်လှန်ရေးအောင်မြင်ဖို့ နီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့ သတင်း၊ မကွေးလေတပ်က စက်တပ်လေထီး (Paramortor) နဲ့ ဒေသခံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့သတင်း၊ ယင်းမာပင်ခရိုင်မှာ စစ်ကြောင်းထိုးမှုတွေ မရှိသလောက်ဖြစ်နေပြီဆိုတဲ့ သတင်းနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး မြဝတီက ခေါ်ဆောင်သွားတဲ့ တရုတ် နိုင်ငံသား ၂၀၀ ခန့်ကိုနန်ကျင်းမြို့ရှိ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ #RedNewsAgency #RedNews #RNA
Read More
PDF ရဲဘော် မိုးကြိုး ဖမ်းဆီးခံရပြီး ကျဆုံး

PDF ရဲဘော် မိုးကြိုး ဖမ်းဆီးခံရပြီး ကျဆုံး

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၅ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း - Myingyan Black Tiger မှ ရဲဘော် မိုးကြိုးသည် တာဝန်ထမ်းဆောင်နေချိန် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရကာ ကျဆုံးသွားခဲ့ရကြောင်း သိရသည်။ (more…)
Read More
NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်း PDF တပ်ရင်းများနှင့်တွေ့ဆုံ

NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်း PDF တပ်ရင်းများနှင့်တွေ့ဆုံ

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူများ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံကာ စစ်ရေးလိုအပ်ချက်များ အမြန်ဆုံးဖြည့်ဆည်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြေပြင်ခရီးစဉ်တွင် အမျိူးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုးတို့ပါဝင်ခဲ့သည်ဟု ယနေ့ NUG ကထုတ်ပြန်ထားသည်။ (more…)
Read More
NUG နှင့် PIO/PIA တို့ စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်

NUG နှင့် PIO/PIA တို့ စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်

RNA_ဇန်နဝါရီ(၂၉)၊၂၀၂၅ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးပြီး စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု သဘောတူညီခဲ့ကြကြောင်း သိရသည်။ (more…)
Read More
တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရ

တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရ

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသမှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
မြိုင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံး

မြိုင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံး

RNA_ဇန်နဝါရီ(၈)၊ ၂၀၂၅ ခုနှစ်။   မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ဒီဇင်ဘာ (၇) ရက်နေ့က တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားမှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံးနိုင်ကြောင်း မြိုင် ပကဖ ထံမှ သိရသည်။   ပခုက္ကူ -မြစ်ခြေလမ်းခွဲ အရှေ့ဖက် ကောင်းစက်ဝိုင်ဆီဆိုင်အနီးတွင် ယမန့်နေ့ နံနက် ၉ နာရီခန့်က အောင်သာပျူရွာမှ ပခုက္ကူ တပ်မ ၁၀၁ သို့ အစည်းအဝေးသွားသော အင်အား (၁၁) ဦးပါ ယာဉ်ကို အသင့်စောင်းဆိုင်းပြီး တိုက်ခိုက်ရာ အောင်သာရွာပျူ ဒုခေါင်းဆာင် နိုင်ဝင်းနှင့် ၁၀၁ စစ်ခွေးပျူသင်တန်းဆရာအပါအဝင် (၈) ဦးသေဆုံးပြီး ယာဉ်တိမ်းမှောက်သွားသော်လည်း စစ်ကူများရောက်လာခြင်းနှင့်…
Read More
ပကဖ အပါအဝင် PDF သိမ်းပိုက်ထားသော မြို့ (၈) မြို့ရှိပြီး (၆၇) မြို့ကို ဝန်းရံပိတ်ဆို့ထား

ပကဖ အပါအဝင် PDF သိမ်းပိုက်ထားသော မြို့ (၈) မြို့ရှိပြီး (၆၇) မြို့ကို ဝန်းရံပိတ်ဆို့ထား

RNA_ဇန်နဝါရီ(၄)၊၂၀၂၅ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တော် (PDF) ကိုယ်တိုင် သိမ်းပိုက်ထားသော မြို့ (၈) မြို့ရှိပြီး၊ ပကဖ PDF နှင့် တော်လှန်ရေးအဖွဲ့များ ဝန့်ရံပိတ်ဆို့တိုက်ခိုက်နေသောမြို့ အနည်းဆုံး (၆၇) မြို့ရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသော ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်နေမှု အခြေအနေ အစီအရင်ခံစာတွင် ဖော်ပြထားသည်။ (more…)
Read More
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် PDF ရဲဘော်များ ပြည်သူများနှင့်တွေ့ဆုံ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် PDF ရဲဘော်များ ပြည်သူများနှင့်တွေ့ဆုံ

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ ခုနှစ်။   ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၃၁၈) တွင် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း ရဲဘော်များက ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ယာဉ်များကို စစ်ဆေးခြင်းအပါအဝင် ပြည်သူများနှင့် တွေ့ဆုံ စကားပြောခြင်းများ ပြုလုပ်ခဲ့​ကြောင်း သိရသည်။   ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ညချိန်ခရီးမထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားချိန် နီးစပ်ရာ လုံခြုံသောရေများတွင် နေထိုင်ကြရန် Natogyi People Defence Force ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ "စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်" ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
PDF နှင့် ပကဖ (၆) ဦးကို အောက်တိုဘာလအတွင်း အရေးယူခဲ့ဟု NUG ထုတ်ပြန်

PDF နှင့် ပကဖ (၆) ဦးကို အောက်တိုဘာလအတွင်း အရေးယူခဲ့ဟု NUG ထုတ်ပြန်

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနှင့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ အတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု NUG/MOD ကထုတ်ပြန်ထားသည်။ (more…)
Read More